Intro
4.4K 160 4
“ငါ့ကိုချစ်ခဲ့လား”
“မချစ်ခဲ့ဘူးမဟုတ်လား”
“မချစ်ခဲ့ပါစေနဲ့။ ငါချစ်ရတဲ့မိန်းကလေးကို ကျိန်စာသက်ရောက်နေမယ့်အဖြစ်နဲ့ငါထွက်မသွားချင်ဘူး”
နတ်ဘုရားသဖွယ် ဦးညွှတ် ခြင်းခံရသူ။ ရက်စက်ခြင်းရဲ့ဘုရင်မ။ သေမင်းတဖွယ် ကြောက်ရွံမှုဖြင့်နေထိုင်စေသည့် အရှိန်အဝါ။ (Kamele)။
ချစ်ရသူရဲ့ နောက်ဆုံးဆန္ဒက သူမ အသက်သေဆုံးစေခြင်းတဲ့။ နည်းနည်းလေးမှတွေဝေခြင်းမရှိဘဲ။ သူမကိုယ်တိုင် ကိုယ်မျက်လုံးကိုယ်ဖောက်ထုတ်ပစ်ခဲ့တယ်။ သူမရဲ့တောင်ပံတစုံကို လာရောက်ဖြတ်ဆီးချိန် ငြိမ်သက်နေခဲ့တယ်။ တောင်ပံမရှိတော့သည့်သူမ။ ဒီတိုင်းပြည်ကိုကာကွယ်ထားသည့် အကာအယံလဲ ပျက်ဆီးသွားခဲ့သည်မို့ Vampire မျိုးနွယ်စိတ်တခုရောယှက်ထားသည့် သူမ။ နေရောင်ထိလို့မရပါ။ ယခုတော့ ရဲတိုက်ရဲ့အမြင့်ဆုံးလသာဆောင်အစွန်မှာသူမ ရပ်နေသည်။ မကြာခင်နေထွက်လာတော့မည်။ သူမ ကြေမွပျက်ဆီး ရတော့မည်။
ထိုအတွက်သူမကြောက်ရွံနေလား။ စိုးရိမ်နေလား။ ရှောင်ပြေးချင်နေလား။ တခုမှ မဟုတ်ပါ။ သူမ စိုးရိမ်နေတာ တခုပဲရှိသည်။ အမုန်းဖြင့်ဖန်တီးထားသည့် ကျိန်စာကိုသုံးထားသည့် တီဇာ သူမ ကိုချစ်ခဲ့မှာကြောက်နေခဲ့တာပင်။
ချစ်ခဲ့လျှင် ကျိန်စာရဲ့တန်ကျေးကို တီဇာဆီမှ နူတ်ယူသွားပါလိမ့်မည်။
“မင်းအတွက် ဘာမဆို လုပ်ပေးနိုင်တယ်။ တခုတော့တောင်းဆိုပါရစေ။ ငါ ထွက်သွားချိန် မင်း အတွက်ခံစားချက်မဲ့ နေပေးပါ။ ဒါဆို ငါကျေနပ်တယ်”
ထိုစကားအဆုံး လသာဆောင်ဝရံတာတွင်ရပ်နေသူ သူမ။ နောက်တလှမ်းဆုတ်လိုက်ပြီး ခန္ဒာကိုယ်ကို လေဟာနယ်ထဲသို့ တုံ့ဆိုင်းခြင်းမရှိဘဲ လွတ်ချလိုက်တော့သည်။ ထိုအချိန်နားထဲကြားလိုက်ရသည်က
“Kame”
“Kame”
အိပ်ရာပေါ်လှဲလျှောင်းနေရာမှ ချက်ချင်းထထိုင်လိုက်သည် အထိ သူမရဲ့အသိတရားကလွတ်ခဲ့သည်ပင်။ လက်လှမ်းထားသည်က လေကိုပဲဖမ်းဆုတ်နေသည့်အသွင်။
“သခင်မ”
အမှောင်ရိပ်ထဲကထွက်လာသူ Zen(ဇန်း)
“အိပ်မက်ဆိုးတွေမက်နေပြန်တာလား”
ဋီဆာ ပြန်မပြောဖြစ်ပါ။ သွေးရောင်မရှိ ဖြူဖက်နေသည့် မျက်နှာပေါ် လူသားတယောက်မဟုတ်သည့်အတွက် ချွေးဟူ၍မရှိပါ။ သူမရဲ့၂၀ နှစ်အရွယ် က ထိုနေ့ကတဲက ရပ်တံ့သွားခဲ့သည် မဟုတ်လား။ သူထွက်သွားသည့် နေကစပြီး သည်နေ့အထိဆိုရင် နှစ်ပေါင်း ၂၀၀၀ အတိပင်။
“မကြာခင်နေဝင်တော့မှာပါ။ သခင်မ တခုခုလုပ်ချင်တာရှိလား”
“သွားတော့”
“ဟုတ်ကဲ့”
မသေမရှင် ဖြင့် ယုတ်ညံ့တဲ့ ဗန်ပါးယားတကောင်ဖြစ်နေခဲ့သည်မှာ အချိန်အတော်ကိုကြာခဲ့ပါပြီ။
နေဝင်သွားပြီဖြစ်တဲ့အတွက် သူမ သက်ပြင်းချလိုက်သည်။ အထီးကျန်စွာဖြတ်သန်းနေခဲ့ရသည်မှာ အတော်ကိုညီးငွေ့နေပါပြီ။ သူပြန်လာလိမ့်ဆိုသည့် ဟောချက်၊ သူပြန်လာရင် ဒီဘဝကနေ လွတ်မြောက်မယ် ဆိုသည့် မျှော်လင့်ချက်။
သူထွက်သွားပြီးနှစ်ပေါင်း၁၀၀ ကြာပြီးနောက် နေရာအနှံ့ လိုက်ရှာခဲ့ပါသည်။ ယနေ့ထိ လဲရှာဖွေနေဆဲ။ သူကတော့ ပုန်းအောင်းနေဆဲပဲ။ လက်မလျော့ပါဘူး။ သူပြန်လာရင် သူ့လက်နဲ့သေရမှာ။ အဲဒီအချိန် သူမနှလုံးသားထဲက အရိုးသားဆုံးစကားတခွန်းနဲ့ နူတ်ဆက်ခွင့်ရသွားပါလိမ့်မယ်။ ဒါဆို ဋီဆာ ကျေနပ်တယ်။ သူမရဲ့ နောက်ဆုံးဆန္ဒက
သေခြင်းတရားပါပဲ။ သူမ အလိုချင်ဆုံးအရာဖြစ်သည်။
Zawgyi Version.
“ငါ့ကိုခ်စ္ခဲ့လား”
“မခ်စ္ခဲ့ဘူးမဟုတ္လား”
“Kame”
“Kame”
“သခင်မ”
“သွားတော့”
“ဟုတ်ကဲ့”
Counter curse (တန်ပြန်ကျိန်စာ)(Z+Un)Where stories live. Discover now