Unicode
Part 11
သွေးဆုတ်ဖြူလျော်နေသူ Terzerxin ရဲ့ နူတ်ခမ်းပေါ်သို့ သူ့ရဲ့သွေးစက် များ တစက်ချင်းချပေးသည်။ သူမ အရောက်စော ခဲ့ သည်။ မဟုတ်လျင် အသက်မှီမှာကို မဟုတ်။ ခံစားချက်တွေရဲ့ ရိုက်ပုတ်မှုဒဏ်ကြောင့် သတိလစ်မေ့မြောရုံမက ဦးနှောက်ထဲ အောက်ဆီဂျင်ပျက်လက်မှုကြောင့် သွေးများပြန်ဆုတ်နေသည်။
နတ်ဘုရားဖြစ်တဲ့သူမရဲ့သွေးက အသက်ကယ်နိုင်ပါသည်။ အချိန် နည်းနည်းရွေ့သွားသည့်နောက် မျက်နှာမှာသွေးရောင်ပြန်လွှမ်း လာသည် ။ သိပ်မကြာခင် သတိရလာတော့ မည်။
KAMELE ထရပ်ပြီး ထိုအခန်းထဲက ထွက်ခဲ့သည်။ ဇန်းအပြင်ဘက် တွင် ရှိနေသည်။ ဒုတိယအကြိမ်မြောက် သူမကို ကယ်တင်ခြင်း ဖြစ်သည်။ ကိုယ့်ကို ကလဲ့စားချေမယ့် သူကို ကယ်တင်နေရသည် က ဖြစ်ရိုးဖြစ်စဉ် မဟုတ်သေးဘူး။
“Kuyhan ပြန်ရောက်နေပါပြီ။Your majesty. အတွင်းသတင်း အရတော့ ဒဏ်ရာ ပျောက်ကင်းသွားပါပြီတဲ့”
သူမနေထိုင်ရာ ရဲတိုက်ဆီသို့ လျှောက်လာရင်း
“ငါပေးလိုက်တဲ့ ဒဏ်ရာကို ပျောက်ကင်းစေမယ့် ဆေးမှမရှိဘဲ။ ဖြစ်နိုင်ခြေတခုပဲ ရှိတယ်။ လိုင်နွန်မျိုးနွယ်စု ဆီမှာ ခိုလှုံပြီး Vampire တကောင်အဖြစ် အသက်သွင်းခံရဖို့ပဲ”
ဇန်းက ခေါင်းညိတ်ရင်း
“လိုင်နွန်မျိုးနွယ်စူ အတွင်းက သူလျို လဲ အဆက်အသွယ် ပျက် နေပါတယ်”
သူမ ဂရုမစိုက်။
“လိုင်နွန်တွေ ခေါင်းမထောင်နိုင်ပါဘူး။ ဒါပေမယ့် သတိထား။ မင်းသမီး အသက်ရှင်လျက် ရှိနေတာကို သူတို့အသုံးချလိမ့် မယ်”
“ဟုတ်ကဲ့”
ခန်းမဆောင် ဆီပြန်ရောက်လာသည်။ ရှင်းလင်းနေသည့် အနေအထားမှ သူမ နောက်ပြန်လှည့်ပြီး
“ငါသွားစရာရှိသေးတယ်။ အခြေအနေထူးရင် သတင်းပို့”
“ဟုတ်ကဲ့”
&&&&&&&&&
“တူမလေး”
ကုတင်ပေါ် တွင် ဒူးပိုက်ပြီးထိုင်နေသည်။ Kuyhan သက်ပြင်းချ သည်။
“နန်းတွင်းဆိုတာ ဒီလိုပဲ။ မတရားမှု တွေကို အမြဲတမ်း တွေ့နေရတက် တယ်။ အခုကော သူ့အနားမှာ နေရမယ် ဆိုပြီး မရောက်သွားတော့ ဘာပြောသေးလဲ”
ရှင်းခေါင်းခါမိသည်။ ဘာကြောင့်လဲမသိပေမယ့် မနက်လငါးတော့ သူမ သတိပြန်လည်နေပီ။ မနက် ၁:၀၀ အရောက်သွားရမည့် နေရာ ကို သူမ မရောက်သွားပေမယ့် မည်သည့်ပြဿနာမှ ဖြစ်မလာပေ။
စောစောလေးကပဲ နန်းတော်က ထွက်သွားတယ် ဆိုတာ သိလိုက်ရသည်။
“ငါ သူ့နဲ့မျက်နှာချင်းဆိုင်ဖို့ တော်တော်ကြိုးစားရမယ်။ သူ့ကိုမြင်ရင် ခမည်းတော်တို့ ကိုသတိပြန်ရနေတယ်။ စိတ်ထိန်းနိုင်ဘဲ တဇွတ်ထိုးလုပ်မိမှာကို ကြောက်တယ်။ မသေနိုင် တဲ့သူ တယောက်ကို လက်လွတ်စပယ် လက်စားချေရင် အဆုံးသတ်ခံရမှာက ငါ ဖြစ်သွားမှာ”
Kuyhan က တချက်ပြုံးရင်း
“နန်းတော် ထဲ တရက်ပဲ ရောက်ရသေးတယ်။ ရှင်းရဲ့ အမုန်းတရား တွေက ထိန်းမနိုင်အောင်ပေါက်ဖွားလာပြီပဲ။
ကျိန်စာကို လက်ခံနိုင်တဲ့အခြေအနေ ရောက်လာပီဆိုတာ ကိုယ့်ဘာသာကိုယ် သတိထားမိရဲ့လား”
ရှင်းမျက်မှောင်ကုတ်ပြီးလှည့်ကြည့်လာသည်။ ဒူးပိုက်ပြီးထိုင် နေသည့် အနေအထားမှာ ပြောင်းလဲလာသည်။
“ဘယ်လို”
“ကျိန်စာ လက်ခံဖို့ အသင့်ပဲလား။ရှင်း။ ဒါဆို တခါထဲ လုပ်ပေး သွားမယ်။ ရှင်းနဲ့ နောက်တကြိမ် ထပ်တွေ့ထို့ မသေချာတော့ ဘူး”
သူမ နည်းနည်းလေးမှ စဉ်းစားမနေပါ။ ခေါင်းညိတ်ပီး
“ငါ စောင့်နေတာက ဒါပဲလေ”
တချက်ပြုံးမိသည်။
သူမ လက်နက်မဲ့ မဟုတ်တော့ဘူး။ Kuyhan ထရပ်ပြီး ပြတင်းတံခါးကို သေသေချာချာ ပိတ်သည်။ တံခါးကို အပြင်မှ မဖွင့် နိုင်အောင် ပြင်ဆင်ပြီး
“ကိုယ်ကို မတ်မတိထိုင်”
ကုတင်ပေါ်မှ ခြေတစုံကို အောက်ချပီး ကိုယ်ကို မတ်သည်။
သူမရှေ့သို့ စာပွဲ တလုံးရွေ့ယူသည်။ ထိုအပေါ် သို့ ကျိန်စာ စာအုပ် ယူပီးတင်ထားသည်။ပြီးတော့ ဓါးမြှောင် တချောင်း
“ရှင်းရဲ့သွေးတစက်နဲ့ သူ့ကို သေစေဖို့က ပေးဆပ်ရတာ အရမ်းကြီး မားတယ်။ အဓိက လိုအပ်ချက်က ရှင်းရဲ့ သွေး”
တုံ့ဆိုင်းမနေ။ စာပွဲပေါ်တင်ထားသည့် ဓါးမြောင်ကို ဆတ်ခနဲလှမ်း ယူပြီး လက်ဖဝါးအလယ်ကို ဓါးသွားဖြင့် ဖျက်ချသည်။
“ရွှပ်”
Kuyhan စာအုပ်အလယ်ကို ဖွင့်ပေးတော့ အင်းကွက် တခုပေါ် လာသည်။ အင်းအပေါ် သွေးစက်များ တထောက်ထောက်ကျ လာပြီး နောက်
အင်းကွက်ရဲ့ နေရာအနံ့သို့ အလိုလို စီးဆင်းသွားသည်။ သွေးများပြည့်သွားသည့် အင်းကွက်မှာ စက်ဝိုင်းပုံစံ လှည့်ပြီး အပေါ် သို့ တဖြေးဖြေးတက်လာသည်။ စာအုပ်ထဲမှ အင်းကွက် က တဖြေးဖြေးချင်း သူမဆီသို့ ချည်းကပ်လာသည်။
“အမုန်းနဲ့ဖန်တီးထားတဲ့ ကျိန်စာဖြစ်တဲ့အတွက် ရှင်း သူ့ကို မချစ်မိပါစေနဲ့။ ချစ်မိရင် ကျိန်စာရဲ့တန်ပြန်ရိုက်ခက်မှုကို ရှင်း ခံရမှာပါ”
ရှင်းက
“မိန်းမချင်း ချစ်ေနစရာအကြောင်းမရှိပါဘူး။ ဒီအချက်ကြောင့် ငါ့ကိုယ်ငါ ယုံတယ်။
ဒါကြောင့် ကျိန်စာကိုလက်ခံတယ်”
သူမစကားအဆုံး သူမရဲ့ ကိုယ်အတွင်းသို့ ထိုအင်းကွက် သင်္ကေတ မှာ ရုတ်ခြည်းဖောက်ဝင်သွားသည်။
နှလုံးသားထဲထိ ထိုးဖောက်ဝင်ရောက်သွားလေသလား။ အသက်ရူ မရအောင်ပင် နာကျင်သည်။ တဆက်ထဲ ကျိန်စာ ထည့်သွင်းထား သည့် စာအုပ်မှာမီးလောင်သွားတော့သည်။
“ဘယ်လိုဖြစ်တာလဲ။ဒါက...”
သူမ ဘာကိုမှ အာရုံမစိုက်နိုင်။ နာကျင်လွန်း၍ နှဖူးကျောများ ထောင်ကာ မျက်ဝန်းမှာ သွေးကျောရိတ်များသန်းနေသည်။
“အဟွတ်”
“ဝေါ့”
သွေးတချို အန်ထုတ်လာပြီး နေရာမှာတင်ေနာက်ပြန်လှဲကျ သည်
“ဘယ်လိုဖြစ်တာလဲ။ စာအုပ်က.. ဘာလို့ ပျောက်ကွယ်သွား တာလဲ။"

VOCÊ ESTÁ LENDO
Counter curse (တန်ပြန်ကျိန်စာ)(Z+Un)
Vampiroကိုယ်တကယ်မြတ်နိုးရတဲ့သူဆိုရင် သူမ ဘာဖြစ်နေနေ ဘယ်လိုဘဝမျိုးရောက်နေပါစေ သူမအပေါ်ထားတဲ့ချစ်ခြင်းတရားဆိုတာ ဘယ်တော့မှ ယုတ်လျော့သွားမှာမဟုတ်ဘူး. အချစ်ဆိုသည့်အရာပေါက်ဖွားလာသည်မှာ အမုန်းအရင်းခံကနေလဲ ဖြစ်နိုင်သည်မို့ အရမ်းမမုန်းကြပါနဲ့နော်။ မတော်လို့ချစ်မိသွ...