Unicode.
Part 10
နန်းတွင်းထဲသို့ အပျိုတော်အရွေးချယ်ခံ ပဏာမ ဇကာတင် စာရင်း တွင်သူမ ပါဝင်လာသည့်နောက်။ အမြဲတမ်း ဖုံးကွယ်ထား သည့် သူမ မျက်နှာမှာ လူအများရှေ့သို့ ဖော်ထုတ်လာခဲ့သည်။ သူမ မည်သူဆိုတာ တဦးတယောက်မှ မသိပါ။ သူမဝတ်ဆင် နေကြ ပုံစံနဲ့ နည်းနည်းပဲကွဲထွက်နေသည်။ ထိုသည်က အရောင်ပြောင်းသွားခြင်းပါ။
ခရမ်းနှင့် အဖြူ ကို သူမ ဝတ်ဆင်နေကျ ဒီဇိုင်း ကိုမပြောင်းပဲ ဝတ်ဆင်ထားခြင်းပါ။ အိမ်တော်ထဲက ထွက်လာပြီး နန်းတော် တံခါးဆီသို့ ရထားလုံးဖြင့် လိုက်ပို့ပေးသည်။
သူမ နာမည်ကို ရှင်း ဆိုသည့် တလုံးတည်းသာ ယူထားပြီး သူမ မည်သူဆိုတာ ဘယ်သူမှမသိစေရပါ။ နန်းတော်ဂိတ်တံခါးသို့ အရောက် ။
“နာမည်ဘယ်လိုခေါ်လဲ”
“ရှင်း”
သူမ တပါထဲ ယူဆောင် လာသည့် အထောက်အထား စာရွက်ကို ထုတ်ယူပြီးပေးသည်။
“ဝင်ပါ”
Terzerxin သက်ပြင်းတချက်ရှိုက်သည်။ ဤ တံခါးဝကို ကျော်လွန်သည်နှင့် သူမ ရဲ့အသိစိတ်ကို နိုးဆော်ရမည်က သူမရဲ့ မိဘတွေကို သတ်သွားသည့် တရားခံမှာ ဒီနေရာမှာ ရှိနေသည်။
အခွင့်အရေးကို လက်လွတ်မခံသင့်ပါ။ ထိုအသိတရားကို ထည့်သွင်းပြီး ခြေလှမ်းစတင်သည်။ နန်းတော်တံခါးဝတွင် အနက်ရောင် တံခါးတချပ် စောင့်ကြိုနေပြီး ဝင်ခွင့်ရှိသူ သူမ အတွက် တံခါးဖွင့်ပေးပြီးနောက် ။
သူမ မြင်ကွင်းထဲရောက်လာသည့် အရာမှာ ရဲတိုက် တခုဖြစ်သည်။ အင်မတန်ကြီးမားသည့် ရဲတိုက်။ ထိုရဲတက် ရဲ့ဘေးပါတ်လည်မှာ အဆောင်ငယ်များသာရှိသည်။
ရဲမက် တချို့ရဲ့ သူမ သွားသင့်သည့် လမ်းကြောင်းကိုညွှန်ပြ ပေးသည်။ ထိုရဲတိုက်ကိုမော့ကြည့်ရင်းရှေ့ဆက်လာသည်။ အပေါ်ဆုံးထပ်တွင် ရဲတိုင် မျက်နှာစာဘက် သို့ ချွန်ထွက်နေသည့် စင်္ကြံလမ်းက ထင်ထင်ရှားရှားမြင်ရသည်။
သူမ ငယ်စဉ်က နန်းတော်က မည်သို့ မည်ပုံရှိခဲ့လဲ ဆိုတာ သေချာမမှတ်မိပေမယ့် ဒီပုံစံတော့ မဟုတ်တာသေချာသည်။ ကြီးမားတဲ့တခါးချပ်နှစ်ချပ် ပွင့်ဟသွားသည့် နောက် သူမ လှမ်းဝင်လာသည်။ ခမ်းမတခုပင်။ ပုလ္လင် နေရာထိုင်ခင်းကို တံခါးမှ ချက်ချင်းမြင်နိုင်သလို။ လျှောက်လမ်းတဖက် တချက်စီ တွင် သူမလို ရွယ်တူ မိန်းကလေးအမြောက်အမြားရှိသည်။
သူမလဲ အလျှင်းသင့်သလို ဝင်လိုက်သည်။ အားလုံးရပ်နေသည်။ သူမ နောင်မှ ရောက်လာသည့် အပျိုတော်အရွေးချယ်ခံလေး တွေလဲရှိသည်။
“ဝုန်း”
တံခါးချပ်နှစ်ဖက် ပြန်လည်ပိတ်သွားသည်နှင့် ခန်းမ တခုလူံး အလင်းရောင်များခတ္တခဏခန့် မှောင်သွားပြီးမှ အလင်းပြန်ရလာသည်။ အလင်းကို ကျောက်တမျိုး သုံးထားသည်။ အလင်းရောင်နည်းပါးချိန်တွင် အရေင် ထွက်သည့် ထိုကျောက်များသားမက
“ဝုန်း”
ခန်းမရဲ့ ထောက်တိုင်များသည် လူတယောက်ဖက်ထားသည်ရဲ့ နှစ်ဆ ရှိသည်။ ထိုထောက်တိုင်များရှေ့တွင် သုံးချောင်းထောက် ၅ပေ အမြင့်ရှိသည့် မီးဖိုရှိသည်။ ထိုမီးဖိုမှာ မီးများရုတ်တရပ် တခန်းမတခုလုံးအပြင်နှင့်မခြားလင်းထိန်သွားသည်။
ထိုစဉ် လျှောက်လမ်းအတိုင်း လူတယောက်ဝင်လာသည့် အတွက် အနားမှ လူတွေ ခေါင်းငုံ့သွားသည်။ ထို့ကြောင့် သူမ လှည့်ကြည့်ရန် မဖြစ်နိုင်တော့ပေ။
ခန်းမ တခုလုံး ခြေသံ တစုံရဲ့ အသံသာ ပဲ့တက်ထပ်နေသည်။ ရှင်း မျက်ဝန်းထောင့်မှ တချက်လှမ်းကြည့်လိုက်သည်။ အနက်ရောင် ဝတ်ရုံရှည် ကို ဝတ်ဆင်ထားပြီး ခြေလှမ်းမှာ တသတ်မှတ်ထဲ ဖြစ်နေသည်။ ကျော်လွန်သွားမှ ဖြေးဖြေးချင်းမော့ ကြည့်မိချိန် အနောက်ဘက်ကိုသာမြင် ရသည်။
ခြေသံမကြားရတော့သည့် နောက်။ တခြားသူတွေ ခေါင်းမော့ ပီမို့ သူမ မျက်ဝန်းက ထိုသူဆီသို့ ကြည့်လိုက်သည်။
အမျိုးသမီးတယောက်ပါပဲ။ ထိုအမျိုးသမီးက ပုလ္လင်တွင်ထိုင် နေခြင်းမဟုတ်။ ရပ်နေသည့် အနေအထား ဖြစ်သည်။
“ဒီနေ့ ဇကာတင်စာရင်းထဲကနေ ဘယ်သူတွေကို ရွေးချယ်လဲ ဆိုတာ ကြော်ညာပေးမယ်။ အရင်ကဆိုရင် ဘုရင်မ ကိုယ်တိုင် စစ်ဆေးမေးမြန်းပြီးမှ ရွေးချယ်တာ။
ဒီတကြိမ်ကိုတော့ ရွေးချယ်ခံရပီးမှ ဘုရင်မ နဲ့တွေ့ရမယ်။ ထပ်ပြီး ပြောလိုက်ပါမယ်။ ရွေးချယ်ခံပီးသားသူတွေပဲ ဘုရင်မနဲ့ တွေ့ရပါမယ်။
ဒါကြောင့် မကြော်ညာခင် အလုပ်လုပ်ဖိုါ ဆန္ဒမရှိသူများ။ နာမည်စာရင်း အတည်ပြုပြီး ထွက်သွားလို့ရပါပီ”
နန်းတွင်းရဲ့ ဓလေ့က မည်သို့ မည်ပုံဆိုတာ မသိပေမယ့် နည်းနည်း ထူးဆန်းေနသည်ဟု ထင်မိသည်။
ထွက်ခွာသွားသူ မရှိသည့် အတွက် နာမည်စတင်ကြေညာသည်။
သူမ နာမည်ကို မည်သည့်အချိန်တွင်ကြားရမည်ဆိုသည် မသိသော ကြောင့် အာရုံစိုက်ပီးနားထောင်နေသည်။
ရှင်း ဆိုသော နာမည်တလုံးထဲ ကိုခေါ်လိုက်ပီးနောက်။ ကြောညာသူ အမျိုးသမီး မျက်မှောင်ကုတ်သွားသည်။
“မျိုးရိုးနာမည်က ဘာလဲ”
ထူးထူးဆန်းဆန်း ဖြစ်နေသည့် အတွက် အားလုံးရဲ့အာရုံစိုက် ခြင်းကို ခံလိုက်ရသည်။ သူမက မမူ့ပေ။
“မျိုးရိုးနဲ့နာမည်က အတူတူပါပဲ”
သူမကို ထူးဆန်းသလိုလို ကြည့်ပေမယ့် ဘာမှဆက်မမေးတော့။ စုစုပေါင်းရွေးချယ်ခံရသည်။၃၈ ဦးရှိသည်။ တဆက်ထဲ အဆောင်များကို ခွဲပေးသည်။ အပျိုတော်ဆောင်။ အစေခံအဆောင် နှင့် ချက်ပြုတ်ရေးအဆောင်။ ရှင်းက အပျိုတော် အဆောင် မှာ နာမည်စာရင်းပါနေသည်။ သူမ ချက်ပြုတ် ရေးဆောင်ကို ရောက်ချင်ပေမယ့်။
သူမတို့ နားနေရန် အဆောင်များဆီသို့ အစောင့်များက လိုက်ပို့စဉ်
“ဟေ့။ ရှင်း...”
ဟင်။ သူမကို တယောက်ယောက်က ပုခုံးပုတ်ပီးလှမ်းခေါ်လိုက် သည်ပင်။ ရှင်း နောက်လှည့်တော့ ရွယ်တူ မိန်းကလေးတ ယောက်က သူမလက်ကို လာချိတ်သည်
“အတူတူသွားမယ်လေ။ တဆောင်ထဲ မဟုတ် လား”
မှန်သည်။ သို့ သော် သူမ အတွက် အပေါင်းအသင်းမလိုအပ်ပါ။ သူမကလျို့ဝှက်သူ။ လျို့ဝှက်ကြံစည်ဖို့ နန်းတွင်းထဲ ရောက်လာမှုအပေါ် သူမ အကြောင်းသိသူ တယောက်မှ မရှိလေ။ ကောင်းလေပဲ။
သူမ အင်းမလှုတ်အဲ မလှုတ် ဖြစ်နေသည့် အခါ။
“အပျိုတော်အဆောင်ရောက်တာ နည်းနည်းလေးရယ်။ ရှင်းက အရမ်းမစိမ်းပါနဲ့။ ပီးတော့”
သူမ နား အနားသို့ ကပ်ကာ ပြောလိုက်သည့် စကားတခွန်း ကြောင့် လက်ကို ချက်ချင်းခါထုတ်ပစ်သည်။ ထိုကောင်မလေးက စိတ်မဆိုးပဲ ပြုံးသည်။
ဦးရီးတော် ရဲ့ တူမ ဝမ်းကွဲ ဖြစ်နေသည့် ထိုမိန်းကလေးရဲ့ စကားကြောင့် သူမ ခြေလှမ်းတွေ ရပ်သွားခဲ့ရသည်။
“ကျွန်မပဲ သိတာ။ ဒါကြောင့် ”
သူမက
“မလိုအပ်ပဲ ဘာမှ မပြောတာ ကောင်းမယ်ထင်တယ်။”
အေးစက်မာကျောနေသညိ့ အသွင်ရှိသည့် မျက်နှာ။ လက်သီးကအမြဲတမ်းလိုလို ဆုတ်ထားသည်။ အကြောင်းအရင်း မှာ အန္တရာယ်များတဲ့အနေအထားကို အမြန်ကျော်လွှားချင်နေသည့် အတွက်ပင်။
“သွားမယ်”
ရပ်နေလျီင် ပိုသတိထားမိမည်။ ထို့ကြောင့် သူမ ဆက်လျှောက် ရင်း။ အနားမှ ထိုမိန်းကလေး လိုက်ပါလာသည်နှင့်
“အပျိုတော်က ဘာလုပ်ရလဲ”
အသံနိမ့်ပြီးမေးသည်။ ထိုမိန်းကလေးက
“ဘုရင်မ နဲ့ အနီးကပ် နေရတယ်။ ပီးတော့ ဘုရင်မ ခိုင်းစေ တဲ့ကိစ္စအားလုံးကို မငြင်းဆန်ပဲ လုပ်ပေးရတယ်။ ငြင်းဆန်ရင် နေရာမှာပဲ အသတ်ခံရတယ်။”
သိပါသည်။ ရက်စက်မယ်ဆိုတာ။
“အပျိုတော် အတော်များများက အသတ်ခံရတာ များတယ်။ နန်းတွင်းနဲ့ လိုက်လျောညီထွေ မဖြစ်ရင် ဘုရင်မက ခွင့်လွတ်မပေးဘူး မင်းသမီးလေးလဲ သတိနဲ့နေနော်။”

YOU ARE READING
Counter curse (တန်ပြန်ကျိန်စာ)(Z+Un)
Vampireကိုယ်တကယ်မြတ်နိုးရတဲ့သူဆိုရင် သူမ ဘာဖြစ်နေနေ ဘယ်လိုဘဝမျိုးရောက်နေပါစေ သူမအပေါ်ထားတဲ့ချစ်ခြင်းတရားဆိုတာ ဘယ်တော့မှ ယုတ်လျော့သွားမှာမဟုတ်ဘူး. အချစ်ဆိုသည့်အရာပေါက်ဖွားလာသည်မှာ အမုန်းအရင်းခံကနေလဲ ဖြစ်နိုင်သည်မို့ အရမ်းမမုန်းကြပါနဲ့နော်။ မတော်လို့ချစ်မိသွ...