''11''
အချိန်တွေရယ်မြန်ဆန်လိုက်ကျတာ...
ချစ်ရသူနှစ်ဦးအတူပျော်ရွှင်စွာရှိနေရလို့လားမသိ၁လဆိုတဲ့အချိန်ဟာလျှင်မြန်စွာပဲကုန်ဆုံးသွားပါတော့တယ်
ရှောင်ကျန့်စိတ်ထဲမှာဘဝမကျဖြစ်နေတယ် သူဝမ့်ကိုဖွင့်ပြောလိုက်ရင်ကောင်းမလား တကယ်လို့ဝမ်သာသူ့ကိုစိတ်ပျက်သွားရင်ရော ချစ်သူရှိနေပါရက်နဲ့တခြားမိန်းခလေးနဲ့စေ့စပ်ခဲ့တာ
''ဘာတွေတွေးနေလို့ကျွန်တော်ခေါ်တာကိုမကြားရတာလဲ ရှောင်းရဲ့ဟင်''
''အာ...ဘာမှမတွေးပါဘူးဝမ်ရယ် ဒီတိုင်း...''
''ငါမကြိုက်ဘူး မင်းကအမြဲအဲ့လိုပဲငါ့ကိုမပွင့်လင်းဘူး တစ်ခုခုမေးလိုက်တိုင်း ဒီတိုင်းပါပဲ ဆိုတဲ့စကားနဲ့တင်ပြီးသွားတာကြီးပဲ''
''မဟုတ်ပါဘူးကွာ ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်...''
''ပြီးတော့ဘာလဲပြော...''
''ဝမ်အခုတလောတစ်ခုခုဖြစ်နေသလိုပဲ''
''ငါဘာမှမဖြစ်ဘူး မင်းသားဖြစ်နေတာစိတ်နဲ့လူနဲ့မကပ်''
''မဟုတ်ပါဘူး ဝမ်ကိုယ့်ကိုလေ''
''ဟင်...''
''မင်းနဲ့ငါမသုံးပါနဲ့လားကွာ ဝမ်ခါတိုင်းသုံးနေကျ ခင်ဗျားနဲ့ကျွန်တော်ပဲသုံးပေးလို့မရဘူးလားဟင်''
''ဘာလို့လဲ..?''
''ဝမ် ခင်ဗျားလို့ခေါ်တာလေးကိုမြတ်နိုးတယ်ပြီးတော့ကိုယ်ကအကြီးဆိုတော့ဝမ်က ကိုယ့်ကိုယ်ကို ငါလို့သုံးတော့တစ်မျိုးကြီးပဲကွာ...''
''အင်းပါ''
''ကိုယ့်ကိုခေါ်တာဘာပြောမလို့လဲဟင်''
''ညနေစာစားရအောင်လို့''
''အင်းကိုယ်လာခဲ့မယ်''
ချစ်သူနှစ်ဦးရဲ့ညနေစာထမင်းစားချိန်ဟာတိတ်ဆိတ်နေလေရဲ့ တိတ်ဆိတ်မီုကိုဖြိုခွင်းလိုက်တာကတော့ ရိပေါ်ရဲ့စကားသံပါပဲ
''ရှောင်း ဘယ်ချိန်ပြန်မှာဟဲဟင်''
ရိပေါ်ရဲ့စကားသံကစိတ်မကောင်မှုတွေပါနေတာသူသိတာပေါ့ ဒါပေမယ့်မဖြစ်သာလို့လေ
''ကိုယ်မနက်ဖြန်ပြန်ရမယ်ဝမ်ရယ်''
''အင်းပါ''
ရိပေါ်ဘက်ကပြန်ပြီးတိတ်ဆိတ်သွားပြန်တယ်
''ကိုယ်လဲဘယ်ပြန်ချင်ပါ့မလဲကွာ မဖြစ်သာလို့ပါ ကိုယ့်ချစ်သူလေးနဲ့အကြာကြီးနေချင်တာပေါ့...!!!...မားကို၁လလို့ပဲပြောခဲ့လို့ပါကွာ...''
''အင်းပါ ထားလိုက်ပါတော့ အပြီးဝေးတာမှမဟုတ်တာ ကျွန်တော်ဘာကိုစိတ်မကောင်းဖြစ်နေမိပါလိမ့် ဒီလိုပါပဲစိတ်ထဲတစ်မျိုးကြီးခံစားမိနေလို့ အဟက်....ခါတိုင်းလိုပဲပြန်နေသားကျသွားမှာ''
ရိပေါ်စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေမိတာတော့အမှန်ပဲလေးလေးကြီး
ဖုန်းသံကြောင့်ရိပေါ်အိပ်ယာကနိုးထလာခဲ့တယ် မနက်ခင်မှာဆိုတော့ရိပေါရဲ့ချစ်ရသူဖြစ်မလားဆိုတဲ့မျှော်လင့်ချက်ခလေးက ဖုန်းမျက်နှာပြင်ပေါ်ကနာမ်စားတစ်ခုကြောင့်ပျောက်ကွယ်သွားတယ်
''ဟလို...အကိုလင်းချန်''
''ရိပေါ် အခုတလောပျောက်နေတယ်နော် အဲ့တာကြောင်းအကိုဖုန်းဆက်လိုက်တာ''
''ဟုတ်ကဲ့ကျွန်တော် အိမ်ပြောင်းလိုက်တာ အရင်နေရာမှာမနေတော့ဘူးလေ''
''အော်...ဟုတ်လားအကိုကရိပေါ်နေများမကောင်းလို့လားလို့စိတ်ပူနေတာ''
''ကောင်းပါတယ်ဗျ''
''ဟူး...အဲ့တာဆိုအကိုကရိပေါ်နဲ့တွေ့လို့မရတော့ဘူးပေါ့''
''မဟုတ်ပါဘူးဗျာ ကျွန်တော်ဘန်ကောက်ထဲကိုပြန်လာဖြစ်ရင်ဖုန်းဆက်ပါ့မယ် အဲ့ကြမှတွေ့ကြရအောင်လေ''
''ဟုတ်ပါပြီကွာ ''
''အားဆိုဒါပဲလေးနော်အကို ကျွန်တော်လုပ်စရာလေးရှိသေးလို့''
''အင်းပါ bye bye ရိပေါ်''
''ဟုတ်ကဲ့ bye bye အကိုလင်းချန်''
ရိပေါ်တကယ်တော့စိတ်မကောင်းဖြစ်သွားခြင်းပင် တခြားသူလောက်တောင်သူနဲ့ရှောင်ကျန့်ဆက်ဆံရေးကမနွေးထွေးပါလားတွေးမိပြီးပေါ့ ရှောင်ကျန့်ပြန်သွားပြီးထဲကရိပေါ်ကိုအဆက်သွယ် မလုပ်သေးပေ
YOU ARE READING
Eventually
FanfictionXiao Zhan _ ''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် 'ဝမ်' '' Wang Yi Bo _ ''''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် 'ရှောင်း' '' ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမ...