Part 22

723 66 6
                                    

Part 22

Unicode Version

“ပြန်မယ်”

“ဟင် ဒီအချိန်ကိုလား”

နေ့ခင်းကြောင်တောင်တောင်မှာ ရဲတိုက်မှာ မနေချင်ဘူးဟု သူမ ဆိုသည်။ ရဲတိုက်ပေါ်ပြန်ရောက်တော့ သတိပြန်ရနေသည့် သူမကို တွေ့လိုက်ရတော့ မည်မျီ ပျော်ခဲ့ရတယ် ထင်လဲ။ ဒါကို မဆိုင်း မတွ။ ဟိုနေရာကိုပဲ ပြန်ချင်တယ် ဆိုသည်။
Kamele က

“အခုချိန်က အဆင်မပြေဘူး။ မင်း ဘယ်မှာနေထိုင်တယ် ဆိုတာ အားလုံးက်ု ပြောပြလိုက်တာနဲ့အတူတူပဲ”

ရှင်းက သူနဲ့မျက်နှာချင်းဆိုင်ပီး

“ဘာလို့အဆင်မ ပြေရမှာလဲ။ ဪ။ နန်းကျ ဘုရင်ရဲ့ သမီးတော် မို့လို့လား”

ခနဲ့တဲ့တဲ့ပြောလာသူ သူမ။ သူ ရှင်းရဲ့လက်နှစ်ဖက်ကို ဆုတ်ကိုင်သည်။

“မဟုတ်ဘူး။ မင်းရဲ့လုံခြုံရေးကို စိတ်ပူတာ။ စောစောကပဲ မင်းကိုအဆိပ်ခပ် ဖို့လုပ်ကြံတဲ့သူတွေကို အပြစ်ပေးခဲ့ပြီ။ မင်း ရဲ့ အတွင်းစိတ်က မင်းပြည်သူ တွေကို မင်းကယ်တင်ချင်တယ်‌။ ဒါကြောင့် ပြည်သူပြည်သားတွေကို ထိခိုက်စေမယ့် အရာမျိုး မင်းမလုပ်ဘူး။လို့ငါယုံကြညတယ်”

ဘာ။ အဆိပ်ခပ်တယ်။ ဒါဆို။ သူမ တွေ့ရသည်က ဂျေဟီလာ သူမကိုလုပ်ကြံ ဖို့ကြံစည် ခဲ့သည်လား။ ဒါကြောင့် သူသတ်ပစ်ခဲ့သည်လား။ ဒါ ဆို ဘယ်သူ့ကိုအပြစ် တင်ရ‌တော့မည်နည်း။ အရာအားလုံးက သူမ ကြောင့် ပဲလား။

“မင်းကို တရားဝင် မိဖုရားမမြှောက်ရသေးဘဲ အနှောက်အယှက်မျိုးစုံ ဖြစ်လာလိမ့်မယ်။ ဒီအချိန်မှာ မလိုလားအပ်တဲ့ ကိစ္စကို တက်နိုင်သမျှ တားဆီးရမယ်”

ရှင်းက ခေါင်းငုံ့သွားပြီး

“ငါ မိဖုရား မဖြစ်ချင်ဘူး။ ငါ နင်နဲ့အတူတူနေခဲ့တဲ့ အရင်က အချိန်လေးတွေထဲပဲ ပျော်‌ေမွ့နေချင်တယ်”

Kamele  သို့ပေမယ့် မဖြစ်နိုင်ဘူး မဟုတ်လား။ ကိုယ်ချစ်တဲ့သူနဲ့ တိတ်တခိုး ပုန်း ချစ်နေရတာက မဟုတ်သေးပါ။ သူမကို အရမ်းမြင့်မြတ်တဲ့နေရာထိ တင်ထားချင် ခဲ့တာ။ဒါကြောင့်

“ငါက ဘုရင်မ။ မင်းက ငါ့ကို အုပ်စိုးမယ့် ဘုရင်မ။ ဒီမှာ”

ပြောပြောဆိုဆို ဖြင့် သူမ လက်ထဲသို့ ကျောက်စိမ်းဓါးတချောင်း ထည့်ပေးသည်။ ဓါးမြှောင်ဆိုလျင် ပိုမှန်မည်။

“မင်းအသက်ကို ကာကွယ်ပေးနိုင်တယ်။ ဒီဓါးနဲ့ဘာမဆို ဖြေရှင်းလို့ရတယ်။အရေး ပေါ်အခြေအနေဆို အသုံးဝင်မှာပါ။”

Kamele ကျေကျေနပ်နပ်ပြုံးမိသည်။ သူပေးချင်သည့် ပစ္စည်းတခုကိုပေးလိုက် နိုင်ပြီ။ မိဖုရားအရိုက်အရာကို တရားဝင်မအပ်နှင်းရသေးတာပဲ ရှိမည်။ သူမကို ပွေ့ပိုက်ထားရင်း

“ငါတို့လက်ထပ်ပြီးရင် မင်းအဖြစ်ချင်ဆုံးဆန္ဒတခုကို မင်္ဂလာဦးညမှာ တောင်းဆိုပိုင်ခွင့်ရှိတယ်။ ချွင့်ယွင်းချက် မရှိ။ ငါလိုက်လျောပေးမယ်လို့ ကတိပြု တယ်”

ရှင်း သူ့ရင်ခွင်ထဲ တိုးဝင်မိတော့သည်။ ယခုလို အချိန်လေးသာ ထာဝရတည်ရှိနေ မယ်ဆိုရင် ရှင်းအတွက် လုံလောက်ပါပြီ။ သူနဲ့ရှင်းကတသားထဲ ။ အတူတူပဲ။ သူ့ကိုပြန်ဖတ်ထားရင်း။ သူမ နူတ်မှ မပြောဖြစ်သေးသည့် စကားတခွန်းကို ခဏတာ မျိုသိပ်ထားတော့ သည်။ မကြာခင် ဖွင့်ပြော‌မှာပါ။

“အရင်နေရာကိုပြန်ချင်တယ် မဟုတ်လား။  ပြန်မယ်ဆိုရင် နည်းလမ်းရှိတယ်”

ရှင်း သူ့ရင်ခွင်ထံမှရုန်းထွက်ပီး မျက်နှာချင်းဆိုင်သည်။ Kamele က တချက်ပြုံး ပြီး

“အသွင်ပြောင်းကြတာပေါ့”

&&&&&&&

ဘာအသွင်ပြောင်းတာလဲ။ သူကျ ဘာမှ မပြောင်းလဲပဲ။ သူမ က အစေခံ တယောက် ရဲ့ဝတ်စုံပြောင်းပေးလိုက်ခြင်းပင်။ နန်းတော်က ထွက်လာခဲ့ သည့် နောက် ရှင်းမျက်မှောင်ကုတ်ထားသည်။ Kamele ရယ်ချင်စိတ်ကို မနည်း အောင့်ထား ရသည့် အတွက် မျက်နှာတွင်ပြုံးစိစိ ဖြစ်နေမည်မှာ အမှန်ပင်။
Kamele နန်းတော်ထဲက ထွက်လာသည်နှင့် အားလုံးသတိထားမိသည်။ ယခုတော့ သူမ နှင့် နှစ်ယောက်ထဲ ထွက်လာတော့ မြင်ရသူ အပေါင်း နည်းနည်း တော့ထူး ဆန်းနေသယောင်ပင်။ သူ့ကို ဘုရင်မ ဆို၍ပင် သတိထားမိနိုင်ပါ့မလား။

သူမ ဝတ်စုံမပြောင်းထားပါဘူး။ သို့သော်။ သူတို့နှစ်ယောက်ကို ကြည့်ပီးတီးတိုး ပြောဆိုနေသည့် သူတွေရှိသည်။ မြို့တော် လမ်းမ အတိုင်း အတူတူ လျောက် လာသည်။ သူက

“တခုခုစားမလား။ မြို့တော်ထဲ မင်းလျှောက်မသွားဖူးဘူး မဟုတ်လား။ အရမ်းအလျင်မလို ရင် လည်ပါတ်ပြီးမှ သွားကြမယ်လေ”

ရှင်း တချက်လှညိ့ကြညိ့သည်။ KAME က သူမ လက်ကိုဆွဲပြီး နီးစပ်ရာ ဆိုင်တဆိုင် ထဲဝင်သွားတော့ သည်။ ဆိုင်ရှင်အပါအဝင် ဧည့်သည့် တွေက အစ သူတို့နှစ်ယောက်ကို အထူးအဆန်းလုပ်ပီ့းကြည့်နေသည်။ သေချာတဲ့အကြောင်းပြ ချက်နှစ်ခုရှိသည်။ အဲဒီက

“စာပွဲထိုး”

သူ လှမ်းခေါ်လိုက်ချိန် သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်ကာ

“ဧည့်သည်။ မြင်ဖူးနေသလိုပဲနော်။ ဒီကပဲလား”

စာပွဲထိုးတင်မက အားလုံးရဲ့အကြည့်က သူတို့နှစ်ယောက်ဆီမှာ

“မြင်ဖူးလို့လား။”

စာပွဲထိုး က သူ့သူဌေးဆီ တချက်လှမ်းကြည့်ပြီး

“နည်းနည်း”

ရှင်းပြုံးမိသည်။

“ဘာသုံးဆောင်ပါမလဲ”

“ဘာရလဲ ဒီမှာ”

“ခေါက်ဆွဲပြုတ်။ ခေါင်ရည် နဲ့ အမြည်း”

ရှင်းက

“ခေါက်ဆွဲ နှစ်ပွဲချပေးပါ”

“ဟုတ်ကဲ့ ခဏစောင့်ပေးပါ”

စာပွဲထိုး ပြန်လည် ထွက်ခွာသွားတော့မှ KAME က သူမရှေ့သို့ ရေနွေးကြမ်း ထည့်ပြီးကြွေပန်းကန်ကို ချပေးသည်။
ထိုအခါမှာတော့ တီးတိုး တီးတိုး စကားသံတချို့ကြောင့် သူပြုံးမိလိုက်သေး သည်။ ရှင်းက

“နင့်ကို မသိတာတော့ မဟုတ်ဘူးထင်တယ်”

Kamele က ခေါင်းညိတ်ရင်း

“သူတို့တွေ ဝေခွဲမရဖြစ်နေတာ။ ငါ က ဘယ်သောအခါမှ ရဲမက်မပါဘဲ အခုလို ထွက်မလာဖူးဘူး။ တော်ရုံလဲ လူအတွေ့မခံဘူး။ တချို့က မြင်ဖူးပေမယ့် တချို့က ‌သိချင်မှသိမယ်။ အခုလဲ အဝတ်အစားကြောင့် သူတို့တွေ မသဲကွဲဘူး”

ရှင်းက ထိုသူတွေကို လှည့်ကြည့်သည်။ နောက်

“ဘာလို့တ‌ယောက်ထဲ မထွက်တာလဲ။ အပြင်ကို”

Kame က သူမကိုစိုကိကြည့်ရင်း

“ထွက်တယ်။ ည ဆိုရင်။ ညတိုင်း မင်းကို လာလာ ကြည့်ရင် ငါတယောက် ထဲပဲ”

ရှင်း နားရွက်နှစ်ဖက်က ရဲသွားသည်။ သို့သော် ဘာမှ မခံစားရသလိုနဲ့။

“ကိုယ့်အလုပ်ကိုယ် ရှာတာမဟုတ်လား”

Kamele သူမ နားရွက်တဖက်ကို လှမ်းကိုင်သည်။ ပြုံးပြီး

“နီရဲနေတာပဲ။ ဖျားနေတာလား”

“ဖတ်”

သူမ လက်နဲ့ပြန်ရိုက်ချသည်။ သူမကို ကြည့်ရင်း Kamele ရယ်မိတော့ သည်။ ထိုစဉ် ခေါက် ဆွဲနှစ်ပွဲ သူတို့စာပွဲပေါ် ချပေးရင်း

“ကျတော်တို့ ဘုရင်မနဲ့ရုပ်ခြင်းဆင်နေလို့ပါ။ စိတ်မရှိပါနဲ့နော့”

ရှင်းက ပြုံးမိသည်။

“ရပါတယ်။ ရပါတယ်။ ဒါနဲ့ ကျတော်တို့ ဘုရင်မ ဆိုတော့ ဘုရင်မကို ဘယ်လို မြင်လဲ။ ကျမက နန်းတွင်းမှာပဲ နေခဲ့ရတာ ဆိုတော့ ပြင်ပ အကြောင်း သိပ်မသိ ဘူး”

“မဆိုးပါဘူး။ ကျတော်တို့ ကောင်းကောင်းမွန်မွန် နေရတယ်။”

“ဘာ မဆိုးပါဘူးလဲ။ ငါတို့မင်းသမီးလေး နန်းတော်ထဲမှာ ဖမ်းချုပ်ထားတာ မဟုတ်လား”

ရှင်း သူ့ကို ကြည့်မိသည်။

“အခုဆိုရင် သေများသွားလား မသိဘူး။ နန်းကျဘုရင်နဲ့ကို နန်းတော်အပြင် ထုတ်ပီးသတ်တဲ့နေ့ကို မမေ့ကြနဲ့ဟေ့”

Kamele က သူမကို ကြည့်ပြီး ပြောချင်တာ ပြောပါစေ ဆိုသည့် သဘောဖြင့် ခေါင်းညိတ်ပြသည်။ သူတို့နားကဦးတည်သွားသည့် စကားဝိုင်းက တဖက် စာပွဲဝိုင်းမှာ ပိုမိုစည်ကားနေသည်။ အကြောင်းအရာကတော့ ဘုရင်မ မကောင်းကြောင်းပါ။
ထိုအထဲက တန်ပြန်ခုခံသူလဲရှိပေမယ့် လူနည်းစုပါ။

“Kame”

“အင်း”

ရှင်းက

“စိတ်မဆိုးဘူးလား”

Kamele ပြုံးသည်။ ခေါင်းခါရင်း

“သူတို့က ငါ့ဒေါသရဲ့ထွက်ပေါက် ဆိုရင် ဒီလောကမှာ လူသားဆိုတဲ့သတ္တဝါ ရှိမှာကိုမဟုတ်ဘူး”

ရှင်းက

“သူတို့ပြောတာတွေက”

“ပါးစပ်ရာဇဝင်တွေပါကွာ။ ကိုယ့်စိတ်အထင် က်ုယ်လိုရာဆွဲတွေးပြီးပြော နေကြတာ။ ဂရုစိုက်မနေနဲ့”

ရှင်းက

“မဖြေရှင်းဘူးလား”

KAME က

“ရှင်းလေ ရူတ်လေပဲ။ ဒီအတိုင်း မှားမှားမှန်မှန် ပစ်သာထားလိုက်။ သူတို့ဆိုတဲ့ လူသားတွေက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ။ ငါ့ကိုသတ်နိုင်မှာလား။ နန်းချ နိုင်မှာ လား။ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် စိတ်ဖြေဖို့ အတွက် ပြောတာပဲ”

ရှင်း ဘာမှ ဆက်မပြောတော့ပေ။ Kamele ထိုအဖွဲ့ကိုလှမ်းအကြည့် ဆိုင်အတွင်းဘက်မှ ထွက်လာသော လူတစုကြောင့်

“ရှင်း သွားမယ်”

သူမလက်ကို ဖမ်းဆွဲပြီးချက်ချင်းဆိုင်ထဲက ထွက်ခဲ့တော့သည်။

“အဲ့တာ ဘုရင်မ မဟုတ်လား”

“မဟုတ်ပါဘူး။ ဘုရင်မလား ဒီလို တယောက်ထဲထွက်လာမှာ။ ဘုရင်မ ရူး ရူး နေတဲ့ သူပဲဖြစ်မှာပေါ့”

ရှင်း ထိုစကားကိုကြားတော့ ရယ်ချင်သွားသည်။Kame ထိုနေရာကအမြန် ထွက်လာရခြင်းက နန်းတွင်းအမတ်တွေထဲမှ လူတွေဖြစ်သည့်အတွက် သူ့ကို ချက်ချင်းသတိထားမိမည်အမှန်ပင်။။ ထိုဆိုင်နဲ့ဝေးရာ။ လမ်းမပေါ် ပြန် ရောက် လာတော့မှ

“ကဲ ဘယ်သွားကြမလဲ”

ရှင်းက

“မသိဘူးလေ။ သူပဲ ခေါ်လာပီးတော့”

ဘာဖြစ်ဖြစ် မြို့ထဲက ထွက်မှ ကိုအဆင်ပြေမည်။ နေဝင် ချိန်နီးပြီမို့ မြစ်ဆိပ်ကို သွားလျင် အဆင်ပြေမည်။ ထို့ကြောင့်

“သွားမယ် လာ”

နှစ်ယောက် အတူ ယှဉ်တွဲပြီး မြစ်ဆိပ်ဘက်သို့ ထွက်လာသည်။ နေကြာရိုင်း တဖက်တချက် ဖြင့်လမ်းဖောက်ထားသည့် မြေလမ်းလေးအတိုင်း လျောက် လာရင်း သူ့ရှေ့မှ အမြန် လျောက်ပြီး လိပ်ပြာလေးတွေဆီ ပြေးသွားသည်။ Kamele ပြုံးပြီးကြည့်နေသည်။ သူမ ပြန်လှည့်လာပြီး

“လိပ်ပြာတွေ မရှိတော့ဘူး။”

သိပြီ။ ဒါဆို။

ခေါင်းတချက်ညိတ်ပြီး လိပ်ပြာပြန်ခေါ်ရန် အပြု

နေကြာရိုင်း ပင်တွေကြားမှ တိုးထွက်လာသော မျက်နှာဖုံးအုပ်ထားသည့် လူတစုက သူမကို ဖမ်းချုပ်လိုက်တော့သည်။
ခဏချင်း အခြေအနေက ပြောင်းလဲသွားသည်။ ရှင်းရဲ့ လည်ကို ဓါးနဲ့ထောက်ပြီး လက်နှစ်ဖက်ချုပ်ထားကာ

“Kamele”

သူ အံကြိတ်လိုက်တော့သည်။

“မင်းရဲ့မိဖုရားလောင်းကို အဆုံးရှုံးခံမလား။ ထီးနန်းကို အဆုံးရှုံးခံမလား”

Kamele လက်ထဲသို့ လေးကိုင်းတခု ရောက်လာသည်။ ရှင်းအတင်းရုန်းထွက်ရန် ကြိုးစားပေမယ့် လည်တွင် ဓါးရှနာ တခုကြောင့် ကိုယ်မှာ ကျုံ့သွားသည်။ Kamele က မအံဩသည့် အသွင်ပါပဲ။

“မိဖုရားလောင်း?????။ ဒါဆို နန်းတော်ထဲကပေါ့”

“မြန်မြန်ဆုံးဖြတ်။ ငါတို့စိတ်မရှည်ဘူးနော်။ ဓါးတချက် ဆွဲချလိုက်ရုံပဲ”

Kamele က

“ဘယ်သူခိုင်းတာလဲ။ နောက်ကွယ်ကလူ ဖော်ထုတ်ပေးရင် အသက်ရှင်ခွင့် ပေးမယ်”

“ဟား။ ဓါးစားခံက ငါတို့လက်ထဲမှာနော်”

လှောင်သည့်သဘောလား။Kamle ပြုံးလိုက်သည်။ လေးကိုင်းကို ရှေ့သို့ မြှောက်ယူ ပြီး

“ငါဘယ်သူလဲဆိုတာသိပီးမဟုတ်လား။ အခုထိနောက်မဆုတ်သေးဘူးဆို‌ောတ့ ရှင်း။ ငါ့ကိုအပြစ်မဆိုနဲ့နော်။”

ဟင်။ ရှင်း နားမလည်သေးချိန်ပဲ။

“ဝှစ်..ဝှစ်..ဝှစ်”

မြှားသုံးချောင်း တချောင်းပီးတချောင်း ရှင်းအနားက လူတွေ လဲကျသွားသည်။

Counter curse (တန်ပြန်ကျိန်စာ)(Z+Un)Where stories live. Discover now