''10''(Zawgyi)

39 2 0
                                    

''10''

ဒီနေ့ကရိပေါ်ရှောင်ကျန့်နောက်ထွက်မယ့်ဇာတ်ကားအတွက်ပိုစတာကြော်ငြာရေးဆွဲရန်အတွက် ရှောင်ကျန့်ဆီကအရင်ဆုံးဇာတ်လမ်းကိုတောင်းပြီးဖတ်နေခြင်းဖြစ်သည် ရိပေါ်ကစာဖတ်ရတာဝါသနာပါသူလဲဖြစ်ရာအားတဲ့အချိန်တိုင်းလဲစာဖတ်နေကြသူမို့ စာဖတ်ရာတွင်အလွန်မြန်သူဖြစ်သည် ဇာတ်လမ်းတစ်ပုဒ်လုံးကို ၁နာရီလောက်ပဲအချိန်ယူလိုက်ရတယ်

ဇာတ်လမ်းလဲဖတ်ပြီးသွားရောရိပေါ်မျက်နှာပေါ်မှာအလိုမကျမှုတွေနဲ့

ရှောင်ကျန့်ကဖုန်းကြည့်နေရင်း ပေါင်ပေါ်ခေါင်းအုံးပြီးစာဖတ်နေတဲ့ချစ်ရသူလေး၏မျက်နှာပေါ်ကအလိုမကျမှုတွေကိုမြင်တော့ ခေါင်းလေးကိုလက်နဲ့အသာအယာထိုးဖွလိုက်ပြီးနှဖူးပေါ်ကဆံသားပျော့ပျော့လေးတွေကိုသပ်တင်ပေးရင်း

''ဘာတွေအလိုမကျဖြစ်နေရတာလဲဝမ်ရဲ့ ဟင်...!!! ကိုယ့်ဇာတ်လမ်းကမကောင်းလို့လား''

''မဟုတ်ပါဘူး ခင်ဗျားဇာတ်လမ်းကကောင်းပါတယ်ရှောင်းရဲ ဒါပေမယ့် ကျွန်တော်မကြိုက်တာတစ်ခုရှိတယ်''

''ဘာတွေမကြိုက်လို့လဲကွာ...''

''အထဲမှာ ဇာတ်ကောင်သုံးကောင်ပါတာမလား''

''အင်းလေ...''

''ဘာလို့ဇာတ်လိုက်အချင်းချင်းပေါင်းမပေးပဲနဲ့ ဇာတျလိုကျမငျးသားနဲ့အရံမငျးသမိီးကိုပေါငျးပေးလိုကျတာလဲ...!!!...ပြီးေတာ့ဇာတ်လိဳက်မင်းသမီးရဲ႕စိတ်ဓာတ်ကိဳမကြၽိုက်လိဳက်တာ...''

''ဘာဖြစ်လို့လဲဝမ်ရဲ့ ဇာတ်လိုက်မင်းသမီးကသူ့ချစ်သူအတွက်ကြည့်ပေးခဲ့တာလေ'i

''အဲ့တာကိုပေါ့မကြိုက်တာ သူချစ်တဲ့သူအတွက်ပဲကြည့်ပေးခဲ့တာ ကိုယ့်ကိုယ်ကိုကြသူထည့်မတွက်ခဲ့ဘူးလေ''

''ဒါကတော့သူချစ်လို့ပေါ့ကွာ...''

''ဒါဆိုရင်ဇာတ်လိုက် မင်းသားကရော မချစ်လို့ တခြားသူနဲ့လက်ထပ်လိုက်တာလား''

''မဟုတ်ဘူးလေကွာ သူကချစ်တာပေါ့သူ့ချစ်သူကောင်မလေးကိုသူ့အသက်ထက်ပိုချစ်ခဲ့တာ ဒါပေမယ့်ကံတရားကိုမှသူမလွန်ဆံနိုင်တာ လောကမှဝေးခဲ့ရတဲ့လူတိုင်းကမချစ်လို့မှမဟုတ်ကြတာ ဝမ်ရဲ့''

''အဲ့ဇာတ်လိုက်မင်းသမီးကဘာလို့ ဝေးမယ့်လမ်းကိုရွေးချယ်လိုက်တာလဲနားမလည်ဘူးသိလား..!! သူသာနောက်မဆုတ်ပဲအကျောတင်းတင်းနေခဲ့ရင် မင်းသားကတခြားသူကိုရွေးချယ်နိုင်မှာမဟုတ်ဘူး''

''ဟုတ်တာပေါ့ဝမ်ရဲ့အဲ့လိုသာဆိုရင်ဇာတ်လိုက် မင်းသားကအရာရာကိုမျက်ကွယ်ပြုပြီးကိုယ်ချစ်ရတဲ့သူကိုပဲရွေးချယ်မှာသေချာတယ်...သူအရင်ကအဲ့လိုလုပ်ဖို့ကြိုးစားခဲ့သေးတယ်လေ ဒါပေမယ့် ဇာတ်လိုက်မင်းသမီးကမှလက်မခံခဲ့တာ သူကချစ်ရသူအဆင်ပြေရင်ပြီးရောဆိုပြီးနောက်ဆုတ်ခဲ့လို့သာ...''

''ဟုတ်တော့ဟုတ်ပါတယ်လေ ဘယ်သူမဆိုကိုယ်ချစ်တဲ့သူအဆင်ပြေစေချင်ကြတာပဲကို...''


''အွန်း...ကျွန်တော်သာလေဇာတ်လိုက်မင်းသမီးနေရာမှာဆိုရင်လဲ ဘယ်လိုလုပ်မိမလဲမသေချာဘူးသိလား !! ရှောင်းကော ဇာတ်လိုက်မင်းသားနေရာမှာသာဆိုရင်ရောဟင်...?''

''အာ......''

''ကျွန်တော့်ကိုရှောင်းချစ်တယ်မလားဟင်..''

''ချစ်တာပေါ့ဝမ်ရယ်''

''သိလားကျွန်တော်ကခင်ဗျားကိုပိုချစ်တယ်''

''အွန်းးပါ''

''တကယ်လို့လမ်းခွဲရမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုအချိန်မှာခွဲကြမှာလဲဟင်..''

''ဘယ်သူကလမ်းခွဲမယ်ပြောလို့လဲ ဝမ်ရယ် မခွဲပါဘူး ကိုယ်ကဝမ့်ကိုချစ်တာသိရဲ့စမ်းနဲ့''

''သိပါတယ် ဒါပေမယ့်ပြောလို့မရဘူးလေ မဖြစ်မနေအချိန်ဆိုရင်ရော...?''

''ကဲ...ဒါဆိုရင်ကိုယ်ပြောမယ်နော်''

''ဟုတ်ကဲ့''

ရိပေါ်ကဝမ်းနည်းရိပ်လေးတွေနဲ့ရှောင်ကျန့်ကိုမော့်ကြည့်နေရှာတယ် ရှောင်ကျန့်ကလဲရိပေါ်ကိုတစ်လေးတစ်နက်ပြန်ကြည့်ရင်း

''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် ဝမ် ''

''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် ရှောင်း ''

ရိပေါ်ရဲ့မျက်နှာပေါ်ကအပြုံးလေးပေါ်လာတယ်

''အွန်း...ဒါပေါ့ဝမ်ရဲ့''

ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမကျဘူး၊ ချစ်သူနှစ်ယောက်က ဘယ်တော့မှ မခွဲခွါရဘူးလို့ ထင်ထားခဲ့ကြပေမယ့် .
နောက်ဆုံးတော့ ....

ဘယ်သိမှာလဲ

နှင်းတွေကျတဲ့နေ့ရောက်လာနိုင်လား..?

ဆိုတာ

EventuallyWhere stories live. Discover now