''4''
လင်းချန်တစ်ယောက် သူ့ရှေ့ကဟော့ပေါ့စားနေတဲ့ကောင်လေးကိုကြည့်ပြီးတော်တော်အသည်းယားနေပြီ
ရိပေါ်လုပ်နေတာကလဲ ကြည့်အုံးလေ ဟော့ပေါ့ကိုသူများတွေလုစားတော့မယ့်အတိုင်း
ရိပေါ်တစ်ယောက်ဟော့ပေါ့စားနေရင်းမှတစ်ယောက်ယောက်ကြည့်နေသလိုခံစားမိလိုက်တာကြောင့်
မော့်ကြည့်လိုက်တော့ ဟော့ပေါ့မစားပဲသူ့ကိုစိုက်ကြည့်နေတဲ့အကိုလင်းချန်
''အကို...စားလေမကြိုက်လို့လားဟင်''
''မဟုတ်ပါဘူး...ကြိုက်ပါတယ်ရိပေါ်ရဲ့''
''ဒါနဲ့အကိုကို့ V company နားမှာတွေ့တာဆိုတော့.....''
''အကိုက V company မှာရှယ်ယာဝင်ထားတာလေ အကို့သူငယ်ချင်းအဆက်အသွယ်နဲ့ပေါ့''
''ဟုတ်ကဲ့ကျွန်တော်က handouts တဇိုင်းရေးဆွဲသူ ပါဗျ အခုလဲ V company ကနေ ပစ္စည်းကြေငြာ အတွက်အလုပ်အပ်ထားလို့ အဲ့တာတဇိုင်းသွားပြရင်းအပြန် အကိုနဲ့တွေ့တာပေါ့''
''အာ...ရိပေါ်က handouts တဇိုင်းရေးဆွဲသူ ပေါ့''
''ဟုတ်ကဲ့ဗျ...''
''ရိပေါ်မိဘတွေကကော...''
''ပါးနဲ့မားကတရုတ်မှာပါပဲဗျ''
''အော်...ရိပေါ်တစ်ယောက်ထဲနေတာပေါ့ ရိပေါ်ကတော်တယ်နော်အသက်ငယ်ငယ်လေးနဲ့''
''ဟီးးး အကိုကလဲမြှောက်ပြီဗျာ...အဲ့လောက်လဲမဟုတ်ပါဘူးလို့''
ဘာလိုလိုနဲ့တစ်ပတ်တောင်ရှိပြန် ပြီ ရိပေါ်ရှောင်ကျန့်နဲ့မတွေ့ဖြစ်ပြန်တာပေါ့
အခုတလောရိပေါ်အကိုလင်းချန်နဲ့လဲပိုပြီးရင်းနှီးလာတယ်၊
''ရိပေါ်အကို့ကို ဘန်ကောက်ညစျေးလိုက်ပြပေးပါလားဟင် အကိုမရောက်ဖြစ်သေးဘူးတအားလှတယ်လို့ပြောတယ်''
''ဟုတ်တယ်အကိုရဲ့ တအားလှတာစားစရာတွေလဲပေါမှပေါ တအားပျော်ဖို့ကောင်းတာ''
ရိပေါ်ကပြောရင်း အတိတ်ကအမှတ်တရလေးတွေကိုသတိရပြီးပြုံးမိတယ်၊
ဟုတ်ပါတယ်သူနဲ့ရှောင်းကအဲ့မှာစတွေ့ခဲ့တာပေါ့
''ဘာတွေပြုံးနေတာလဲ ရိပေါ်ရဲ့''
''ဘာမှမဟုတ်ပါဘူး ဟီးးးးး''
''ဘာလဲရိပေါ် ချစ်သူနဲ့သွားဖူးလို့လား အဲ့စျေးကအတွဲတွေလည်ပတ်တာကောင်းတဲ့နေရာလို့ကြားဖူးတယ်''
''အယ်....အကို''
ရိပေါ်ကလင်းချန်ကိုမျက်လုံးအဝိုင်းသားလေးနဲ့ကြည့်ရင်းသွားလေးဖြဲပြရင်းဘာမှမပြောတော့ လင်းချန်ကမယုံနိုင်ဘဲပြန်မေးလိုက်တယ်
''အာ...ရိပေါ်မှာတကယ်ချစ်သူရှိတာလား''
''ဟုတ်ကဲ့အကို''
ရိပေါ်ရဲ့စကားအဆုံးလင်းချန်မျှော် လင့်ချက်မဲ့သွားသလိုခံစားလိုက်ရတယ်
''ရိပေါ်ကောင်မလေးနဲ့အကို့ကိုမိတ်ဆက်ပေးအုံးလေကွာ...''
''ကောင်မလေးမဟုတ်ဖူးအကိုရဲ့ ကောင်လေး''
''အော်...''
လင်းချန်ကောင်လေးဆိုတဲ့စကားကြားရတော့ပိုပြီးမျက်နှာပျက်သွားတယ် ဒါပေမယ့်ပြန်ထိန်းလိုက်ပြီး
''ရိပေါ် အကို့ကိုကောင်လေးနဲ့မိတ်ဆက်ပေးလေ''
''ဟုတ်ကဲ့ပါဗျ...''
ရှောင်ကျန့်တစ်ယောက်အခုတလောအလုပ်တွေတအားများနေတာမလို့ရိပေါ်ကိုတောင်အချိန်မပေးမိဘူး
ထိုအချိန်ရုံးခန်းထဲကိုဝင်လာတဲ့ခြေသံကိုကြားလိုက်တယ်၊
ခြေသံနဲ့အတူ အသံတစ်ခုကပါကပ်လိုက်လာခဲ့တယ်
''ကျန့်...''
''အင်း ချင်းလီဘာအလုပ်ကိစ္စရှိလို့လာတာလဲ''
''ကျန့်ကလဲကွာ လီကကျန့်ဆီကိုအလုပ်ကိစ္စရှိမှလာရမှာလားလို့ ကျန့်ကလီကိုတအားတစိမ်းဆန်တာပဲကွာ...''
''အဲ့လို မဟုတ်ပါဘူး ''
''ဟုတ်ပါပြီကွာ သဘက်ခါ ဒို့ မွေးနေ့ရှိတယ်လေ အဲ့တာပါတီမှာကျန့်လာဖို့ လီကကိုယ်တိုင်တကူးတကလာဖိတ်တာကို''
''ကျွန်တော်အားရင်လာခဲ့ပါမယ်ဗျ''
''မရဘူးနော်ကျန့် လာကိုလာရမယ်''
ရှောင်ကျန့်လဲအရစ်ရှည်မနေချင်တာနဲ့
''ဟုတ်ကဲ့ လာခဲ့ပါမယ်ဗျ''
YOU ARE READING
Eventually
FanficXiao Zhan _ ''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် 'ဝမ်' '' Wang Yi Bo _ ''''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် 'ရှောင်း' '' ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမ...