''6''
ရိပေါ်အိမ်အပြောင်းအရွေ့လုပ်နေရတာနဲ့ အလုပ်တွေတောင်သိပ်မလုပ်ရဘူး အိမ်အသစ်ဆိုတော့လဲ လိုသမျှ ကိုလိုက်ပြီးကြည့် နေရတော့ပင်တော့ပင်ပန်းတာပေါ့ ဒီလိုနဲ့အလုပ်တွေကိုပစ်ထားမိရာကနေတဖြေးဖြေးအလုပ်တွေကပုံလာခဲ့တယ် တစ်ပတ်လုံးပင်ပန်းထားပေမယ့် မနားရဘဲဆက်ပြီးအလုပ်တွေလုပ်ရပြန်တယ်
အဲ့အချိန်တစ်ဖတ်မှာတော့....
''မား.....ဒါဘာသဘောလဲ''
''မားအရင်ထဲက ကျန့်ကျန့်လေးကိုအသိပေးထားပြီးပြီလေကွယ်''
''ဒါပေမယ် သားမှသဘောမတူခဲ့တာ''
''ကျန့်ကျန့် ဒါကလူကြီးတွေစီစဥ် တဲ့ကိစ္စမင်းဘာမှပြောပိုင်ခွင့်မရှိဘူး''
''ဒါပေမယ့်....''
''လက်ထပ်ထာမှမဟုတ်သေးတာကွယ် စေ့စပ်ယုံပါပဲ''
''စေ့စပ်တယ်ဆိုပေမယ့် လက်ထပ်ဖို့နီိးလာတာပဲလေ မေားရဲ့''
'' သားကျန့်ကျန့် မားကိုမသေသေးချင်ရင်မင်းမငြင်းပါနဲ့''
''ဟာ....မားကဗျာ''
''ဘာမှပြောမနေနဲ့ကျန့်ကျန့် စေ့စပ်ပွဲက သဘက်ခါဘဲ ဒါငါ့စကားအကုန်ပဲ''
''ဟုတ်ပြီလေ ဒါပေမယ်ကျွန်တော်တောင်းဆိုစရာရှိတယ်မား''
''ပြော... ''
''စေ့စပ်ပွဲဲပြီးတာနဲ့ကျွန်တော်အလုပ် ၁လနားမယ် ခရီးသွားစရာရှိတယ်''
''အလုပ်ကိစ္စလား''
''မဟုတ်ဘူး''
''အဲ့တာဆိုအဆင်ပြေတာဘဲ ချင်းလီလေးကိုပါခေါ်သွားလေ''
''မရဘူးမား''
''ဘာကိုလဲ''
''ကျွန်တော်တောင်းဆိုတာပါ ကျွန်တော်တစ်ယောက်ထဲသွားမယ်ပြီးတော့စေ့စပ်ပွဲကိုလဲလက်ခံပေးမယ်''
''ကောင်းပြီးလေ ကျန့်ကျန့်''
ရှောင်ကျန့်စေ့စပ်ပွဲမှာအပြုံးအရယ်တစ်စက်လေးမှမရှိခဲ့ဘူးစကားလဲတစ်ခွန်းမှမထွက်ခဲ့ဘူးစိတ်နဲ့လူနဲ့မကပ်သလိုပဲ သူချစ်သူအပေါ်သစ္စာဖောက်မိသလိုခံစားမိနေတယ်
ချင်းလီတစ်ယောက်ကတော့အတိုင်မသိဝမ်းသာနေတယ်ဆိုတာမျက်နှာပေါ်ကအပြုံးနဲ့တင်ခန့်မှန်းနိုင်ပါတယ်
စေ့စပ်ပွဲပြီးတာနဲ့ခရီးသွားဖို့စီစဥ် တော့တယ် သူမစောင့်နိုင်တော့ဘူးလေ ချစ်ရသူလေးနဲ့အတူရှိရမယ့်နေ့ရက်တွေကို ရှောင်ကျန့်သူလာမှာကိုရိပေါ်ကိုတမင်မပြောခဲ့ဘူး သူရိပေါ်ကိုအန့်အောသွားအောင်လုပ်ဖို့
တောအုပ်ငယ်လေးအစပ်ကနှစ်ထက်အိမ်လေးကိုကားလေးတစ်စီးဆိုက်ကပ်လာတယ် ကားပေါ်ကဆင်းလိုက်တဲ့လူငယ်လေးကတော့ရှောင်ကျန့်ပါပဲ
ရှောင်ကျန့် ကားပေါ်ကဆင်းပြီးအိမ်နားကိုကပ်သွားလိုက်တယ် တံခါးနားကိုရောက်တော့မှန်ချပ်လေးကနေအိမ်တွင်းထဲကိုချောင်းကြည့်လိုက်တယ်
''ဟင်...ဘယ်သူမှမရှိဘူးလား ဝမ် ဘယ်သွားနေပါလိမ့်'' ''ထားလိုက်ပါတော့လေ....''
ဆိုပြီးသူ့မှာပါလာတဲ့သော့အပိုနဲ့တံခါးကိုဖွင့်ဝင်သွားလိုက်တယ် အိမ်ထဲကိုရောက်တော့သူ ဝမ့်ကိုလိုက်ရှာရင်း အိမ်ခန်းဆီရောက်လာတယ် ဟော....တွေ့ပါပြီးအိပ်ပုတ်လေးနေ့လည်ရောက်တော့မယ်အခုထိမထသေးဘူးလားမသိဘူး
''ဝမ် ကိုယ့်ရဲ့ဝမ်ငယ်ရေ ထတော့လေကွာ ဆက်အိပ်နေရင်ဝက်ပုတ်လေးဖြစ်သွားလိမ့်မယ်နော်''
''ဟင်း.....ရှောင်း ရှောင်းလား''
''ဟင် ဝမ်ငယ် နေမကောင်းဘူးလား''
နှဖူးပေါ်ကိုစမ်းကြည့်လိုက်တော့ဟုတ်တာပဲကိုယ်တွေပူနေတာ
YOU ARE READING
Eventually
FanfictionXiao Zhan _ ''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် 'ဝမ်' '' Wang Yi Bo _ ''''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် 'ရှောင်း' '' ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမ...