''16'' (Finale)
ရှောင်ကျန့်ကားရဲ့ ရေဒီယိုကပြန့်လွှင့်လာတဲ့ သတင်း တစ်ခု
''ယခုနေ့(9.8.2022) မနက် 5နာရီအချိန်တွင်ထိုင်းနိုင်ငံ၌ထူးစမ်းစွာရာသီဥတုဖောက်ပြန်ခြင်းနှင့် အအေးဓာတ်လွန်ကဲမှုတို့ကြောင့် ထူးစမ်းစွာပဲမြူနှင်းတွေဟာ ထိုင်နိုင်ငံနေရာအချို့တွင်ကျရောက်လာမယ်လို့ခန့်မှန်ရပါတယ်ရှင်..''
ရှောင်ကျန့်ကြားလိုက်ရတဲ့အရာကြောင့် နားမယုံနိုင်စွာပဲ
ရှောင်ကျန့်ခဏမျှငြိမ်သက်နေမိတယ်ထိုအချိန်မှာပဲ ဖုန်းလေးရဲ့ surface ပွင့်လာပြီးစာလေးတစ်စောင်ဝင်လာခဲ့တယ်
''ဟင့်..အင်း...မဟုတ်ဘူး...အဲ့လိုမဟုတ်ရဘူးဝမ်...''
ဒီလိုနဲ့ပဲ အိမ်ကိုရှောင်ကျန့် ရောက်တော့ 5နာရီထိုးခဲ့ပြီ
ဘန်ကောက်မြို့ရဲ့ပထမဆုံးနှင်းတွေဟာလဲကျဆင်းနေတာပေါ့
အိမ်တံခါးတွေပိတ်ထားခဲ့တယ် ရှောင်ကျန့်သူ့မှာပါတဲ့သော့အပိုနဲ့ဖွင့်ပြီးအိပ်ခန်းထဲသို့ပြေး ဝင်လာခဲ့တယ်
''ဝမ်...ဝမ်ငယ်''
ဒါပေမယ့်မြင်လိုက်ရတဲ့မြင်ကွင်းက.......
သူနောက်ကျသွားခဲ့ပြီ....
ပိတ်မထားတဲ့ပြတင်းပေါက်နဲ့အတူအခန်းလေးဟာတိတ်ဆိတ်စွာအေးစက်နေခဲ့တယ်
အိပ်ကုတင်ပေါ်ကဓာတ်ပုံလေးတစ်ပုံနဲ့၊ကြိုးစလေးတွဲလောင်းဖြစ်နေတဲ့လက်စွပ်လေးတစ်ကွင်း၊Michaelmas ဒေစီပန်းလေးတစ်ပွင့်ကပဲ သူ့ကိုစောင့်နေခဲ့တယ်
သူမှီအုံးမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့အိမ်ပြင်ထွက်လာခဲ့တယ် ဒါပေမယ့်ခြံထဲကကားအနားအရောက်မှာပဲကျဆင်းနေတဲ့နှင်းတွေအကြားမှာပြိုလဲသွားခဲ့တယ် လက်ထဲကMichaelmas ဒေစီ ပန်းပွင့်လေးကတော့ နှင်းတွေကျဆင်းနေတဲ့မြင်ပြင်ပေါ်ကိုဆင်းသက်သွားလေရဲ့
ရှောင်ကျန့် Michaelmas ဒေစီပန်းလေးကိုပြန်ကောက်ယူလိုက်ပြီး ချစ်ရသူရဲ့စကားသံလေးတွေကနားထဲဝယ်
(''ကျွန်တော်ခင်ဗျားကို Michaelmas Daisy ပန်းမပေးချင်ဘူးနော် ''
''ကျွန်တော်က Michaelmas Daisy
ကိုတော့တအားမုန်းတာ ''
YOU ARE READING
Eventually
أدب الهواةXiao Zhan _ ''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် 'ဝမ်' '' Wang Yi Bo _ ''''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် 'ရှောင်း' '' ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမ...