''12''(Unicode)

73 10 0
                                    

''12''

''ဒေါက်..ဒေါက်''

''ဝင်ခဲ့...''

''ဟိုင်း...ကျန့်တို့လာတယ်''

''အာ...ချင်းလီ''

''အွန်း ကျန့် ဒို့ရဲ့ ဒယ်ဒီ အော်စီရောက်ခဲ့လို့လေ အဲ့တာ လက်ဆောင်တွေပါလာလို့ ကျန့်ကိုလာပေးတာ''

''မလိုပါဘူးဗျ ''

''အာ...ကျန့်ကလဲကွာ အရမ်းကြီးမစိမ်းပါနဲ့ ဒို့နဲ့ ကျန့်ကမကြာခင်ပဲလက်ထပ်ကြတော့မှာကို''

''ကျွန်တော်တို့လက်ထက်ဖို့ကအဝေးကြီးပါ''

''အိုး...လူကြီးတွေကနောက်လထဲမှာစီစဥ် မှာလေ အဲ့တာကဝေးနေသေးလို့လား''

''ဘာ...''

''ကျန့်ကဝေးနေသေးတယ်ထင်ရင်ပြောနော် ဒို့မိဘတွေကိုရက်ရှေ့တိုးခိုင်းပေးမယ်လေ''

''ဒီမှာဗျ...နောက်လထဲဆိုတာက ဘယ်သူ့သဘောလဲ''

''မိဘတွေရက်ရွေးထားတာလေ စေ့စပ်တုန်းကကျန့်လဲရှိတာပဲကို''

''ဒါပေမယ့်ကျွန်တော့်သဘောမှမပါပဲ''

''အိုကွယ် စေ့စပ်တောင်ပြီးပြီပဲဟာကို''

''စေ့စပ်ရုံပဲလေဗျာ ကျွန်တော်လက်ထပ်ဖို့အထိမှသဘောမတူရသေးတာ''

''ဒါကတော့ ဒို့မသိထားဘူးလေ ဒို့သိတာကနောက်လထဲလက်ထပ်ပွဲစီစဥ််မှာကိုပဲ!!!
သွားတော့မယ်ကျန့် bye bye ''













''မား........ဒါဘာသဘောလဲ''

''ဘာကိုလဲကျန့်ကျန့်ရဲ့''

''ကျွန်တော့်ကိုအသိမပေးပဲဘာလို့လက်ထပ်မယ့်နေ့ကိုသတ်မှတ်လိုက်တာလဲ''

''အော် သားကျန့်ရယ် မင်းလဲလက်ခံလိုက်ပြီပဲ လက်ထပ်ဖို့ရက်ရှေ့တိုးသွားယုံပါပဲ''

''မားသားအဆုံးထိပြောမယ်...သားမှာချစ်သူရှိတယ် သားသူ့ကိုပဲချစ်တယ် သူ့ကိုပဲလက်ထပ်မယ် ချင်းလီကိုသားလက်မထပ်နိုင်ဘူး...စေ့စပ်ပွဲကိစ္စကမားကြောင့်လက်ခံလိုက်ရတာ''

''အော်...မင်းနဲ့တွဲနေတဲ့ဟို...ကောင်လေးကြောင့်လား''

''ဘာ...မား..!!..မားသိ....''

''ငါသိနေတာ ကြာပြီ''

''ဟာ...ဗျာ..ဒါဆိုဘာလို့မားက''

''ငါသဘောမတူနိုင်ဘူး''

''ဘာလို့...''

''မင်းက ရှောင်းcompany ရဲ့အနာဂတ်ပဲရှောင်ကျန့်...ဘာမဟုတ်တဲ့ကောင်လေးတစ်ယောက်ကြောင့်ငါ့အစီစဥ်တွေအပျက်မခံနိုင်ဘူး''

''မား အစီစဥ်? ?''

''ဟုတ်တယ် ကျန့်ကျန့်မင်းသာချင်းလီနဲ့လက်ထပ်ပြီးရင်လိုက်ရင် ချင်းcompany နဲ့ ရှောင်းcompany ကပူးပေါင်းလိုက်တာပဲ''

''မား.....လောဘကြီးလိုက်တာ''

''အေးဟုတ်တယ်  ငါကမင်းကောင်းစားဖို့လုပ်တာပဲ''

''ဒါပေမယ့် ဗျာ...''

''ငါဘာမှမကြားချင်ဘူးကျန့်ကျန့် ဒါပဲ''

''ကျွန်တော်ကကောနောက်ဆုတ်မယ်ထင်လား မား''

ရှောင်ကျန့်ရဲ့အကြောင်းကို ရှောင်မင်ယွဲ့ ကောင်းကောင်းသိတာပေါ့ သူမွေးထားတဲ့သားကခေါင်းမာမှန်း သူကလဲဖြစ်ချင်တာကိုမဖြစ်ဖြစ်အောင်လုပ်မယ့်သူတစ်ယောက်လေ တစ်ဖတ်ကိုမနိုင်တော့လဲတစ်ဖတ်ကအားနည်းချက်ကို ကိုင်တွယ်ရတော့မှာပေါ့လေ



''ဟလို...ကျွန်တော်handouts တဇိုင်းရေးဆွဲသူဝမ်ရိပေါ်ဟုတ်ပါတယ်ဗျ...ဘာကိစ္စရှိလို့ပါလဲ...ဟုတ်ကဲ့ကျွန်တော်လာခဲ့ပါ့မယ်ဗျ....''






ရိပေါ်ချိန်းထားတဲ့ဆိုင်ကိုရောက်တော့ ဆိုင်ခန်းထဲကိုလျှောက်လာခဲ့လိုက်တယ် သူနဲ့ချိန်းဆိုထားသူနဲ့တွေ့တော့ ထိုင်ခုန်မှာဝင်ပြီးထိုင်လိုက်တယ်

''သားက ဝမ်ရိပေါ်ဆိုတာလားကွယ့်''

''ဟုတ်ပါတယ်ကျွန်တော်ဝမ်ရိပေါ်ပါပဲ အန်တီဘာကိစ္စရှိလို့ပါလဲခင်ဗျ''

''အန်တီက ရှောင်ကျန့်ရဲ့အမေပါ''

''ဗျာ...အော်''

''အန်တီလိုရင်းကိုပဲပြောချင်တယ်''

EventuallyWhere stories live. Discover now