''2''(Unicode)

128 18 0
                                    

''2''

ညနေကြ တော့ရိပေါ်တစ်ယောက် ချိန်းထားတဲ့နေရာကိုရောက်လာခဲ့တယ်၊

ဆိုင်ထဲကိုရောက်တော့ ရှောင်ကျန့်ကိုမတွေ့သေးဘူး ဒါနဲ့ပဲထိုင်စောင့်နေလိုက်တယ်

''အကိုဘာမှာမလဲခင်ဗျ''

''အာ....ညီအကို့ကိုလေ....$%#*&^!.:-&*^$$#@^?..''

''ဟုတ်ကဲ့ခနစောင့်ပေးပါဗျ''

''ရတယ်အေးဆေးလုပ်ပါ ''

''ဟုတ်ကဲ့ဗျ''

ရိပေါ်တစ်ယောက်ရှောင်ကျန့်ကိုစောင့်နေတာ 1နာရီကျော်ပြီအခုထိရောက်မလာသေးဘူး

မှာထားတာတွေလဲရလို့ အေးနေပြီ..............

ထက်ပြီး......နောက်နာရီဝက်လောက်ကြာမှရှောင်ကျန့်တစ်ယောက် ရောက်လာတော့တယ်

''sorry ဝမ်ငယ်် ကိုယ်နည်းနည်းနောက်ကျသွားတယ်ကွာ''

''ရှောင်း ခင်ဗျားအချိန်ကိုလဲပြန်ကြည့်အုံး ကျွန်တော်စောင့်နေတာ 2 နာရှိလာက်ရှိပြီ''

''အင်းပါကိုယ်တောင်းပန်ပါတယ်နော်''

''ခင်ဗျားဘာလို့အဲ့လောက်တောင်ကြာနေရတာလဲဟင်''

''မားမားကသွေးတိုးနေတာ အဲ့တာကိုယ်ကပြုစုနေရလို့ပါကွာ နော်...''

''အင်းးးပါပြီးရော...''

ဒီလိုပါပဲ ကျွန်တော်တို့ရဲ့အချစ်ရေးက အေးစက်သထက်အေးစက်လာခဲ့တယ်

အိမ်အပြန်လမ်းမှာချစ်သူနှစ်ဦးဟာလက်တွဲပြီးလမ်းလျှောက်ရင်း ဘန်ကောက်မြို့ကြီးရဲ့ညအလှတရားကိုပိုပြီးအသက်သွင်းပေးနေခဲ့တယ်

''ဝမ်ငယ်် ကိုယ်လေမင်းလေးနဲ့နောက်ကျရင်အတူနေဖို့ အိမ်လေးတစ်လုံး ဝယ်ထားတယ်သိလား''

''ဟင့်အင်း''

''ဒီနဲ့သိပ်မဝေးပါဘူး ဘန်ကောက်ထဲမှာပဲ''

''ကျွန်တော်ကအေးအေးချမ်းချမ်းနေရာမျိုးလေးမှာနေချင်တာ''

''အင်းးးးလေကိုယ်ပြောတဲ့အိမ်ကလဲ လုံးချင်းနှစ်ထပ်အိမ်လေးကိုယ်မှ အိမ်ဘေးမှာတောသေးသေးလေးရှိတယ် ပြီးတော့သဘာဝရေကန်လေးတောင်ပါသေးတယ်သိလား''

''ဟုတ်လား.... ကျွန်တော်တို့နှစ်ယောက်အဲ့မှာအတူနေကြမှာပေါ့နော်''

အဲ့လိုကျပြန်တော့လဲရိပေါ်ပျော်မိပြန်တယ်

သူရှောင်းကိုအရမ်းချစ်တယ် ရှောင်းနဲ့တစ်သက်လုံးအတူရှိသွားချင်တယ်

''အွန်းးးးတစ်ချိန်ချိန်ကြရင်ပေါ့''

''ကျွန်တော်က အိမ်ရှေ့မှာ ဒေစီ ပန်းလေးတွေစိုက်မယ်''

''ဘာလို့ ဒေစီပန်းလဲ တခြားပိုလှတဲ့ပန်းတွေအများကြီးပဲဟာကို''

''ရှောင်းသိလားဘာလို့ကျွန်တော်ဒေစီပန်းလေးတွေကိုချစ်တာလဲဆိုတာ''

''ဟင်.....''

''ရှောင်းကဒေစီပန်းလေးနဲ့တူလို့''

''ဟောဗျာ...ကိုယ်ကဘယ်လိုဖြစ်လို့ဒေစီပန်းနဲ့တူသွားရတာလဲပြောပါအုံး ''

''ဒေစီပန်းတွေကအရမ်း နက်နည်းတယ် သူတို့ကခန့်မှန်းရခက်ကြတယ် လျှို့ဝှက်ချက်တွေများကြတယ် သူတို့ရဲ့အဓိပ္ပါယ် ကကို 'ဘယ်တော့မှမပြောပြဘူး' တဲ့လေ''

''အွန်းအဲ့တော့''

''ခင်ဗျားကလျှို့ဝှက်ချက်တွေများတယ်လေ ကျွန်တော့်အပေါ်မှာ''

''ကိုယ်ပြောမယ် အဲ့ဒီဘယ်တော့မှပြောမပြဘူးဆိုတဲ့နောက်ကွယ်မှာ ကိုယ်ဝမ်ငယ့် ကိုဘယ်လောက်ချစ်ကြောင်းတွေ ဆိုရင်ရောဟင်''

''အွန်းးးးကျွန်တော်က Michaelmas Daisy
ကိုတော့တအားမုန်းတာ ''

''ဟင်ဘာဖြစ်ရပြန်တာလဲကွာ ပန်းရင်းအတူတူပဲကို''

''မတူဘူးသူ့အဓိပ္ပါယ် က နှုတ်ဆက်ထွက်ခွာခြင်း ဒါမှမဟုတ် နှုတ်ဆက်စကား တဲ့ စကားနဲ့မပြောချင်တဲ့အခါပန်းနဲ့ဖော်ပြလို့ရတဲ့ပန်းပေါ့ ....... ရှောင်းးးး''

''ဟင်......''

''ကျွန်တော်ခင်ဗျားကို Michaelmas Daisy ပန်းမပေးချင်ဘူးနော် ''

''အွန်းပါ ဝမ်ငယ််ရဲ့''

ရှောင်ကျန့်တစ်ယောက် သူ့အမေရဲ့ညနေကပြောခဲ့တဲ့စကားတွေကိုပြန်ကိုပြန်တွေးမိရင်း

နောက်ဖြစ်လာမဲ့အရာတွေအတွက်ရင်လေးမိတယ် သူဝမ်ငယ့် ကိုမထိခိုက်စေချင်ဘူး

(အပိုင်းတွေကတအားတိုလွန်းနေလားဟင်...
ကိုယ်ရေးထားသမျှအပိုင်းတွေအကုန်လုံးက စာလုံးပေါင်း 600 ကျော်တွေပဲရှိလို့ပါ)

EventuallyWhere stories live. Discover now