Unicode
Part 15
အေးစက်မာတင်းနေသည့် မျက်နှာထားကြောင့် အမတ်တွေ အားလုံး အသက်မရူရဲ့သည့် အခြေအနေကို ရောက်ရှိနေကြသည်။ ပထမဆုံးတင်ပြချက် အပီး ယခုလိုဖြစ်သွားခြင်းလား။ မဟုတ်ပါ။ ခန်းမထဲ ဝင်လာကတဲက ယခုလိုဖြစ်နေခြင်းပါ။
မည်သည့် အကြောင်းအရာက ထိုသို့ ဖြစ်စေလဲ။ အမတ်တွေ တယောက်မျက်နှာ တယောက်ကြည့်နေသည်။ ရုတ်ချည်းထရပ် ကာ ခန်းမ အပြင်ဘက် သို့ ထွက်သွားသည့်အခါ ဇန်းက
“အရေးကြီးတင်ပြဖို့ မရှိရင် လူကြီးမင်းများအားလူံး နေရပ်ကို ပြန်နိုင်ပါပြီ”
“ဘုရင်မ ဘာဖြစ်သွားတာလဲ။”
ဇန်းလဲမသိပါ။ ခေါင်းသာခါမိသည်။ ယခုလို အခြေအနေ မျုးက ရှား ပါးသည်။ သီးသန့်နေရာက ပြန်ရောက်ကတဲက ယခုလိုဖြစ် နေပီး တခုထူးဆန်းသည်က နန်းတော်တွင် ရှင်း ပျောက် နေခြင်း ပင်။
မနက်စောစော ဆိုရင် ရှင်း ရှိနေရမည်။ သို့ သော် ဘုရင်မရဲ့ အဆောင်မှာ ရှင်း ရှိမနေသလို။ နန်းတွင်းမှာလဲ ရှိနေခြင်း မဟုတ်။ ထို့ကြောင့် ဒေါသထွက်နေသည်လား။ နန်းတော်ထဲက ထွက်ပြေးသွား၍လား။
သို့တည်းမဟုတ်။ ပုန်ကန်ဖို့ လုပ်ဆောင်နေပီလား။ ဇန်း သူမ နောက်သို့ ခပ်သုတ်သုတ် နဲ့လိုက်သွားစဉ် မြင်းစောင်းဘက်မှာ မြင်းတကောင်ဆွဲပီးထွက်လာသည့် အတွက်
“Your Masjesty”
မြင်းပေါ်သို့ ခုန်တက်ပြီး
“ဒီမှာစောင့်နေ”
“ဟုတ်ကဲ့”
ရှင်းနဲ့ပါတ်သတ်ပီးဘာမှ မပြောပါလား။ ဘာဖြစ်တာမို့လဲ။
**”
“ဝုန်း”
လေပေါ်မြောက်တက်ပီး အခန်းထဲကနေ လွင့်ထွက်သွားစေသည့် အနက်ရောင် အငွေ့အသက်များ။
ထိုသူမှာ Nameso.
ကျန် သုံးယောက်မှာ နေရာမှာတင် တုတ်တုတ်မှ မလှုတ်ရဲ။ Kamele သူ့ကို ပြန်ဆွဲယူပြီး လည်ပင်းကို လက်နှင့် ဆွဲညစ်ထားသည်။
“ဘုရင်မ”
Ura မနေနိုင်တော့ပေ။ ရောက်ကတဲက Nameso နှိပ်စက်ခံနေ ရသည်။ ဘာအကြောင်းကြောင့် ဆိုတာ မသိရပေ။
“သူက…”
“ဝှစ်”
“အားး”စကားပင် မစလိုက်ရပေ။ မြှားတချောင်း လက်မောင်းကိုဖောက်ဝင်ကာ ထိုမြှားနောက်ပါသွားကာ နံရံတွင် ထိုးစိုက်လျက်နှင့် ခန္ဓာကိုယ်မှာ နံရံနှင့်ကပ်ပီးသားဖြစ် သွားတော့ သည်။
Deta နဲ့ Lusiya က ဝင်မနှောက်ယှက်ပေ။
လည်ပင်းညစ်ထားသော လက်ကိုပြန်လျြောလိုက်ချိန် ပုံခနဲ ကြမ်းပေါ် ပြုတ်ကျသွားသည်။ နည်းနည်းလေးမှ မလှုတ်ရှားနိုင် သည့်။ အခြေအနေမှာ။
“မင်းလုပ်ရပ်က နောက်ပိုင်းဘာတွေဆက်ဖြစ်နိုင်တယ် ဆိုတာ ကိုယ်တိုင်ကြုံတွေ့ကြည့်လိုက်စမ်းပါ”
မြှားစိုက်ဝင်နေသည့် Ura လဲ နူတ်ဆိတ်နေသည်။
“Tezerxin ကိုသတ်ချင်တာလား။ ငါ့ကိုသတ်စေချင်တာလား။ မင်းက ငါ့ကို ကြိုးကိုင်ချင်တာလား”
Deta မျက်လုံးမှိတ်ထားတော့သည်။ Nameso ဘာတွေလုပ်နေတာလဲ ဆိုပီး ဝင်ဖြေရှင်းခြင်းတော့မရှိ။ တစုံတယောက် ဝင်ရင် သူပိုစိတ်ဆိုးမည်။
“ကျတော်က…အဟွတ်…အဟွတ်…”
“ကျတော် ဘုရင်မ အတွက် ရန်ရှင်းပေးချင်တာပါ”
ချောင်းတဟွတ်ဟွတ် ဆိုးနေရင်း အတက်နိုင်ဆုံးဖြေရှင်းချက်ပေး သည်ာ မပေးရင် သေမှာပါ။ ဘယ်သူကမှ ဝင်ပီးရှင်းပြပေးလို့မရ။
“ဘုရင်မ အတွက်ပါ”
“မင်းလုပ်ရက်က ဘာဖြစ်သွားတယ်ထင်လဲ”
“သူသေသွားတယ်ဆိုရင် ကျတော် ကျေနပ်ပါတယ်။ သူမရှ်မှ”
Kamela က
“ငါ့အတွက် အားနည်းချက်က သူဖြစ်ရမှလား”
ထိုအခါမှ Nameso ခေါင်းထောင်လာသည်။ အားလုံးလဲ ထိုအခါမှ အထိတ်တလန့် ဖြစ်လာသည်။ Nameso အားကုန်သုံးပီး ထသည်။ နောက်သူမ ရှေ့တွင် ဒူးထောက်ကာ
“ဘုရင်မ”
Kamele နောက်လှည့်ပီး ထိုင်ခုံပေါ်သို့ ပစ်ထိုင်လိုက်သည်။ မြှားကို သူမ စွမ်းအားနဲ့ပြန်ဆွဲနူတ်ပေးသည်။
Kamele အံကြိတ်ထားသည်။ ဒီမနက် သူမ နိုးလာချိန်မှ သိလိုက်ရခြင်းပင်။ ဘာကြောင့်လဲ ဆိုတော့ လူတယောက်ကို သနားစိတ်စတင်ဝင်ရောက်လာခြင်းနှင့် အတူ နှလုံးသားတစုံလဲ စတင် ခုန်လှုတ်လာခြင်းကြောင့် ဖြစ်သည်။
Nameso ခေါင်းငိုက်စိုက်ကျသွားသည်။
သူရည်ရွယ်တာက မင်းသမီးသေသွားဖို့တခုထဲပင်။ အားနည်းချက် တခုကို ဖန်တီးပေးဖို့မဟုတ်။ ဘုရင်မ တခုခုဖြစ်လျှင် သူ့ကိုယ်သူ ခွင့်လွတ်နိုင်မည် မဟုတ်တော့။
“ငါ့အားနည်းချက်က Tezerxin ပဲ။ ငါ့ရန်သူက ငါ့အားနည်းချက်။ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်”
Deta ခေါင်းတသွင်သွင် ခါနေသည်။
Lusiya လဲ ဘာမှ ဝင်မပြောပါ။ Ura က လက်က ဒဏ်ရာကို ကျန်လက်တဖက် ဖြင့် ဆုတ်ကိုင်ထားသည်။
“သူငါ့ကိုအရမ်းမုန်းတယ်။ ငါလဲ သူ့ကိုသံယောဇဉ်မရှိဘူး ။ ဒါပေမယ့် အခုက"
“အခုက…. မသေချာတော့ဘူး”
“ဘုရင်မ ဘက်က အခြေအနေ တခုပြောင်းလဲခဲ့ရင်ကော”
သူမက
“ဘယ်အချိန်က ငါ့စိတ်ငါထိန်းချုပ်နိုင်ဖူးလို့လဲ။ စိတ်စေရာ အတိုင်း ငါတည်ရှိနေတာပဲ မဟုတ်လား။ မနေ့ညကလဲ ငါ့စိတ်စေရာပဲ”
“မနေ့ညက အဖြစ်အပျက်ကြောင့် ငါ…..”
သူမ ဆက်ပြောချင်စိတ်မရှိတော့ပေ။ မည်သညမဆို ထိတ်တိုက ်ရင်ဆိုင် လေ့ရှိသော သူမ အတွက် Tezerxin ကိုတွေ့ဖို့အင်မတန် ခက်ခဲနေသည်။
ဒီမနက် တွေ့လိုက်ရတယ်။ အသက်ရှိပေမယ့် ခံစားချက်မဲ့နေတဲ့ မျက်ဝန်းတွေ။အရာရာက သူမ နဲ့မသက်ဆိုင်တော့တဲ့မျက်ဝန်း ျတွေ။ ထိုမျက်ဝန်းတွေကြောင့် နှလုံးသားတစုံက တဆစ်ဆစ် နဲ့နာကျင် လာသည်။
လှုတ်ရှားမှုကင်းမဲ့နေသည့် သူမရဲ့ ကိုယ်ခန္ဓာ။ ပီးတော့ သူမ စိတ်ထဲ မှာ ဘာတွေတွေးတောနေမလဲ။ ငါ့ကို ဘယ်လိုမြင်သွား မလဲ။ သူမရှေ့မှာ ဘယ်လိုရပ်တည်ရမလဲ။
ထိုစဉ်။Deta က
“ဘုရင်မ”
အတွေးများပျက်တောက်သွားသည်။
“ကျ တော်ရဲ့ထင်မြင်ယူဆချက်ကို လက်မခံနိုင်ရင် ချက်ချင်း အပြစ်ပေးပါ။ ကျတော်ပြေားရာရှိပါတယ်”
အနည်းငယ်သွေးအေးသွားသည့် အတွက် Deta ရဲ့စကားကို သူမ ဘာမှ မတုံ့ပြန်ပေ။ Detaက
“မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာ ကျတော်သေချာမသိပေမယ့် အမှန်တရားတချို့ ရှိပါတယ်”
မနေ့ညက အဖြစ်အပျက်က သူနဲ့ သူမ နှစ်ဦးတည်းသာ သိထား သည့် အရာပင်။
Deta
“ဘုရင်မ သူ့ကို သံယောဇဉ်ရှိပါတယ်။ သူမွေးလာကတဲက”
Kamele မျက်မှောင်ကုတ်သွားသည်။ Deta ကို လှည့်ကြည့်သည်။ Nameso,Ura နဲ့ Lusiya တို့လဲ အသီးသီး အတွေးမျိုးစုံ ဖြင့် ယောက်ယက်ခက်သွားသည်။
“မင်းသမီးမွေးတဲ့နေ့က ဘုရင်မ ရှိနေခဲ့တယ် မဟုတ်လား။ ပီးတော့ ၃ နှစ်အရွယ် အဖျားကြီးတဲ့အချိန်။ ဘယ်သမားတော်ကမှ မကုနိုင်တော့ လို့ လက်လျော့ ထားချိန် ဘုရင်မ ကိုယ်တိုင်သွားပီး စောင့်ရှောက်ပေးခဲ့တယ်။ သွေးနဲ့အသက်ဆက် ပေးခဲ့တယ်။ ပီးတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က တကြိမ်။ မကြာသေးခင်လက တကြိမ်။”
Kamele တိတ်ဆိတ်ရင်းနားထောင်နေသည်
“မင်းသမီးက ဘုရင်မကို သတ်ဖို့အတွက် မွေးဖွားလာတယ် ဆိုတာ သိရက်နဲ့ သံယောဇဉ် မရှိဘဲ ဘာကြောင့် ကိုယ့်သွေးကို ပေးပီး အသက်ကယ်တင်မှာလဲ”
“အခုလဲ ဘုရင်မ သူ့ကိုနာကျင်အောင် လုပ်မိလိုက်လို့ သနားမိ တယ်လို့ ထင်နေခဲ့တာပါ။
တကယ်တော့ ဘုရင်မ ဟိုးအရင်ကတဲက ဒီကလေးကို ခင်တွယ် နေခဲ့တာ။ ချစ်နေခဲ့တာ မဖြစ်နိုင်ဘူးလား”
Kamele ရဲ့ ဘယ်ဘက် မျက်ဝန်းမှာ မျက်ရည် တပေါက်က အကြောင်းမဲ့ စီးဆင်းလာသည်။
“သူ့ကိုထိခိုက်စေလို့ ကိုယ့်ကို ကိုယ် အပြစ်တင်နေခဲ့တာ မဟုတ် လား။”
“ကိုယ့်အားနည်းချက်ကို ကိုယ်မမြင်ခဲ့တာပါ။”
ဟုတ်လား။ ဒီလို မျိုးလား။ ကိုယ်ကို တိုင် နားမလည် နိုင်ပါလား။ Deta သူ့ကို သနားသည်။ အရမ်းသန်မာပီးရက်စက်သည်ဟု လူတိုင်းသိပေမယ့် တကယ်တော့ အရမ်းနုနယ်တဲ့နှလုံးသား တစုံကို ကွယ်ဝှက်နေခဲ့ရတာ။
သူတည်ရှိနေမှုရဲ့ရည်ရွယ်ချက်က လောကကြိ အုပ်စိုးဖို့ရန်သာ။ ထို့အတွက် အုပ်စိုးနိုင်တဲ့ အနေအထားကိုလဲ ပိုင်ဆိုင်ထားသည်ယ အားနည်းချက်ဆိုတာ လူတိုင်းမှာရှိသည်။ နတ်ဘုရားဖြစ်နေတဲ့ သူမှ ချို့ယွင်းချက် မဟုတ်။
နတ်ဘုရား။ ဘာနတ်ဘုရားလဲ။ Averna မျိုးနွယ်ဝင် နတ်ဘုရားဖြစ်သည်။ Queen of the Dead. သေချင်းရှင်ချင်းကို သူမ စီရင်နိုင်စွမ်းရှိသည်။ သူမတည်ရှိမှာမှာ အမှားအယွင်းနည်းနည်း ရှိခဲ့၍သာ သွေးလိုအပ်နေခြင်းဖြစ်သည်။
Tezer မျိုးနွယ်စုအုပ်စိုးရာ နေရာ ကို သူမ ရောက်ရှိနေခြင်းက လူသားတွေအပေါ် မတရားမှုစတင်ကျရောက်လာခြင်းကို ဖယ်ရှားရန် ဖြစ်သည်။
သို့သော်။ သို့သော် ဆိုတာရှိသည်။ သူမ အရာအားလုံးမကိုင် တွယ်နိုင်သေးသည့်အတွက် ဖြစ်သည်။
“ဘုရင်မ ရဲ့အားနည်းချက် ကို အတက်နိုင်ဆုံးဖုံးကွယ်ထားပါ။ အဲ့ဒီမင်းသမီးကို လူတွေရှေ့ ခေါ်မလာရင် ပိုအဆင်ပြေမယ်လို့ ကျတော် ထင်ပါတယ်”
သူမ ဒေါသထွက်တဲ့အချိန် နားဝင်အောင်ပြောနိုင်သူမှာ သူတို့လေးယောက်ထဲတွငါ Deta တယောက်ပဲရှိသည်။
“အားနည်းချက် ဆိုတာ ဘုရင်မ ကိုယ်တိုင်သတ်မှတ်မထားရင် လဲ ပျောက်ကွာ်သွားနိုင်ပါတယ်”
ဟုတ်လား။ ထိုသို့ ဖြစ်သွားနိုင်လား။ အမှန်သာ ဖြစ်လိုက်ချင်သည်။ သူမ တည်ရှိ နေ ခြင်းရဲ့ ပထမဆုံး စိုးထိတ်စေသည့်အရာက သူမ နှလုံးသား ခုန်လှုတ်ခြင်းတဲ့လား။
တလ တကြိမ် ခန့်သာ သွားသော သီးသန့် နေရာကို သူမ ထပ်မံရောက် ရှိနေသည်။ အေးစိမ့် နေလေ့ရှိသော နေရာလေး။ ယခုတော့ လူသားတယောက် နေထိုင်တဲ့အတွက် အနွေးဓါတ်ကို အပြည့် အဝ ရှိစေရန် သူမ လုပ်ဆောင် ပေးထားသည်။
မနက်က တယောက်နဲ့ တယောက် စကားတခွန်းမှ မပြောခဲ့ကြသ လို။ ယခုကောလား။သူမ အနားသို့ Kamele လျှောက်လာခဲ့ သည်။ ကျောက်သလွန်ပေါ်တွင် ရှိသော အိပ်ရာထက်တွင် အိပ်ပျော် နေသည်ပင်။
သူမ နားထိုင်ရင်း ငေးစိုက်ကြည့်မိရာ။
Deta ပြောပြတဲ့ အကြောင်းအရာကို ထပ်မံစဉ်းစားမိသည်။ မှန် နေတာ များလား။ သူမကို ထိခိုက်စေဖို့ ကြောက်ရွံ့နေသည်လား။ ဒီအတွက်ကြောင့် သူမအပေါ် အပြစ်ရှိသလို ခံစား နေရသည် လား။
မဟုတ်ပါ။ ဖြူချောက်နေသော နူတ်ခမ်းကို မြင်ရတော့ ယခုထိ ဘာမှမစားရသေးဘူးဆိုတာ သတိထားမိသည်။ မစားဘဲ ဘာလုပ်နေလဲ။ နေကော ကောင်းရဲ့လား။ သူမ နဖူးပေါ် လက်တင် လိုက်ရာ Kame မျက်လုံးပြူးသွားတော့သည်။
အဖျားကြီးနေခြင်းဖြစ်သည်။ ဖျားနေ တယ်။ ဘာလို့လဲ။ ချက်ချင်းပဲ သူမ ရဲ့ကိုယ်အောက်ကို လက်လျိုသွင်းကာ ပွေ့ထူသည်။ အမှန်ပင်။ ဇာတ်ကျိုးကျနေသည့် ပုံစံ။ ဘာကြောင့် လဲ။ ချက်ချင်း ကိုယ့်သွေးကိုယ် ဖောက်မည် အပြု။ Deta ပြောပြ သည့် စကားတချို့
“မင်းသမီးက ဘုရင်မကို သတ်ဖို့အတွက် မွေးဖွားလာတယ် ဆိုတာ သိရက်နဲ့ သံယောဇဉ် မရှိဘဲ ဘာကြောင့် ကိုယ့်သွေးကို ပေးပီး အသက်ကယ်တင်မှာလဲ”
အမှန်ပဲလား။ ငါသူ့ကို …တကယ်ပဲ။ တွေဝေနေရင်းက သတိပြန်ကပ်စေပြီး သွေးဖောက်ကာ သူ့နူတ်ခမ်းပေါ် တင်လိုက် သည်ာ တစက်ချင်းဆီ ကျသွားသည့်ညသွေးစက်များက ဒီ ကလေးမ အတွက် အထောက်အကူဖြစ်မည်သာ။ လည်တိုင်မှာ တွေ့ရသည့် အမှတ်အသားတွေ ကိုကြည့်ရင်း ကိုယ့်သူကိုယ် ပြန်သုံးသပ်ဖို့ လိုပါပြီ
ယောက်ျားတယောက်မဟုတ်တဲ့ ဒီ ကလေးအပေါ် ကျူးလွန်မိသည့် ကိစ္စပင်။ သူမက မိန်းမတယောက်အနေနဲ့ တည်ရှိ နေတာပါ။ ဘာကြောင့် မိန်းမချင်း အတူတူနေတဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ရတာလဲ။
ကုတင်အောက်ဘက်တွင်ပြုတ်ကျလျက် ရှိနေသည့် လိင်တံအတု။ ဧကန္တ ။ညက ဒါသုံးခဲ့တာလား။ ဘယ်လိုများ။ ငါ ကျေနပ် နေခဲ့တာလဲ။ ၃ လက်မ ခွဲအရွယ်ရှိပါသည်။ ပီးတော့ ဂျေဟီလာ နဲ့အတူတူနေတဲ့အချိန်ကဆိုရင် နည်းနည်းလေးမှ ခံစားလို့ မရခဲ့။ ဘာဆန္ဒမှ မပြည့်ဝခဲ့သည်ကို ။
အရာအားလုံးမှတ်မိနေသည့် သူမ။ ဘယ်လိုဖြတ်ကျော်ခဲ့သည်က အစ သိနေတော့ နားရွက်နှစ်ဖက် နီရဲလာပီး Tezerxin ကိုပွေ့ဖက် ထားမိတော့သည်။ သူမနဲ့အတူ ဆိုရင် လိုချင်တဲ့ ဆန္ဒတွေ။ ပျော်ရွင်မှု တွေရခဲ့သည်မှာ အမှန်။
ကိုယ့်စိတ်ကို ချုပ်တည်းဖို့ခက်ခဲ့ရာက ညက အတော် လွန်သွားပုံ ပေါ်သည်။ စိတ်လွတ်ကိုယ်လွတ် ပြုံးလိုက်မိတော့သည်။
VOCÊ ESTÁ LENDO
Counter curse (တန်ပြန်ကျိန်စာ)(Z+Un)
Vampiroကိုယ်တကယ်မြတ်နိုးရတဲ့သူဆိုရင် သူမ ဘာဖြစ်နေနေ ဘယ်လိုဘဝမျိုးရောက်နေပါစေ သူမအပေါ်ထားတဲ့ချစ်ခြင်းတရားဆိုတာ ဘယ်တော့မှ ယုတ်လျော့သွားမှာမဟုတ်ဘူး. အချစ်ဆိုသည့်အရာပေါက်ဖွားလာသည်မှာ အမုန်းအရင်းခံကနေလဲ ဖြစ်နိုင်သည်မို့ အရမ်းမမုန်းကြပါနဲ့နော်။ မတော်လို့ချစ်မိသွ...