Part 13

654 73 11
                                    

Unicode

Part 13

တိတ်ဆိတ်မှုတို့ကြီးစိုးနေသည့် စွာပနပွဲ။ လိုင်နွန်မျိုးနွယ်စု များ၏ အတွက် ခေါင်းဆောင်ကိုရွေးချယ်ပြီးပေမယ့် စွာပန ပွဲ အခန်းအနားကတော့ ကျန်ရှိနေသေးသည်။ခေါင်းဆောင်အသစ် ဖြစ်သူ Suwar.

မျိုးနွယ်စု တခုလုံး ကွင်းပြင်မှာရှိနေသည်။ လူသား အယောက် ၂၀၀ စတေးရတာနဲ့တန်အောင်တော့ အစီအစဉ်ကို ဖြစ်မြောက် အောင် လုပ်ဆောင်ရမည်။
အချိန်တော်တော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက်

“မီးသင်္ဂြိုဟ်လိုက်တော့”

ရေထဲမြောလိုက်သည့် ဖောင်ကို မီးညှိပြီး ဝါးတုတ်ဖြင့် ရေလယ်ထိ တွန်းပို့ရင်း

“မင်းသမီးTezerxin ကို စောင့်ကြည့်ထားရမယ်။ သူ့အတွက်နဲ့ ခေါင်းဆောင် အသက်ပေးလိုက်ရပီ။ ဒီတော့ ခေါင်းဆောင်ရဲ့ လမ်းစဉ် အတိုင်းဆက်လျောက်မယ်။
နန်းတော်ကိုရောက်တဲ့အချိန် သူနဲ့တွေ့ဖြစ်အောင်တွေ့မယ်”

“သူလျိုတွေ အားလုံးရှင်းပစ်ပြီးမှ ဒီကိစ္စ  ဘာကြောင့် သူ သိသွားတာလဲ စုံစမ်းရမယ်။ Kuyhan က ငါတို့လူဆိုတာ သိတယ်။ သူငါတို့ကိုငြင်းဆန်လို့ မရဘူး။”

“မှန်တယ်။ ခေါင်းဆောင်သေချာ အကွက် ချထားပီးမှ ဒီပြဿနာ တွေ ဖြစ်လာတာက တခုခုတော့ရှိတယ်။”

ထိုစဉ်

“Lusiya ရောက်နေတာ ဘယ်သူမှမသိလိုက်ဘူးမဟုတ်လား။ ဘုရင်မ မရောက်လာခင် Lusiyaကြိုရောက်နေခဲ့တယ်။ သူသိသွား တာဖြစ်မယ်”

ကျစ်။ Lusiya ။ ဖြစ်နိုင်သည်။ တခြားဘယ်သူမှဒီကိစ္စကို စုံစမ်းနိုင်မည့်သူ မရှိ။ မီးလောင်ကျွမ်းနေသည့် ခေါင်းဆောင်ရဲ့ အလောင်းကို ငေးစိုက်ကြည့်ရင်း

“Kamele ဆိုတာ ငါတို့အတွက် ရန်သူပဲ။ ငါတို့မျိုးနွယ်စုတွေ အေးအေးချမ်းချမ်းနေရဖို့က သူမရှိမှ ဖြစ်မယ်”

ဘယ်သူတွေ ဘယ်လိုမြင်မြင်။ သူမတို့အားလုံးကတော့ နတ်ဆိုး တပါးအဖြစ်ပဲ မြင်ယောင်သည်။Tezer နန်းဆက်နှင့် လိုင်နွန် ဆိုတာ ငြိမ်းချမ်းရေးယူပြီးသား။ အချင်းချင်းထောက်ပံ့ရန် သဘောတူညီမှုရပီးသား။ မြိုတော်လုံခြုံရေးအတွက် တာဝန်အပြည့် အဝယူပီးသား။

သို့သော်။ သူမ တို့ နန်းတော်ရောက်ချိန် အရာအားလုံးနောက် ကျခဲ့သည့် အပြင် မျိုးနွယ်စုကိုခြိမ်းခြောက်ခံရသည့် အခြေအနေ နှင့်။ ယခု ခေါင်းဆောင်အသတ်ခံရသည့် အနေအထားထိ ရောက်ရှိခဲ့လေပီ။
သတိ။ သတိထားရမည် မှာ မလွှဲ‌ဧကန်ပေ။

&&&&&&&&&

Kamele .
စာပွဲပေါ်မှ မြေပုံပေါ်သို့ လက်ညိုးနဲ့ထောက်ပြီး လမ်းကြောင်း များကြည့်ရှု့နေသည်။ သူမပိုင်ဆိုင်ထားသည့် နေရာ ဝန်းကျင် ကို ထိန်းသိမ်းဖို့က နယ်မြေ ကျွမ်းမှရသည်။ တနည်းဆိုရလျှင် မလိုလားအပ်တဲ့ တပ်သားတွေသေကြေပျက်စီးမှုမရှိရန်က။သူမ ဗျူဟာ ချနိုင်ရမည်။

တံခါးကဖွင့်လျက်ဆိုတော့ Tezerxin ဝင်လာသည်ကို မျက်ဝန်းထောင့်မှ မြင်သည်။ ရေနွေးပန်းကန်ထဲ ရေနွေးလောငါး ထည့်ပြီး သူမ အနားယူလာစဉ် သူမ ကိုယ်ကိုပြန်မတ်ရာ

“ခလွမ်း”

သူမ ခါးထောက်လိုက်သည့် အတွက် တံတောင်နှင့် တိုက်မိပြီး Tezerxin လက်ထဲမှလွတ်ကျသည်။ Kamele  တချက်ပဲ လှည့်ကြည့် သည်။ ဇန်းဝင်လာသည့် အတွက်

“ကင်းထောက်အဖွဲ့ တွေကို စုစည်းထားလိုက်။ တာဝန်ပေး ဖို့ရှိတယ်”

“ဟုတ်ကဲ့”

“လိုင်နွန် မျိုးနွယ်စု ခေါင်းဆောင် ရောက်နေပြီဆိုတော့ ခဏနေ ခန်းမကို ခေါ်ထားလိုက်”

“ဟုတ်ကဲ့”

ဇန်းထွက်သွားပြီးနောက်။

“အလုပ်များနေတဲ့အချိန် အခန်းထဲမှာ လာမရှုတ်နဲ့။”

နည်းနည်းလေးပင်လှည့်မကြည့်ပဲ ပြောဆိုသည်။ ကုတင်နားသ့်ု လျောက်သွားသည်။ Tezerxin အံတင်းတင်းကြိတ်လျက်။ သယမ သွေးတစက်က အလဟာဿ ဖြစ်သွားပြန်ပီမဟုတ်လား။

“ပီးတော့ ငါက အမြဲတမ်းသွေးဆာနေတဲ့သူ မဟုတ်ဘူး”

ပန်းကန်ကွဲစ ကောက်နေသည့်လက်မှာ အလိုလို ရပ်တန့်သွားတော့သည်။ သိနေတယ်။ ရေခဲရိုက်ခံလိုက်ကသဘိူ ဖြစ်သွားသည်က သူ့အနား Kamele ချည်းကပ်လာပီဆိုတာ သိလိုက်ရသည့် အတွက် ကြောင့် ဖြစ်သည်။ သူမ ကို

“နောက်တကြိမ် မင်းရဲ့သွေးနံ့ရရင် မင်းအသက်ကို အာမမခံ နိုင် ဘူးနော်။ နည်းနည်းပါးပါးဆင်ခြင်။ အသက်ဆိုတာ တချောင်း ပဲရှိတယ် မဟုတ်လား”

“ဂရူစိုက်ပါမယ်။ ဘုရင်မ”

“မဟူတ်ဘူး။ ဂရုစိုက်ရမှာ မဟုတ်ဘူး။ ထပ်မဖြစ်ဖို့ သတိထား ရမှာ။”

“သွားတော့”

“ဟုတ်ကဲ့”

အမြန်သန့်ရှင်းပီးခပ်သုတ်သုတ် ထွက်သွားသည်။ သူ့သွေးထည့်ထား တယ်ဆိုတာ ဝင်လာကတဲက သိသည်။ တကယ်ကို ဘာမှနားမလည်။ ကလဲ့စားချေချင်တာ တခုပဲ သ်နေတော့လဲ။
ဘယ်လိုကိုင်တွယ်ရကောင်းမလဲ။ ခြောက်ရမလား။ ဒါမှ မဟုတ်။ ချော့ရမလား။ မချော့တက်တာက သေချာသည်မို့
နောက်တကြိမ် ဒီကိုရောက်လျှင်

&&&&&&&

“ဝှီး….ဒုတ်”

တံခါးဖွင့်ပြီးပြန်အလှည့် လည်တိုင် အနီးနား သို့ မြှား တချောင်း စိုက်ဝင်သည်။ သူမရဲ့ လည်တိုင် အနီး စင်တီမီတာ ဝက်ခန့် သာဝေးတော့သည်။

“မဆိုးဘူး။   ဇန်း…ဒါကို အသုံးပြုလို့ရတယ်။ ပန်းပဲရုံမှာ လိုအပ်သလောက် လုပ်ခိုင်းလိုက်”

Tezerxin ခြေခွေကျလုလုအနေအထားကို မနည်းထိန်းချုပ်လိုက် တော့သည်။ မဟုတ်လျင် အတော်သရုပ် ပျက်မည်။ ထိုအခန်း ထဲတွင် ဦးရီးတော်လဲ ရောက်နေသည်။ သွေးဆုတ်ဖြူလျော် သွားသည့် Kuyhan မျက်နှာကို မြင်တော့ Kamele ရယ်မိသည်။

“ဘာဖြစ်တာလဲ။”

“ဟို…”

“လူသတ်မိမှာစိုးရိမ်နေတာလား။ ဟား….သတ္တိနည်းတဲ့ပုံစံမျိူး မလုပ်ပါနဲ့။ အပျိုတော်ဆိုတာ အချိန်မရွေးရှာလို့လွယ်တယ်”

Kuyhan က ပြုံးယောင်ယောင်ဖြင့်

“အရင်တခေါက်က ဘုရင်မ စိတ်ဆိုးနေတဲ့အချိန်ကိုသတိရသွား လို့ပါ။ အပျိုတော်တွေ အားလုံးအသတ်ခံလိုက်ရတယ် မဟုတ် လား”

Kamele က စာပွဲဆီတချက်ပြန်လှည့်ပြီး

“ငါအခုစိတ်ဆိုးနေမယ်ဆိုရင် အဲ့ကလေးမ အသက်ရှင်မယ်ထင် နေလား။ ဟေ့…”

ပြောပြောဆိုဆိုနဲ့ သူမကို မေးဆက်ပြပြီးလှမ်းခေါ်သည်။ တံခါးနှင့် ကျောကပ်နေသည့် နောက် အတက်နိုင်ဆုံးဟန်ဆောင် ကာ ခေါ်ရာသို့ ခေါင်းငုံ့ပြီး လျောက်လာသည်။

“ဒီပစ္စည်းတွေအားလုံးကို အမှိုက်ကျင်းမှာ သွားပစ်လိုက်။ မီးတခါထဲရှို့ခဲ့။ အလုပ်ပီးရင် အခန်းကိုပြန်လာခဲ့။ သန့်ရှင်းရေး လုပ်ရမယ်”

ဇန်း သက်ပြင်းချနေသည်။ မည်သူမည်ဝါ ဆိုတာ အတပ်သိထား ၍ အခိုင်းအစေတယောက်ကို သခင်တယောက်က ညွှန်ကြား သလို တမင်လုပ်ဆောင်နေမှန်းသူသိသည်။ အရင်က အပျိုတော် တွေအတော်များများဆိုရင် အဖက်လုပ်ပြီးစကား အပြောခံရဖို့ နေနေသာသာ ဘာကြောင့် အသတ်ခံလိုက်လဲဆိုတာ မသိသည်က များသည်။
တဆက်ထဲ ဘုရင်မ ကိုယ်စား Kuyhan ကို အကဲခက်သည်။ ဘုရင်မကို အံခဲပြီးစိုက်ကြည့်နေသည်ကို တွေ့နေရတော့ ဘုရင်မပြောသလို ဒီကောင်မလေးက နန်းကျဘုရင်ရဲ့ သမီးတော် ဆိုတာ ။
အရေးကြီးကိစ္စဆွေးနွေးမည်ဆိုလျှင် သူမ အခန်းထဲခေါ်တက်၍ ယခုလဲ Kuyhan ရောက်နေသည့်အကြောင်းအရင်းက Tezerxin ရဲ့တည်နေရာကိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထူးဆန်းသည်က လိုင်နွန်မျိုးနွယ်စုတွေမှာ ရှိနေသည်ဟု ဖော်ထုတ်ပီးမှ ယခုတော့ အခြားနေရာကို တိမ်းရှောင်နေသည့် သဘောဖြစ်နေသည်။

ဘယ်နေရာမှာ ရှိနေသည်ဆိုတာ သိနေသော ဘုရင်မက တင်ပြချက်ကို အထူးတလည်မလုပ်သလို။ စိတ်လဲမဆိုး။ ဒီအချက် ‌ကို သူတို့တွေ တွေးမိပါရဲ့လား။ Tezerxin အခန်းထဲက ထွက်သွားပြီးနောက်။
ပစ်မှတ်တခုကိုပစ်မယ်ဆိုရင် အငြိမ်ရှိနေတံ့ပစ်မှတ်ထက် လှုတ်ရှား နေတာမျိုးကို ငါကပိုသဘောကျတယ်။ Kuyhan “

စကားအဆုံး Kuyhan ကိုခေါ်လိုက်သည်။

“ဟုတ်ကဲ့”

“မြှားပစ်တက်လား”

“ဟုတ်ကဲ့ နည်းနည်းပါးပါးရပါတယ်”

ခေါင်းတချက်ညိတ်ပီး ဇန်းကို လှည့်ကြည့်သည်။ အသင့်ရှိနေသာ မြှားတဆုတ်နှင့် လေးတခုယူလာကာ Kuyhan ကိုပေးသည်။

KUYHAN တချက်ကြောင်သွားသည်။ Kamele က လေးကို မေးဆက်ပြပြီးလက်နှစ်ဖက် နောက်ပစ်ကာ

“ယူလေ။ အပျော်တမ်းကစားရတာပေါ့။ ဒီနေ့စိတ်ပျော်နေတယ်။ ပီးတော့…”

ယူဆိုတြော မယူလျင် တခုခုလုပ်ခံရနိုင်သည်။Kuyhan လေးကိုင်းကိုလှမ်းယူသည်။ သူမ နောက်ကို လိုက်ခဲ့ဖို့ လက်ပြသည်။ စင်္ကြံလမ်းကိုခေါ်သွားတာဖြစ်သည်။ ထိုနေရာက ‌စစ်ရေးလေ့ကျင့်ကွင်းနှင့် မြင်ကွင်းရှင်းသည်။
ကိုက်၅၀ ကျော်ကျော်ဝေးသည်။ ပီးတော့ အပေါ်စီးက။ လေတဟူးဟူးတိုက်နေသည်။

ပစ်ကွင်းထဲသို့ ဝင်လာသူ ရှင်းကြောင့် Kuyhan ဟန်မဆောင်နိုင်ဘဲ သူ့ကိုလှည့်ကြည့်လာသည်။ Kamele က လှည့်မကြည့်ပေ။

“သူ့ကိုပစ်ကြည့်စမ်းပါ။ ငါလဲပစ်မယ်။ မင်းလဲပစ်။ ထိအောင်ပစ် နိုင်သူက အနိုင်။ ဘယ်လိုလဲ”

“ဘုရင်မ…ဒါ”

“ဘာလဲ”

“လူ့…လူ့အသက် တချောင်းက…”

“ကစားစရာ မဟုတ်ဘူးလို့ ပြောချင်တာလား။”

Kuyhan နူတ်ဆိတ်သွားသည်။ Kamele က မြှားတချောင်းလှမ်းယူ သည်။

“ဘယ်အချိန်တုန်းက ငါ့အတွက် ကစားစရာက လူမဟုတ်ခဲ့ဖူးလို့ လဲ”

မှန်သည်။ Kuyhan လက်မှာ အေးစက်နေသည်။ လေးကိုင်ထား သည့် လက်မှာလဲ ချော်ထွက်နေသည်။ ဘာမှမသိတဲ့ ရှင်း။ ပစ်ကွင်း ထဲကို ရောက်ရှိနေပါပြီ။ သူလုပ်ရမယ့် အလုပ်တွေကို လုပ်ဆောင်နေသည်။
ဧက္နတ။

“ဘုရင်မ….”

Kamele က ပြုံးသည်။

“ပစ်ပါ။ ဘာတွေကြောက်ရွံ့နေတာလဲ။ မင်းမပစ်လဲ ငါ့လက်နဲ့ သူသေမှာပဲ”

ဘယ်လို။ Kuyhan  မျက်လုံးပြူးသွားသည်။ Kamele က

“အဲ့ကလေးမက ဘယ်သူမို့လဲ။ ဘာကြောင့် အမြဲတမ်းထိတ်ထိတ် ပြာပြာ ဖြစ်နေတာလဲ။ ဘယ်သူများလဲ။ ငါ့အသိထဲကလား”

“ဒါမှမဟုတ်…”

လေးကြိုးပေါ်သို့ မြှားတင်လိုက်ပြီး ရှင်းဆီ ဦးတည်ချိနိရင်း

“Tezerxin ဖြစ်နေလို့လား”

“ဘုရင်မ”

“ဒုတ်”

ချက်ချင်းဒူးထောက် ကျသွားသည်။

“အသက်ချမ်းသာပေးပါ။ ဘုရင်မ။  သူက…သူက ကလေးပဲ ရှိပါသေးတယ်။ သူဘာမှမသိပါဘူး။ ပီးတော့….ပီးတော့…”

“ဝှစ်”

“ဘုရင်မ”

အမြန်ဆုံးဒူးထောက်ရမှ အမြန်ထပီး ရှင်း ဘာဖြစ်သွားလဲ ကြည့်သည်။ မြှားက ရှင်းကိုမထိသည့် အပြင် ရှင်းက အပေါ် မှာ ဘာဖြစ်ပျက်နေလဲဆိုတာ သိပုံမရ။

ချက်ချင်းပင် နေရာမှာ ထိုင်ကျသွားသည်။ Kamele က မြှား နောက်တချောင်းယူပီး

“လေတိုက်နေတာပဲ။ ‌မြှားဘယ်ရောက်သွားပါလိမ့်”

ဘာဖြစ်ဖြစ် ဝန်ခံသွားပီ။ ထို့ကြောင့်

“ကျိန်စာ အခြေအနေကော ဘယ်လိုရှိလဲ”

Kuyhan အံ့ဩပီးရင်း အံဩနေသည်။ သိနေတယ်။ ဟုတ်လား။ သိနေရရက်နဲ့။ Kamele က ရယ်ရင်း

“ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးချင်တဲ့ မင်းသမီးလေးက သူ့အတွက်နဲ့ ပြည်သူတွေအသက်ခံရတာ ကိုသိသွားရင် ဘာဖြစ်သွားမယ်ထင်လဲ။အသက်၂၀ အရွယ် မိန်းကလေး တယောက်ရဲ့ ညစ်ညမ်းနေတဲ့ လောကကြီးထဲ မနည်းအားတင်းပီးအသက်ရှင်နေခဲ့ရတာ မင်းအသိပဲ မဟုတ် လား။
အဲဒီဒဏ်ချက်တွေနဲ့ တခါသေမလို ဖြစ်ပီးသား။ ဆိုတာ သိပီးဖြစ် မှာပါ။သူ့ကိုမသိစေချင်ဘူးလို့ ငါထင်တယ်"

Kuyhan  စိတ်ဓါတ်ကျသွားခဲ့ပါပြီ။ သူတို့ရဲ့အကြံအစည်။ အစီအစဉ် အားလူံး။ပါဝက်သူတွေ အားလုံးက်ု ကြိုသိနေတဲ့ သူရှိနေပေမယ့် သူတို့တွေအတွက်က အောင်မြင်ဖို့ မနည်းရုန်း ကန်နေရသည်။

“ကျိန်စာဆိုတာ ငါကဖြစ်လာတာလေ။ အဲ့တော့ ငါ့အပေါ် သက်ရောက်မှာတဲ့လား. သနားစရာ ကောင်းတာက။ ကျိန်စာ ဖြေဖို့ နည်းလမ်းမရှိတော့တာပဲ။ ဟုတ်တယ်ဟုတ်”

မှန်သည်။ စာအုပ်က မီးလောင်သွားခဲ့ပီ။ အဲ့အချိန်က ထိုအခန်း ထဲမှာ သူရှိနေသည်ပေါ့။ ဟုတ်လား။ တမင် ရှင်းကို ကျိန်စာ အတိုက်ခံခဲ့သည်ပေါ့။ အရင်က စိတ်ဓါတ်ကျနေသည့် Kuyhan ။ယခုတော့။

နောက်ဆုံး ဆုံးဖြတ်ချက် တခုက
ရုတ်ခြည်းထရပ်ကာ တိတ်တဆိတ်ယူဆောင်လာသော ဓါးကို ထုတ်ယူပီး ရှင်းကို မြှားနှင့်ချိန်ထားသော Kamele ရဲ့ ရင်ဝသို့ အနောက်ကနေ အားနဲ့ထိုးချလိုက်ျတာ့သည်။

“Your Majesty”

ဇန်းက အောက်ဘက်မှ ရှင်းကို အာရုံစိုက်နေချိန် ဓါးရောငါ လက်ခနဲ မြင်လိုက်ရသည့် အတွက် အမြန် အော်ဟစ်သတိပေး လိုက်ပေမယ့်။

“”ဝှစ်”

အသားကို ထိုးမိရပေမယ့် ယခုတော့ အရှေ့မှ လူမှာ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး အေးစက်စက် မြှားတချောင်းကတော့ နှလုံးသားက်ု ထိုးဖောက်ဝင်ရောက် သွားသည်ကို တွေ့ခဲ့ရတော့သည်။

ပစ်နေကျ မြှားမဟုတ်ဘဲ။ ငွေရောင်အတိ ဖြင့်ပြုလုပ်ထားသော မြှား တချောင်းဖြစ်သည်။ ငွေရောင်ကို လက်မခံနိုင်သည့် Vampire  တွေအနေဖြင့် ချက်ချင်း ပြာမှုန့် အဖြစ်သို့ ရောက်ရှိသွားတော့သည်။
Kamele ဟင့် ခနဲ ရယ်မိသည်။ အမှန်တရားကို သိသွားပီးရင် အသက်ရှင်ခွင့်မှ မရှိတော့ဘဲ။ ရှင်းကို ကြည့်လိုက်သည်။ ပစ်ကွင်းကနေ ထွက်ခွာသွားပီဖြစ်သည်။ ဘာမှ မသိတဲ့ က‌ေလးမ။ ဦးလေးကိုယ်တိုင်က သူကလဲ့စားချေချင်တဲ့ စိတ်အရင်းခံကို အသုံးချပီး ထီးနန်း ပြန်ယူဖို့ ကြိုးစား နေတာ။

“Tezerxin မေးလာတဲ့အချိန်။ စုံစမ်းတဲ့အချိန်။ သူသိသင့်တဲ့ အကြောင်းအရာက Kuyhan ကို နယ်နှင်ဒဏ်ပေးလိုက်တယ် ဆိုတဲ့စကားပဲ။ ဘယ်နေရာဆိုတာ ဘယ်သူ့ကိုမှ မသိစေနဲ့။ ထပ်ပီး သူ့ဘက်တော်သား တယောက် သေသွားတာ သိရင် ကျိန်စာကို အမြန် အသက်သွင်းလိမ့်မယ်”

ဇန်း တခါတလေ နားမလည်ပေ။ ကျိန်စာ အသက်သွင်းလဲ သူနဲ့မှ မဆိုင်ဘဲ။ အခုလဲ။ ရှင်းကို ကစားချင်ပေမယ့် နာကျင်မှာတော့ မလိုလားပုံပဲ။

“ဘာစဉ်းစားနေတာလဲ”

အဖြေပြန်မဖြေလာပဲ။ သူ့ကိုကြောင်ပီးငေးကြည့်နေသည့် ဇန်း ကြောင့် မျက်မှောင်ကုတ်ပီး မေးခွန်းထုတ်လိုက်သည်
ခေါင်းကို တသွင်သွင်ခါရင်း

“မဟုတ်…မဟုတ်…”

“ဟင်း”

“ဟုတ်ကဲ့”

Kamele စိတ်ပျက်စွာကြည့်ရင်း အပေါ်ကနေ အောက်ဘက်သို့ကန်ချပစ်ချင်စိတ်မှာ တဖွားဖွား။

“သွားတော့”

“ဟုတ်….ဟုတ်ကဲ့”

&&&&&&&&&&

“Suwar လို့ ခေါ်ပါတယ်”

သူမ အခန်းပြန်ရောက်ချိန် တိတ်တဆိတ်လာတြွေသည့် ဧည့်သည် မှာ လိုင်နွန် မျိုးနွယ်စု ခေါင်းဆောင် ဖြစ်နေသည်။ သူမကို တရိုတ‌သေ နုတ်ဆက်သည်။

“မင်းသမီးရဲ့ ဦးရီးတော် က ကျတော်တို့ ဆီရောက်လာပါတယ်။ ကျတော် တို့ ဆေးကုပေးလိုက်သေးတယ်။ ပီးတော့ မင်းသမီး ထီးနန်းပြန်လည်ရရှိရေးကို အသေးစိတ်ဆွေးနွေး ခဲ့ပါတယ်”

သူမ ခေါင်းညိတ်သည်။

“ဘုရင်မ Kamele အနားမှာနေရတာ။ အရမ်း အန္တရာယ် များပါတယ်။ နန်းတွင်းမှာ တခုခုအကူအညီလိုရင် ကျတော် တက်နိုင် သမျှကူညီပါ့မယ်။
ကျတော့ ရဲ့လူယုံတွေ နန်းတွင်းမှာရှိပါတယ်။”

“ကောင်းပီလေ”

“ကျတော်တို့ အသေးစိတ် ဆွေးနွေး ရမယ့် ကိစ္စလေးတွေရှိပါသေး တယ်။ နောက်တကြိမ် နန်းတော်ကို လာ မယ့်အချိန် တွေ့ခွင့်ရအောင် ထပ်မံကြိုးစားပါအုံးမယ်”

“မနက်ဖန် မနက်ဆို ကျတော်တို့ မြောက်ပိုင်းကို ပြန်မှာပါ”

“ငါ့ကို စာပို့ထားပေးပါ့။ ဒါဆိုရင် ပိုအဆင်ပြေမယ်”

“ဟုတ်ကဲ့။မင်းသမီး”

“မင်းသမီး ကိုပြန်လာဖို့က ပြည်သူပြည်သားတွေ အားလုံးမျှော် လင့် နေကြပါတယ်။ မင်းသမီးကို ကျတော်တို့ မျှော်လင့်နေပါ တယ်”

သူမ ခေါင်းမညိတ်မိပေ။ ဒီလူတွေက်ု ယုံလို့ရပါ့မလားဆိုတာ မသေချာ သည့် အတွက် ဖြစ်သည်။ သူမကို နူတ်ဆက်ပီး ထွက်ခွာသွားချိန်။ သူမ အခန်းထဲလမ်းလျှောက်နေမိသည်။ သူ့အခန်းကို ပြန်ရောက်တော့ ဦးရီးတော်ကို မတွေ့ပေ။ ဦးရီးတော် ရဲ့လက်စွဲတော် ငွေရောင် ဓါးချွန်လေးတော့ သူ့စာပွဲပေါ်မှာတွေ့ခဲ့တယ်။
ဒါကြောင့် သူမ အပြင်ဘက်ရောက်မှ ဇန်းကို မေးကြည့်ရာ။ အပြစ်လုပ်မိတဲ့အတွက် ချက်ချင်းနယ်နှင်ဒဏ်ပေးခံရတယ် တဲ့။ ဘာအပြစ်လဲဆိုတော့ မေးလို့မရခဲ့။
ဘယ်နေရာလဲ ဆိုတော့။ မသိဘူးပဲ။ ပြောသည်။

ထို့ကြောင့် အိပ်ရာဆီလျောက်လာပီးမှ တခုခုရှိရမယ်။ အခန်းထဲက ရုတ်ခြည်းထွက်လာခဲ့သည်။ အချိန်ကမစော တော့သည့် အတွက် အစောင့်များသာ ရှိသည်။ လူသွားလူလာ ရှင်းသည်။ ပုံမှန်အတိုင်း လျောက်လာပြီး Kamele နေသည့် ရဲတိုက်ဆီသို့ ဦးတည်နေသည်။ ဒီရဲ တိုက်ရဲ့ အပျိုတော်ဖြစ်သည့် အတွက် အစစ်အဆေးမရှိ ။
ရဲတိုက် အနားရောက်တော့ အထဲဝင်ခါနီး တဖက် အဆောင်သို့ လူတချို့ တိုးတိုးတိတ်တ်တ် ဝင်သွားသည်ကို မြင်လိုက်ရ၍။ သူမ အာရုံက ရဲတိုက်ထဲဝင်ရန်မဟုတ်တော့ပေ။
တံခါးစောင့် တွေကို အကဲခက်ပြီး ဘယ်ဘက်က အဆောင် ဆီသို့ လျှောက် လာသည်။ ဘေးဘီအကဲခက်ပြီး မီးလင်းနေသော အခန်းထဲသို့ ဝင်ရာ

“ကျမကို ၃ ပုလင်းပေး။ ဘယ်လောက်ကျလဲ”

“ငါလဲယူမှာလေ။ ဘာလို့ နင်ခြည်းယူချင်တာလဲ”

ဘာတွေလဲ။ ရှင်း မျက်မှောင်ကုတ်သွားသည်။

“ဒီပစ္စည်းလဲရှိသေးတယ်။ ဝယ်ကျအုံးလေ။ ရှိတာမှ သုံးပုလင်းကို လုဝယ်နေကြတယ်”

အပျိုတော်တချို့နှင့် နန်းတွင်းမှအလုပ်သမား တွေသာ။
သူမက အနားတွင် ရပ်နေသော ရွယ်တူအပျိုတော်အား

“အဲ့တာ ဘာလုပ်တာလဲဟင်”

“ဟမ်။ နင်က ဘာလဲ။ သိလို့ရောက်လာတာ မဟုတ်ဘူးလား”

သူမက တကယ်မသိပါဘူး။ ထူးဆန်းလို့ရောက်လာကြတာ။ မသိတဲ့အမူအယာကြောင့်လားမသိ။

“ဆေးဝယ်နေကြတာ။ တချို့က လာဒ်ထိုးလို့ကမယ့် ပစ္စည်း။ နန်းတွင်းမှာ မနေချင်တဲ့သူတွေတော်တော် များများက ဒီမှာ ပစ္စည်းလာဝယ်ကြတယ်။
မှောင်ခိုဈေးပေါ့။”

အော်။ ဒီလိုလဲရှိတာလား။ ခေါင်းတဆတ်ဆတ် ညိတ်မိသည်။ နန်းတော်မှာက အကြောင်းသိသွားရင် ဘယ်နေချင်ပါ့မလဲ။ တကယ် တော့ ထွက်သွားတာ အကောင်းဆုံးပါ။ နန်းတော်ထဲမှာ ဘယ်သူမှမရှိရင် သူဘယ်သူ့ကိုအုပ်ချုပ်မှာလဲ။

“အော်။ နင်ကကော ဘာလာဝယ်လဲ”

“ငါက အမွှေးအိတ်။ နန်းတော်က ထွက်သွားပီးရင် ဒီမြို့ တော်က နေထွက်သွားမယ်လေ။ ပီးရင်အိမ်ထောင်ပြုမယ်။ အမွှေးအိတ်က နန်းတော်ထဲက ထွက်ရင် အထောက်အကူပေးတယ်။ အမွှေးအိတ် ရူမိတဲ့သူက ခဏလောက်တော့ အမြင်ကွယ်သွားတယ်တဲ့။ ပီးတော့ နန်းတော်ရဲ့ လျို့ဝှက်တံခါးပေါက်ရှိတယ်။
အဲဒီကနေ ထွက်မှာ။ နင်ကော”

“အင်းအတူတူပဲ။ ငါ့ကိုလဲ နေရာပြောပြထားလေ။ ငါလဲ အဲဒီအမွှေးအိတ်ဝယ်မယ်။ ဟို ဆေးပုလင်းကကော ဘာလဲ”

“အော်။ အဲ့တာ အရက်လေ။ ဝိုင်လို့လဲခေါ်တယ်။ မြို့တော်မှာ အရက်ချက်ခွင့်မရှိဘူး။ ရောင်းဝယ်ခွင့်မရှိဘူး ။ဒါပေမယ့် နန်းတော်အစောင့်တွေက ကြိုက်တယ်ဟ”

အော်။ ဇန်းတခါကပြောဖူးတယ်။ အရက်မတိုက်နဲ့တဲ့။ သူသောက်ရင် ဘာဖြစ်မှာပါလိမ့်နော်။ အဲတာတော့ ဝယ်လို့ မရလောက်ဘူးထင်တယ်။ အခုကို လုနေကြတာဆို‌ောတ့။ တခြားပစ္စည်းတွေလဲရှိသည်။
နန်းတော်အပြင်ဘက်က ပစ္စည်းတွေဖြစ်နိုင်သည်။
သူမကို စက္ကူလိပ်လေးတခုပေးသည်။

“ဒါက မြေပုံ။ နင်လိုချင်ရင် ငါ့နားဝယ်လို့ရတယ်”

အော်။ ရှင်း ပြုံးလိုက်မိသည်။ ပြောရမယ်ဆိုရင် ရောင်းဝယ် ဖောက်ကားရာနေရာလေးပေါ့။ လူတိုင်းဈေးသည် ဖြစ်နိုင် သလို လူတိုင်း ဈေးဝယ်ဖြစ်နိုင်တာပဲ။
သူမ မှာပါတဲ့ငွေလေးဖြင့် ဝယ်ယူပီ့းမှာ ရဲတိုက်ဆီသို့ ပြန်လျောက် လာသည်။ သူမ ရဲတိုက်ထဲဝင်မည်ဆိုတော့ အစောင့်တွေရဲါ မျက်မှောင်ကုတ်ပီးကြည့်တဲ့အကြည့်ကို ခံလိုက်ရသေးသည်။ တထူးထူးဆန်းဆမ်း အခုမှ ဘာလာလုပ်လဲဆိုသည့် အထာပင်။ သူမ ဂရုစိုက်မနေ။ ရဲတိုက်ထဲသို့ ဝင်ပီး အပေါ် ဆောင်သို့ တက်သည့် လှေကားအတိုင်း ခပ်သုတ်သုတ် တက်လာသည်။ အပေါ်ဆုံးမှာ သူ့တခန်းပဲ ရှိတာ။ လမ်းမှားနိုင်စရာမရှိ။ သည်‌တော့။ နောက်ဆုံးအခန်းရှေ့သို့ အရောက်

“ဘုရင်မ။ တကယ်ပဲ မလိုအပ်တော့တာလား”

သူမ ခြေလှမ်းတန့်သွားသည်။
“အခုဆိုရင် ၁၀ ရက်ကျော်နေပီ။ ကျတော့ကို ခေါ်မတွေ့ဘူး။ ဟိူတရက်က ကိစ္စကြောင့်လား”

ဟင်။ ဘာတွေပြောနေတာလဲ။  သူမ နားစိုက်ထောင်နေသည်။

“ကျတော် ပြောထားပီးသားပဲ။ ကျတော်ကိုယ်တိုင် ပေးဆပ်ထား တာပါဆို။ သွေးမကလို့ အသက်ကိုယူမယ်ဆိုလဲ အသင့်ပဲလေ”

“ဂျေဟီလာ”

အေးစက်စက် ခေါ်သံကြောင့် သူမ တချက်တုန်ခါသွားသည်။ တကယ်တော့ သူ့ကို ရှင်း ကြောက်သည်။ သူ့ရဲ့ အသံက ပါဝါရှိသည်။ အေးစက်စက် နဲ့ပြောဆိုလာတဲ့တခွန်း တခွန်းဆို ကြက်သီးထသည်။

ဘုရင်မ တယောက်ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်မည်။ သူ့ပုံစံက လူတိုင်းကိုသံသယနှင့်ကြည့်သည်။ မည်သူ့ကိုမှ အယုံအကြည်မရှိသည့် ပုံစံ။ အမြဲတမ်း ငါအတော်ဆုံးဆိုသည့် အသွင်။ မှန်ပေသည်။  လောလောဆယ် သူ့ကိုယှဉ်ပြိုင်နိုင်သူမှ မပေါ်သေးတာ။

“မင်းက ဘာလဲ။”

“ဘုရင်မ ကျတော်က…”

“မင်းက အခွင့်ထူးခံလူတန်းစားမဟုတ်သေးဘူးနော်။ ပီးတော့ ငါက သွေးကိုအချိနိပြည့်လိုအပ်နေတာ မဟုတ်ဘူး။ မင်းအသကိကိုယူရအောင် မင်းအသက်က ဘယ်လောက်တန် လို့လဲ”

“sex လား။ ငါ့အတွက်က မင်းနဲ့အတူတူနေလို့ ဘာဆန္ဒမှ ပြည့်သွား တာမရှိဘူး။ ငါပြောတာရှင်းလား။”

ရှင်း မျက်နှာထူပူသွားသည်။ သူမက အပျိုလေး။

“နောက်ထပ် စောတက တက်လာတဲ့ စကားမျိုးပြောလာမယ် ဆိုရင် ငါခွင့်လွတ်မှာ မဟုတ်ဘူးနော်။ သွားတော့”

ရှင်း ဆတ်ခနဲတုန်သွားပီး အမြန် လမ်းရှာသည်။ မရတော့ပါ။ တံခါးက ပွင့် လာခဲ့သည်။ နီဆုတ်နေသော မျက်နှာ နှင့် သူမကို တွေ့တော့

“ဟမ်း။ ဘုရင်မက အကြိုက်ပြောင်းသွားပီထင်တယ်။ စောင့်ကြည့်လိုက်အုံးမယ်။ မင်းကော ဘယ်လောက်ခံမလဲ ဆိုတာ”

ရှင်း မျက်ခူံးပင့်တက်ပီး မျက်လုံးပြူးသွားသည်။ ဘာပြောတာလဲ။ သူမ နားမလည်။ သူမက ဒီကိုစုံစမ်းဖို့ လာတာ။ ဘာဖြစ်လို့လဲ။ သူမနဲ့ မဆိုင်ဘဲနဲ့။

“ဝင်သွားလေ။ သူစောင့်နေတာမဟုတ်လား”

ဘယ်လို။ ဘာစောင့်နေတာလဲ။ မဟုတ်ဘူးလေ။

“ဒုတ်”

“အ…ဘာလဲဟ”

သူမပုခုံးကို ဝင်တိုက်သွား၍ လဲကျလုမတက် ယိုင်သွားသည်။ အပြင်မှာ ဒီလောက်ပြောဆိုနေတာ အထဲက မကြားဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ ဆို‌တော့ အသက်ရူထုတ်ပီး တံခါးဖွင့်ကာ

“ဘုရင်မ ကျမက…”

“ဝှစ်”

“ဟင်”

သူမမျက်စိရှေ့တင် စင်္ကြံလမ်းပေါ်မှ ခုန်ချသွားသည့် အတွက် ကြောင်အ သွားသည်ာ ဘာတွေဖြစ်နေတာလဲ။ အမြန် ဆုံးပြေးကြည့်တော့ တောင်ပုံတစုံကို အားယူခပ်ပြီး အဝေးသို့ ပျံတက်သွားသည်ကို တွေ့လိုက်ရသည်။ လတခြမ်းပဲ့အချိန်ကာ လဖြစ်သည်။ သူမမျက်နှာမူထားရာတွင် ထွန်းလင်းလို့။
တောင်ပံတစုံရှိသည့် သူ့ကိုအဝေးရောက်သွားသော်လဲငေးမော နေမိတော့သည်။ တကယ်တော့ အားကျပါသည်။ ဘယ် မဆို စိတ်စေရာ သွားနိုင်နေသည် မဟုတ်လား။
လေတဖွေးဖွေးတိုက်နေသော လ‌သာဆောင်တွင် သူမ တယောက် ထဲပါ။

&&&&&&

To be continued.

နောက်တပိုင်း တယောက်ယောက်တော့ အစားခံရပါမယ်။။

• နေမကောင်းလို့ နောက်ကျသွားတယ်။ ဆောရီးပါနော့။ အတက်နိုင်ဆုံးတော့ ရေးနေပါတယ်။

Zawgyi

Counter curse (တန်ပြန်ကျိန်စာ)(Z+Un)Donde viven las historias. Descúbrelo ahora