''9''
ရိပေါ်ဒီအနေအထားကြီးမှာအနေရခက်တယ် အခုသူနဲ့ရှောင်ကျန့်ဟာအလွန်နီးကပ်နေခဲ့တယ် ရှောင်ကျန့်မျက်လုံးတွေကသူ့နှုတ်ခမ်းပေါ်ကိုရောက်နေခဲ့တာသတိထားမိတော့ ယောင်ယန်းပြီးတောင်သထွေးတွေမြိုချလိုက်မိတယ်။
မကြာပါဘူး သူ့နှုတ်ခမ်းထက်မှာအေးစက်စက်အရာတစ်ခုကိုခံစားလိုက်မိတယ်
ဒါပေမယ့်သူမငြင်းခဲ့ဘူး၊ မျက်လုံးလေးကိုအသာအယာမှိတ်ချလိုက်ပြီး ရှောင်ကျန့်ရဲ့အနမ်းတွေကိုပြန်ပြီးတုန့်ပြန်နေမိတယ်။
ရှောင်ကျန့်စိတ်မထိန်းနိုင်ပဲနမ်းလိုက်မိပေမယ့်မထင်မှတ်ပဲရိပေါ်ရဲ့ပြန်တုန့်ပြန်မှုကြောင့် ရပ်တန့်ဖို့မစဥ်းစားတော့ဘဲရှေ့ဆက်လာမိတယ်
တဖြေးဖြေးနူးညံ့တဲ့အနမ်းတွေကနေပြင်းရှရှ အနမ်းတွေအဖြစ်ပြောင်းလဲလာခဲ့တယ်။
နာရီဝတ်လောက်ကြာတော့အောက်ဆီဂျင်လိုအပ်မှုကြောင့်သူတို့ခနရပ်လိုက်ကြတယ်
ဒါပေမယ့်နှစ်ယောက်လုံးကအပြီးရပ်တန့်လိုက်ဖို့ကို မလုပ်ခဲ့ကြဘူး
ရှေ့ဆက်ဖို့အတွက်ချစ်သူနှစ်ဦးမှာလိုလိုလားလားရှိခဲ့ကြတယ်
''အင်း........''
ရိပေါ်ငြီးသံနဲ့အတူမျက်လုံးနှစ်လုံးမှာပွင့်ဟလာခဲ့တယ်
သူနိုးနိုးခြင်းသိလိုက်ရတာက အေးစက်စက်မျက်ခင်းရဲ့အထိအတွေ့ ရှောင်ကျန့်ရဲ့လက်မောင်းကိုခေါင်းအုံးထားမျက်ခင်းပေါ်မှာ သူအိပ်ပျော်နေခြင်းဖြစ်သည် ရှောင်ကျန့်ကတော့ဘေးမှာအေးချမ်းစွာအိပ်စက်နေလေရဲ့ ရိပေါ်မထသေးပဲချစ်ရသူရဲ့မျက်နှာကိုအသေအချာငေးကြည့်နေခဲ့တယ်
မေးရိုးသွယ်သွယ်နှာတံရှည်ရှည်နဲ့ မျက်လုံးမျက်ခုံးကောင်းပြီးချောမောလှတဲ့ရှောင်ကျန့်ဟာ အသက် 30 လို့မထင်ရအောင်နုနယ်လွန်းလှတယ်
ချစ်ရသူရဲ့မျက်နှာကိုကြည့်နေရင်းကနေရိပေါ်မှာမနေနိုင်စွာပဲရှောင်ကျန့်ရဲ့နှာတုံဆင်းဆင်းပေါ့ကိုလက်ခလေးနဲ့တို့ထိပြီး ဆော့နေမိတယ်
ရှောင်ကျန့်သူ့နှာခေါင်းပေါ်က လှုပ်ရှလှုပ်ရွအထိအတွေ့ကြောင့်နိုးလာခဲ့တယ် မျက်လုံးဖွင့်လိုက်တော့ချစ်ရသူကိုတွေ့လိုက်ရပြီးမျက်နှာပေါ်ကလက်ခလေးကိုဖမ်းဆွဲလိုက်တယ်
''ဟိတ်...ကိုယ့်ကိုအိပ်နေတုန်းခိုးကြည့်နေတယ်ပေါ့လေ ''
''ဘယ်သူက ခိုးကြည့်လို့လဲလေနော်''
''အာ့ဆိုဒိီလကျကဘာလဲဟင်''
''အမှိုက်ကြီးကပ်နေလို့ပါနော်''
''အဟားဟုတ်ပါပြီကွာ...''ကိုယ်ကချောတော့ခိုးကြည့်မိတာအပြစ် မဟုတ်ပါဘူးနော် ဟုတ်တယ်မလားဝမ်''
''ရားးးးဘယ်သူကခိုးကြည့်လို့လဲ''
ဆိုကာရိပေါ်ကရှောင်ကျန့်ရဲ့လက်လက်ခပ်ဖွဖွလေးကုန်းကိုက်လေရဲ့
''အားးးးဝမ်ကခွေးပေါက်လေးလားဟင်''
''ဟုတ်တယ် မင်းကိုပဲသီသန့်ကိုက်မယ့်ခွေးပေါက်လေး''
''အဲ့တာဆိုရင်လဲ ကိုယ်ကဒီခွေးပေါက်လေးကိုကလိထိုးတယ်ကွာ....''
ဆိုကာရှောင်ကျန့်ကရိပေါ်ကိုကလိထိုးပါလေတယ်
''ရားးးးရှောင်း မလုပ်ပါနဲ့ဆို!!!အား...ယားတယ်လို့ဆို''
''ယားရင်ပိုထိုးတယ်ကွာ...အဟား''
''အားဟား...ခ်..ခ်..ရှောင်းမလုပ်နဲ့တော်တော့်လို့ဆို...အဟားးးး''
ညနေဆည်းဆာအချိန်မှာတော့ချစ်သူနှစ်ဦးရဲ့ရယ်မောသံတွေဟာပိုပြီးအသက်ဝင်နေခဲ့တယ်
ဒါပေမယ့်....ဖြစ်လာမယ့်ကံကြမ္မာကိုသာကြိုသိနေခဲ့မယ်ဆိုင်း ချစ်သူနှစ်ဦးဟာဒီလိုမျိုးပျော်ရွှင်နိုင်တော့ ပါ့လားလေကွယ်
![](https://img.wattpad.com/cover/320872970-288-k6425.jpg)
YOU ARE READING
Eventually
FanfictionXiao Zhan _ ''ဘန်ကောက်မှာနှင်းတွေကျလာတဲ့အချိန်မျိုးရောက်မှ ကိုယ်တို့တွေခွဲခွာကောင်းခွဲခွာကြရလိမ့်မယ် 'ဝမ်' '' Wang Yi Bo _ ''''Oh...;ဒါဆိုကျွန်တော်တို့နှစ်ယောက်က ထာဝရအတူတူရှိနေရတော့မှာပေါ့ နော် 'ရှောင်း' '' ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမ...