''17''
ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမကျဘူး၊ ချစ်သူနှစ်ယောက်က ဘယ်တော့မှ မခွဲခွါရဘူးလို့ ထင်ထားခဲ့ကြပေမယ့် .
နောက်ဆုံးတော့ ....''ဘန်ကောက်မြို့လေးမှာ နှင်းတွေကျလာခဲ့ပါတယ် တဲ့...''
(၃ နှစ်ကြာပြီးနောက်....)
ရှောင်ကျန့်ဟာအရင်တိုင်းပဲ company ကိုဆက်လက်ဦးစီးနေခဲ့တယ်
သူလက်မထပ်ဖြစ်ခဲ့ပါဘူး လက်ထပ်ပွဲကိုသူကိုယ်တိုင်ဖျတ်သိမ်းခဲ့ပြီး ချင်း company နဲ့ပူးပေါင်းထားမှုကိုလဲ ဖျတ်သိမ်းခဲ့ပါတယ်
သူ့အမေလဲဘာမှတားခွင့်မရှိလိုက်ပါဘူးဒါပေမယ့်စိတ်မကောင်းစွာပဲ လွန်ခဲ့တဲ့ ၂နှစ်ကပဲ ရှောင်ကျန့်ရဲ့အမေဖြစ်သူ ရှောင်မင်ယွဲ့တစ်ယောက်ဆုံးပါးသွားခဲ့ပါတယ်
ရှောင်ကျန့်ဟာလွန်ခဲ့တဲ့၃နှစ်ကစပြီး အရာရာကိုသူ့စိတ်တိုင်ကျသူသဘောအတိုင်ပဲလုပ်ဆောင်လေ့ရှိတော့တယ်
ဘယ်သူ့ချုပ်ကိုင်မှုကိုမှလက်မခံတော့ဘူး၊
သူ့ရဲ့ဝတ္ထုလေးအသစ်နောက်တစ်ပုဒ်ထက်ပြီးရေးခဲ့တယ်
သေချာပေါက် သူ့ဘဝရဲ့အမှတ်ရခဲ့ဆုံးသူရသူနဲ့သူ့ရဲ့ဘဝဇာတ်ကြောင်းကိုရေးသားထားခြင်းဖြစ်တာပေါ့
အခုလဲအဲ့ဝတ္ထုကိုဇာတ်လမ်းပြန်ရိုက်ဖို့လုပ်နေခြင်းဖြစ်သည်
''CEO ရှောင်...''
အတွင်းရေးမှူးရဲ့ခေါ်သံကြောင့်ရှောင်ကျန့်အတွေးတွေရပ်တန့်သွားတော့တယ်
''ဝင်ခဲ့ ''
''ကျွန်တော်နောက်ထွက်မယ့် ဇာတ်လမ်း ပိုစတာ အတွက် တဇိုင်းရေးဆွဲပေးမယ့်သူစီစဉ်ပြီးသွားပါပြီ''
''အင်း...မင်းပဲကြည့်လုပ်လိုက်ပါ''
''ဟုတ်ကဲ့ သွားခွင့်ပြုပါအုံး ကျွန်တော်ဖိုင်ထားခဲ့မယ်နော်''
''စားပွဲပေါ်တင်ခဲ့လိုက်''
ရိပေါ်လား....?
ရိပေါ်တစ်ယောက်(21.10.2022) သူနဲ့ရှောင်းလမ်းခွဲပြီး သူထွက်သွားခဲ့တဲ့အချိန်ထဲကစလို့ တရုတ်ကိုပြန်သွားခဲ့ခြင်းဖြစ်တယ်
YOU ARE READING
Eventually
FanfictionXiao Zhan _ ''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် 'ဝမ်' '' Wang Yi Bo _ ''''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် 'ရှောင်း' '' ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမ...