Unicode
Part 14
တဖြေးဖြေးနဲ့တော့ နေသားကျနေပါပြီ။
လက်ထဲမှာလဲမြေပုံရှိနေသည့် အတွက် နန်းတော် အတွင်း လျှောက်ပတ်ရင်း နေရာတော်တော်များများကို သူမ ကျွမ်းကျင် နေပီဖြစ်သည်။
ပြောရမယ် ဆိုရဂ် သူ့အခန်းထဲဝင် ထွက်နေသည်ကို အဆင်ပြေ နေပြီ။ သူ့ရဲ့တနေ့တာ လုပ်ငန်းဆောင်တာတွေ ကိုမြင်တွေ့ရပြီး ဒီအခြေအနေကိုကြည့်ခြင်းဖြင့် အချိန်ပြည့် အလုပ်နဲ့လက်မပျက် သူဆိုတာတွေ့ရသလို။ လောလောဆယ်တွင် သူမရဲ့ ဦးရီးတော်ရဲ့သတင်းကို မရရှိခြင်းဖြစ်သည်။ မည်သို့မှစုံစအ်း ၍ မရ။ နယ်နှင်ဒဏ် ပေးတယ်ပြောပြီး ဘယ်နေရာဆိုပြီးလဲ မသိရပေ။ သူမက ကွယ်ဝှက်နေသူတယောက် ဖြစ်တဲ့အတွက် သူ့ကို တိုက်ရိုက်မေးနိုင်တဲ့အခြေအနေ မရှိ။
ယခုလဲ။ သူ့လက်အောက်သူတွေနဲ့ စစ်ရေးကိစ္စဆွေးနွေး နေသည်။ သူမ အဲဒီအပိုင်းကို နားလည်ဖို့ ခက်ခဲပေမယ့် အတက်နိုင်ဆုံးတော့ နားထောင်ဖြစ်အောင် နားထောင်သည်။ တခုရှိသေးသည်။ ဟိုတရက်က ဂျေဟီလာဆိုသူကို သူ့အခန်းမှာ မတွေ့ရတော့ပေ။ ထို့ ကြောင့် ဂျေဟီလာကို ချည်းကပ်ပြီး သတင်းယူဖို့ သူမ ဆုံးဖြတ်ထားသည်။
တခါတလေ ဆွေးနွေးပွဲက အချိန် တော်တော်ကြာသည်။ ယခုလဲ ထိုသို့ပဲ ထင်သည်။
“ေနာက်၃ ရက် နေရင် စထွက်မယ် ။ နယ်မြေအခြေအနေ ကြည့်ဖို့က အချိန်ယူရမယ်။ ဘယ်သူတွေကို တာဝန်ချမလဲဆိုတာ စီစဉ်ထား”
“ဟုတ်ကဲ့။ Nameso နဲ့ Ura ပြန်ရောက်နေပါပီ”
ဇန်းရဲ့စကားကြောင့် Kamele ရုတ်ခြည်းတိတ်ဆိတ်သွားသည်။ ဆွေးနွေးပွဲမှာပါတဲ့သူတွေက သူမကိုပဲ အကဲ ခက်နေကြတာပါ။ မတက်သာ၍လား။ တခြားအကြောင်းအရင်းရှိနေလား မပြော နိုင်။
“ဒီမှာတွေ့မယ်။ ဆွေးနွေးတာ ပီးပီ။ သွားတော့”
အားလုံးကိုပထုတ်ပေမယ့် စာပွဲသန့်ရှင်းရေးလုပ်နေသည့် Tezerxin ကိုတော့ မည်သည့် မှ မပြောလာပေ။
ဇန်း ထွက်သွားပီး အခန်းထဲတွင် သူတို့နှစ်ယောက်သာ ကျန်သည်။ Tezerxin မသိမသာ ခိုးကြည့်သည်။ ဘာများလုပ်နေလဲ ဆိုပီးတော့။ ပုံစံတူအဝတ်အစားကို ဝတ်သည် ဆိုပေမယ့် ဒီဇိုင်းနည်းနည်းကွဲသည်။ ခက်သည်က သူ့အဝတ် တွေကို ဘယ်မှာထားပါလိမ့်။ မတွေ့ဖူးသည့် အတွက် ထူးဆန်း သည်။ ပီးတော့ သူရေမချိူးဘူးလားမသိ။
တခါတလေ အိပ်ရာက နည်းနည်းလေးတောင် တွနိ့မနေ။ ဒီမှာကော အိပ်လား။ ဒါနဲ့ အိပ်ကော အိပ်ရဲ့လား။
“စိတ်ဝင်စားလား။ စိုက်ကြည့်နေပုံဆိုရင် တော့ တခုခုကိုသိချင် နေပီထင်တယ်”
ထိုစကားကြောင့် သူမ ဆတ်ခနဲ ခေါင်းပြန်ငုံ့ကာ ပြောင်လက် နေသော စာပွဲကို အဝတ်နဲ့ တိုက်နေမိတော့သည်။ အဉြခက်တာလေးကို မရဘူးလား။
“Your Masjesty”
“ရောက်ပါပြီ”
ထိုအခါမှ Tezerxin ထိုသူတွေကိုကြည့်သည်။ အမွှာဟုထင်မှတ် ရလောက်အောင် ရုပ်ချင်းဆင်ပေမယ့်
“ဘယ်လိုလဲ”
အသွင်အပြင်ကွဲနေတာလေးတွေတော့ရှိသည်။ သူမနန်းတွင်းထဲ လည်ပါတ်ချိန်စပ်စုမိထားတဲ့ အကြောင်းကိစ္စလေးတွေရှိသည်။ ဘုရင်မရဲ့ လူယုံလေးယောက် အကြောင်းပေါ့။ မြင်ဖူးသူရှယး ပါသည်တဲ့။ အမြဲလိုလို ဝတ်ရုံအနက်များဝတ်ပီး မျက်နှာကိုဖုံး ကွယ်ထားတက်သည် တဲ့။
အခုတော့ သူမ မြင်တွေ့ရသည်။ လူနှင့်မတူသော အချောအလှလေး တွေ ဆိုရင် မမှားပေ။
“ဗျူဟာအရ မြေအနေအထားကောင်းတယ်။ တောင်ကြောထဲ ဝင်ရုံနဲ့ မျက်စိလည်ပီး ပြန်ထွက်ဖို့ခက်တယ်။ ဝင်္ဂပါလိုပဲ။ ကျတော် တို့ အချိနိတော်တော်ကုန်သွားတယ်။ ဒါပေမယ့် ကျွမ်းကျင် ခဲ့ပါပီ”
Kamele က ခေါင်းညိတ်သည်။
“အကာအကွယ် တခုရတာပေါ့။ သဘာဝကပေးတဲ့လက်ဆောင်”
“ဟုတ်ပါတယ်။ မိုးရာသီဆိုရင် ပိုအန္တရာယ်များပါတယ်။ အခုသာ လမ်းပေါက်နေတာ။ မိုးတွင်းဆို ရေပြည့်နေလောက်ပီ”
“တခြားကော”
Uraက
“ကြွတ်တွေကို ရှင်းလင်းရမယ့် အချိန်ပါ။ နာမည်စာရင်း အတိအကျ ရရှိပါပြီ”
ကြွတ် ဆိုသည်မှာ။သစ္စာဖောက်ကိုဆိုလိုခြင်း ဖြစ်သည်။
“ခရီးအပြန် မှအဲဒီဘက်ခြမ်းစမယ်။ လောလောဆယ်။ ဒါ အရေးကြီးတယ်”
“ဟုတ်ကဲ့”
Kamele က
“ရှင်း။ သွားတော့”
“ဟုတ်ကဲ့”
ပ ထုတ်ပီဖြစ်သည်။ Tezerxin ရေစိုအဝတ် နှင့် သန့်ရှင်းရေး နဲ့ပါတ်သတိသည်များကိုသိမ်းဆည်းပီး အခန်းထဲမှာထွက် သွားသည် နှင့် ချက်ချင်း ပဲ။
တံခါးထပ်မဖွင့်စေရန် လက်တဖက် မြှောက်သည်။ သူမနေရာမှ ပဲ ချုပ်စည်းထည့်ပီး
“လပြည့်ည”
“ဟုတ်တယ်။ ဒါကြောင့် ကျတော် အမြန်ဆုံးပြန်လာတာ”
မှန်သည်။ ဒီညက လပြည့်ညပင်။ အရေးကြီး၍သာ အစည်းအဝေး ခေါ်ခြင်းဖြစ်သည်။
“ဆေးဆရာက သတ်သေသွားပါတယ်။ ဘုရင်မ”
ဆေးဆရာ။ သူမ အတွက် လိုအပ်သည့် ဆေးဆရာက ဘယ်ဘက်ကြွံမ်းကျင် ဖြစ်မည်နည်း။
“မျိုးဆက်ကော”
“ရှိပါတယ်။ လောလောဆယ်။ ထွက်ပြေးလွတ်မြောက်နေဆဲပါ။ လူလွတ်ထားပါတယ် ဒီည အတွက် လူတယောက် လွတ်ပေးပါမယ်"
သူမ ခေါင်းညိတ်ရင်း
“လိုင်နွန်ဘက်က ဘာကြားသေးလဲ”
“လောလောဆယ် ငြိမ်နေပါတယ်။ Lusiya ရှိနေတာလဲပါမယ် ထင်ပါတယ်”
လိုင်နိုင်မှာ မျိုးနွယ်စုခေါင်းဆောင်ရှိပေမယ့် သူမ ဘက်က တယောက်ယောက်ထားရမယ်။ ဘယ်လောက်ပဲ သူလျိုလွတ်လွတ်။ တနည်းမဟုတ်။ တနည်းတော့မိတာပါပဲ။ သည် တော့ ။
“Lusiya ကို ပြန်လာဖို့ပြောလိုက်။ သူတို့ဘာမှလုပ်မှာ မဟုတ်ဘူး။ Tezerxin ငါ့နားမှာထားပီးကတဲက သူတို့ငြိမ်နေမှာ။ မငြိမ်ကင် သူတို့ဘက် ပြန်ထိမယ်ဆိုတာ သိနေကြလိမ့်မယ်”
“မင်းသမီးကို အခိုင်းအစေအနေနဲ့ ထားတာက…..”
Kamele က တချက် စောင်းကြည့်ပီး
“သူ့အစားလာလုပ်ပေးချင်လဲရတယ်”
ဆိုတော့ ကျိတ်ပီး ရယ်နေသည်။ Kamele က
“သတိ ပေးသင့်တာ ပေးထား။”
“,ဟုတ်ကဲ့”
&&&&&&&&&&
“နာမည်က”
“ရှင်း”
သူမအခန်းရှေ့မှာ ပိတ်ရပ်ပီး။ ရဲတိုက်ပေါ် မတက် လာပြော သည်တဲ့။
“ဘုရင်မက သူ့အခန်းထဲ ဒီနေ့ထပ် မဝင်လာဖို့ပြောခိုင်းတယ်”
အော်။
URA က တချက်ပြုံးသည်။
“အသက်ငယ်သေးတာပဲ။”
ခေါင်းအစခြေအဆုံးကြည့်ပီး သူမကို အကဲခက်လာ၍ ကိုယ်ကို ကြုံ့မိသည်။ Nameso က Ura ကိုကြည့်ပြီး ခေါင်းညိတ်ပြ သည်။ အခုလို မိန်းကလေးတယောက်ကို ရှေ့ထားပီး တခုခုကို အကဲဖျက် နေသည့် ပုံစံက ရိုင်းစိုင်းလွန်းသည် မဟုတ် လား။
တံခါးဆွဲပိတ်ဖို့လုပ်တော့ Ura က သူ့လက်နဲ့ပြန်တွန်းထားပီး
“တခုခု အကူအညီလိုရင်ပြော။ ရောက်ဖူးချင်တဲ့နေရာ ။ သွားဖူးချင်တဲ့နေရာ။ ဘုရင်မ အနားမှာနေရတဲ့ဘဝက သေလမ်းကို တဖက်နင်းနေရသလိုပဲ။ မသေခင်လေးမှာ လုပ်ချင်တာ လုပ်သွားနိုင်အောင်လို့”
Namesoက
“ဟုတ်တယ်။ မြို့တော်အပြင်ဘက်မှာဆိုရင် အရမ်းလှတဲ့နေရာ တွေရှိတယ်။ ဒီနေ့ထွက်ချင်ရင် ငါတို့ကူညီပေးနိုင်တယ်”
ဘုရင်မ မှာ တခုခုရှိနေလို့ အပြင်ကိုပထုတ်နေကြတာပဲ။ ရည်ရွယ်ချက်ရှိရှိ။ သည်တော့
“ဘယ်နေရာတွေရှိလို့လဲ”
Nameso က မျက်ခုံးတဖက်ပင့်ရင်း
“အခုချိန်ဆို မြစ်ဘေးမှာ တောနေကြာတွေပွင့်နေပီ။ မိန်းကလေးတွေ အတော်များများ သွားကြတယ်။ နေမဝင်ခင်အထိတော့ တော်တော်လေးသာယာတယ်။”
အော်။ ဒါဆိုရင်တော့ အဲဒီနေရာက Kamele မရှိမယ့် နေရာပဲ ဖြစ်မည်။ သူမလဲ တခါရောက်ဖူးတာပဲ။ သွားကြည့်ရတာပေါ့
“ကျေးဇူးပဲ။ အဆင်ပြေရင်သွားရတာပေါ့”
“ကောင်းပီ။ သွားမယ်။Ura”
ထိုအခါမှ သူတို့တွေ ထွက်သွားသည်ာ တကူးတက လာရောက် ပီးအပြင်ထွက်ဖို့သတိပေးသွားသည့် သဘောထင်ပါတယ်။ ဒီအတိုင်း နေလို့မရဘူးလေ။ သူမ အပျော်သဘော။ အလည်အပါတ် သဘောနဲ့ ဒီကိုရောက်လာတာမှမဟုတ်ဘဲ။ သူမ ရဲ့ရည်ရွယ်ချက်ကို သေသေချာချာ အကောင်စအထည်ဖော်ဖို့ အတွက်ပင်။
ထို့နောက်။ အခန်းထဲက ထွက်လာခဲ့ပီး မှောင်ခိုဈေးနေရာသို့ ထပ်တကြိမ် သွားသည်။ ဒီနေရာကို တရားဝင်များခွင့်ပြုထား လေသလား။ ဒါမှမဟုတ်။ မသိချင်ယောင်ဆောင်ထားသည် လား။ မှောင်ခိုဈေးလုက်တဲ့အခန်းထဲသူမ ဝင်တော့ မည်သူတဦးတယောက် မှ မရှိပေ။ အမ်။
ဘယ်လိုဖြစ်တာလဲ။ အရင်တခါကကို ရှိသေးတယ်လေ။ ထိုစဉ် အခန်းတံခါးဖွင့်လာပီး အသက်၇၀, အရွယ် အဖိုးအို ဝင်လာ သည်။
“ဟင်းဟင်းဟင်း။ ဒီအချိန်လာတယ်ဆိုောတ့ သတင်းဝယ် ချင်လို့ပဲ မဟုတ်လား”
ဘယ်လို။ သူမက အဲ့ဘိုမရည်ရွယ်ခဲ့ပါဘူး။ မှောင်ခိုဈေးရှိတယ်ပဲ သိထားတာ။
“ဒီမှာ ပစ္စည်းလာဝယ်တာ။ ဈေးက မရှိတော့တာလား”
အဖိုးအိုက ခေါင်းခါသည်။
“ညပိုင်းမှာ ဈေးရှိတယ်။ နေ့ပိုင်းမှာ သတင်းရှိတယ်”
သတင်း။ ဒါဆို သူမလိုချင်တဲ့သတင်းကိုဝယ်လို့ ရမှာလား။ သို့သော်။
“ဈေးမရှိသေးရင် ရှိတဲ့အချိန်မှ လာခဲ့မယ်”
“ဟေ့။ ကလေးမ”
သူမ နောက်ပြန်လှည့်သွားချိန် အဖိုးအိုရဲ့တားမြစ်သံကြောင့်သူမ ခြေလှမ်းရပ်သွားသည်။
“ဘာမေးချင်တာရှိလဲ။ ငါပြောပြပေးမယ်လေ။ ကျသင့် သလောက်ပဲ ပေးရုံပဲ” သူမ နောက်ပြန်လှည့်သည်။
“မဖြေနိုင်မယ့် မေးခွန်းကို ကျမမမေးချင်ဘူး။ ခွင့်ပြုပါအုံး”
“မဖြေနိုင်တဲ့မေးခွန်း???။ ဘုရင်မအကြောင်းလား”
နောက်ပြန်လုဆဲဆဲ ထိုသို့ညပြန်မေးသည်။ အဖိုးအိုက သူမကို ကြည့်ပီး
“ဘုရင်မ အကြောင်းကို သိချင်ရင်တော့ အဖိုးအခ များတယ်။ ကလေးမရဲ့”
သူမ စိတ်ဝင်စားပီ။ ဘာလို့လဲဆိုရင် သူမသိချင်တာ သိရမယ် မဟုတ်လား။ ထိုအတွက်က
“ဒီည ဘုရင်မ ဘာအစီအစဉ်ရှိလို့။ ဘယ်သူကိုမှ သူ့အခန်းမလာစေတာလဲ”
အဖိုးအိုက စာပွဲကို မေးငေါ့ပြသည်။ အဖိုးအခ တင်ခိုင်းခြင်း ဖြစ်သည်။ သူမလဲ ပါလာတဲ့ငွေကြေးကိုချပေးသည်။ ရေတွက်ပီးတော့မှ
“ဘုရင်မက လပြည့် လကွယ်ဆိုရင် သူ့အခန်းမှာ မရှိတာ များတယ်။ သူ့အတွက် လျို့ဝှက် နေရာ တခုရှိတယ်။”
ဟင်။ ဟို။ ညည ပျံပျံ သွားတဲ့နေရာများလား။ ဒါဆိုရင်တော့
“အဲ့တာ ဘယ်မှာလဲ”
အဖိုးအိုက ပြုံးရင်း
“ညနေ နေဝင်ပီး ချိန် မြစ်ဘေးကို သွား။ လမ်းကြောင်းရှာ တွေ့လိမ့်မယ်”
မြစ်ဘေး။ နေအုံး။ တခါက သူနဲ့ ဘုရင်မ ပထမဆုံးတွေဆုံခဲ့တာ မြစ်ဘေးပဲ ။ သူပြောဖူးတယ်။ ဒီလိုအချိန် ဒီကိုဘယ်သူမှ မလာဘူး ဆိုတာ။ အဲ့တာ သူ့နေရာလားအဲဒီမှာ ဘာရှိလိုလဲ။
ထူးဆန်းတယ်။ သူမ ချာခနဲလှည့်ထွက်သွားချိန် အဖိုးအိုရဲ့မူလ သဏ္ဌာန် ပေါ်လာသည်။ တခြားသူ မဟုတ်။
Nameso.
ပြုံးသည်။ ဘုရင်မ ကိုစုံစမ်းချင်တဲ့သူကို ဘယ်လိုပညာပေးရမလဲ ဘုရင်မ အနားလိမ်ညာဟန်ဆောင်ပီးနေတဲ့သူက ဘယ်လို ပြစ်ဒဏ်ခံရသင့်လဲ ဆိုတာ ပြပေးရမယ်။
ဘုရင်မ ကဘယ်လိုသူလဲ ဆိုတာ သိသင့်တယ် မဟုတ်လား။ ဘုရင်မ ရဲ့ လက်နံ့ကိုယ်တိုင်အသတ်ခံရမယ်ဆိုရင် လိုင်နွန် ဘက်ကိုလဲ ရှင်းလင်းပီးသားဖြစ်မည်။ သူတို့လေးယောက် ထဲတွင် သူ တယောက်ကတော့ မတူ။
ဖြစ်လာနိုင်သည့် ဘေးကို ကြိုတင်ဖြေရှင်းချင်တဲ့ကျင့် လေးရှိသည်။ မနက်ဖန် ကြားသိရမယ့် သတင်းတပုဒ်က အပျို တော်တယောက် အကြောင်းအရင်းမရှိ ပျောက်ကွယ်သွားခြင်း ပေါ့။
ဒါက ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ။
&&-----&&&&&
နေဝင်ချိန်။
ဟိုလူပြောတာမှန်သည်။ နေဝင်သွားပီးနောက် မြစ်ဆိပ်တွင် လူမရှိတော့။ သူမ တယောက်ထဲ သစ်ပင်အကွယ်တွင် ရပ်နေရင်း ဘုရင်မ ရောက်လာမယ့် အချိန်ကို စောင့်နေသည်။
ညပိုင်းရောက်လာတော့ တဖြေးဖြေး အေးလာနေပီ။ လေကအဟူးဟူးတိုက်နေတော့တာ။ ရပ်နေရာက ခြေထောက် တွင်လဲ ကျင်နေပါပြီ။ သူမ နှာဖျား။နားရွက်ဖျားနှင့် လက်တွေလဲ ထုံကျင်နေပါပြီ။
သို့သော် ရောက်မလာပေ။ သူမ သစ်ပင်ခြေရင်းတွင် ထိုင်ရင်း ပင်စည်ကို မှီနေလိုက်တော့သည်။ လမင်းကြီးက ကောင်းကင်ယံထက်တွင် ထွန်းလင်းနေသည်။ သစ်ပင်ကြားမှ လှမ်းမြင်နေရသည့် လမင်း။
သူမ ဖြေးဖြေးချင်းငိုက်မည်းလာသည်။
ထိုစဉ်ပဲ။
“ဝှစ်”
နားလျှင်သည့် အတွက် ဆတ်ခနဲ ခေါင်းထောင် သွားသည်ယ ချက်ချင်းထရပ်မိသည်။ လရောင်အောက်မှာ တောင်ပံ တစုံနှင့် ထိုသူက သူမြင်ကွင်းထဲရောက်လာသည်။ မြစ်ဆိပ်ကို အမှန်ပင် ရောက်လာသည်။
မည်သူမှ မရှိဘူးဟု ယူဆထား၍လား။ ဘေးဘီကိုပင် မကြည့်။ မြစ်ဆိပ်မှာ ခြေစုံရပ်ပီး လက်နှစ်ဖက် ဘေးသို့ ဖြေးဖြေးချင်း ဆန့်ထုတ်လာချိန် မြစ်ကို ကူးလို့ရသည့် ကျောက်သားများ မြေထဲမှကြွ တက်လာသည်။
ရေများဘေးသို့ လျောကျသွားပီး ကျောက်သားပေါ်လာသည့် အဆူံး တဖက် တွင်လဲ ကျောက်ဆောင်ပေါ်လာကာ။ ထိုကျောက် ဆောင်မှ တံခါးသည်လဲ အလိုလို ပွင့်လာသည်။
သူ့ရဲ့လက်နှစ်ဖက်ကို ပြန်ချပီး ထိုလမ်းအတိုင်း သူလျောက်သွားသည့် အတွက် သစ်ပင်ရိပ်မှ သူမ ထွက်လာ ခဲ့သည်။ သူမ လိုက်သွားသင့်လား။ ချက်ချင်းပင် ကျောစိမ့် သွားသည်။
မလိုက်သင့်ဘူးမဟုတ်လား။ သူဝင်သွားသည့် နောက် တံခါးပြန်ပိတ် သွားသည်။ ကောင်းသားပဲ။ လိုက်စရာ မလိုတော့ပေ။
သူ့ရဲ့ လျို့ဝှက်နေရာကိုသိရပီဆိုတော့ သတင်းက ငွေကြေး တန်ဖိုးဘအရ သူမ လက်ခံလို့ရပါသည်။
သူမ ထွက်သွားသင့်ပီ။ ထို့ကြောင့်ဘခြေလှမ်းက နန်းတော်ဘက် ပြန်လှည့်ပီးမှ စိတ်က စူးစမ်းချင်စိတ်ကြောင့် သူမ ချည်တုံချတုံ ဖြစ်နေတော့သည်။
အထဲမှာ သူဘာလုပ်တာလဲ။ သူမ အတွက် လက်စားချေဖို့ အခွင့်အရေးရလေမလား။ သေချာမသိရပေ။ လပြည့်ညမှာ သူဘာလုပ်မှာမို့လဲ။ ပီးတော့ လကွယ်ကောပဲ။
နန်းတော်ဘက်ဦးတည်ထားသော ခြေလှမ်းက ချက်ချင်းပင် ကျောက်တံတားဆီသို့ ဦးတည်သွားတော့သည်။ သူမ ထိုကျြော် လမ်းအတိုင်းလျှောက်လာရင်းက လက်ဖျားတွေအေးစက် နေသည်။
တံခါးပိတ်သွားပီမို့ သူမ နံရံကို နားကပ်ပီး နားထောင်စဉ် လျောခနဲ တံခါးပွင့်လာပီး
“ဝုန်း”
သူမ အထဲသို့ အရှိန်ဖြင့် လဲကျသွားကာ ချက်ချင်းတံခါးပြန်ပိန် သွားသည်။ လက်မောင်းတဖက် နာကျင်သွားသည့် နောက် မြန်မြန် ထရပ်သည်။ အနီရောင် ကျောက်များက အလင်းရောင် ပေးထားသလို မီးအိမ်များမှလဲ ဂူကို အလင်းရောင် ပေးထား သည်။
သို့သော် သူ့ကိုတော့ မတွေ့ရပါ။ သူမရှေ့ဆက် လျှောက်လာရင်း အဆောင်တခုပမာ ပြင်ဆင်ထားသော နေရာပင်။
လေရှိနေတာလား။ ဘယ်က ေန လေဝင်လဲ။သူမခြေလှမ်းရပ် သွားချိန်
“ရောက်နေပီဆိုရင် ဘာလို့ရပ်နေသေးလဲ”
သေပီ။
သူသိတယ်။ ဒီတကြိမ်တော့ သူသေပီပဲ။ သူမ ခိုးဝင်လာတဲ့သူ မဟုတ် လား။ သူမ ခပ်သုတ်သုတ်ပဲ လျှောက်လာခဲ့ပြီး ကျောက်သား ကုတင်ဘေးတွင် ရပ်နေသည့် သူကို တွေ့လိုက် ရသည်။ ကျောပေးထားသည်။
ဒီတော့ သူမ ဘာလုပ်ရမလဲ တောင်းပန်ရုံသာ
သူမ လက်သီးဆုတ်ပီး
“ဘုရင်မ တကယ်တော့...ကျမက...”
“မင်း”
သူမ ဦးညွှတ်ပီးပြောဆိုနေသည့် အတွက် သူဘယ်အချိန်က သူမဘက်လှည့်ကြည့်လာလဲ မသိလိုက်ပေ။ သူမ နောက်သို့ ဆုတ်လိုက်မိသည်။ သူ့မျက်ဝန်းတွေမှာ ပုံမှန်မဟုတ်။ အရောင်ပြောင်းနေပြီ။ ဆံပင် တွေကလဲ ခါတိုင်း မဟုတ်။ အားလုံးကို ဖြည်ချထားသည်။ မြင်နေကြပုံစံနှင့် ကွဲပြားနေသည်ပင်။
“မင်းကို ဘယ်သူလွှတ်လိုက်တာလဲ။ ဘာလို့ရောက်လာတာလဲ”
သူ့ရဲ့အော်သံကြောင့် သူမ တုန်တက်သွားသည်။
“တောက်”
သူမ ပြန်မဖြေနိုင်ခင်ပင် တခုခုကို ဒေါသ ထွက်သွားသလိုပင်။ သူ့လက်သူ ကြည့်ပီး သူမကိုပါ ကြည့်လာသည်။
“မင်းကို ဘယ်သူလွှတ်လိုက်တာလဲ”
သူမ ခေါင်းသာ ခါမိသည်။ တကယ်လဲ ဘယ်သူမှ မလွှတ်ဘူး။ သူမ စူံစမ်းဖို့သာ။
“ဒါဆို ဘာလာလုပ်တာလဲ”
သူမ နောက်သို့ ဆုတ်မိသည်။ ဘာလို့လဲ ဆိုောတ့ သူရှေ့တ်ုးလာ သည့် အတွက်ကြောင့် ဖြစ်သည်။
“အဟက်..
ငါ့ကို လာထောက်လှမ်းတာလား”
ဘယ်လိုသိ။ သိသိသာသာ မျက်နှာပျက်သွားသည့် အတွက် Kamela က သူမပုခူံးနှစ်ဖက်ကို ဆုတ်ကိုင်နိုင်သည့် အနေအထားအရောက်။ သူမကို နံရံတွင် တွန်းကပ်ကာ
“ဒီညက ဘာလဲ သိချင်တယ်။ မဟုတ်လား။ ဟမ်”
သူမ ခေါင်းတသွင်သွင်ခါသည်။ တကယ်မသိချင်တော့ပါ။ တကယ်ကို မသိချင်တော့။ သူမ ရဲ့ဆုံးဖြတ်ချက် မှားသွားခဲ့တယ်။ ထို့ကြောင့်
“လွတ်...လွတ်ပေးပါ။ ကျမ ..ပြန်”
“မရတော့ဘူး။ မင်းလမ်းမှားလာခဲ့ပီးပီ။ ဒီည အတွက် မင်းက သားကောင်ပဲ”
ဟင်။ သားကောင်။ ဘာသားကောင်လဲ။ သူမ ဘာဖြစ်မှာလဲ။ အသက်ရူကျပ်လာသည်။ လည်ချောင်းမှာလဲ ချောက်သွေ့နေပီ။
“ငါ သွေးလိုတယ်။ လူတွေရဲ့ သွေးလိုတယ်။ လပြည့် လကွယ် နှစ်ညလုံးအတွက် လိုတယ်”
သူမ နဲ့နီးကပ်နေပီ။ သူ့ရဲ့ သွားချွန်ချွန် တွေကိုလဲတွေ့နေရသည်။
“ရှင်...ရှင် မကြောက်ဘူးလား။ ကျမ...ကျမသွေးက”
“ကျိန်စာလား”
ဟင်။ ဒါဆို။
“မင်းရဲ့သွေးက ကျိန်စာ အဆိပ်ဖြစ်စေတယ်လို့ ပြောချင်တာ မဟုတ်လား။Tezerxin”
ဘုရားရေ။ သူမ ဒီနေရာမှာတင် သေချင်သွားတော့သည်။ သူ့လက်ထဲအဖမ်းခံရသည်။ ဘယ်သူအနေနဲ့လဲ ဆိုတော့ မင်းသမီး တယောက်အနေနဲ့။ ဒီတော့ သူမ ဇွတ်အတင်းရုန်း ထွက်မိသည်။
- Start mature sence.🔞
“လွတ်....။ နင်သတ္တိမရှိဘူးလား။ အင်အားသုံးပီး အနိုင်ယူချင်တာ မရှက်ဘူးလား”
ရုန်းထွက်မရတော့ ထိုသို့ ပြောလာသည်။ ဟန်ဆောင်ထားသည့် အပြော အဆိုတွေ ကွာကျသွားပီဆိုတော့ Kamela ရဲ့စိတ်မှာ ပရမ်းပတာ ဖြစ်နေသည်။ ဒီကလေးမ ဆိုတာ အမြဲတမ်း နှောက်ယှက်နေရမှ။
အမြဲတမ်း ပြဿနာရှာနေရမှာ။ သန်းခေါင်ချိန် ရောက်လာသည်နှင့် သူမစိတ်လွတ်လာတာ ကိုယ့်သူကိုယ် သိနေသည်။ သူ့ရဲ့သွေးကို ယူမိလိမ့်မည်။ အဆိပ်မဖြစ်စေ ပေမယ့် သူမ သေသွားမှာကို သူသိသည်။
ထို့ကြောင့် စိတ်ကို အနိုင်နိုင်ထိန်းနေရင်းက လွတ်ထွက်သွားချင် ပြုမူလိုက်မိသည်က။
သူမရဲ့ လည်တိုင်ကို သွားနှင့် ကိုက်မည့် အစား။ နူတ်ခမ်းနှင့် ဆုတ် ယူမိလိုက်ခြင်းပင်။ ကိုယ်ကို တိုင်ဘာလုပ်မိလဲ မသိသည့် အပြင် လွတ်ထွက်သွားသည့် စိတ်က အစိုးမရတော့။
ရှေ့ဆက်မိသည်သာ။ တအံ့တဩဖြစ်ေနသည်က Tezerxin. သူမ သေပီဟု ယူဆထားသော်လဲ။ သူမ ရဲ့လည်တိုင်ကို နမ်းရှုံ့လာသည်။ တဆက်ထဲ လည်တိုင်တလျောက် အနမ်းဖွဖွ ပေးရင်း နားရွက်ဖျားကို ကိုက်လိုက်သည့် အတွက်
“နင်ဘာလုပ်တာလဲ”
သူမ တားလဲရမည့် ပုံမရှိ။ သူမ ရဲ့ လက်နှစ်ဖက်ကို ဆုတ်ကိုင်ပြီး ကိုယ်ကို ဆွဲလှည့်ကာ လက်နှစ်ဖက်ကို ကျောဘက်တွက် ယှက်ပြီး သူမ အဝတ်ကို ခြည်ထားသည့် ခါးစည်းကြိုးကို ဆွဲဖြုတ်ပြီး နောက် လက်နှစ်ဖက်ကို တင်းကြပ်နေအောင် ခြည်ပစ်တော့သည်။
နောက် ပုခုံးပေါ်သို့ ထမ်းတင်ပီး ကျောက်ကုတင်ပေါ် ပစ်ချသည်။ အိပ်ရာရှိသည့် အတွက် ခံသာသည် ဆိုပေမယ့် နောက်ဘက်မှ လက်ခြည်ခံထားရသည် ဆို တော့ ကျောက အတော် အောင့်သွားသည်။
ခါးစည်းကြိုးအဖြည် ခံလိုက်ရသည့် အတွက် သူမ အဝတ်မှာ ဖရိုဖရဲ။ နာကျင်နေသည်ကို အာရုံမစိုက်နိုင် သူမ အမြန်ဘက် လဲကျနေရာမှထထိုင်ကာ နောက်သို့ တဆုတ်ထဲ ဆုတ် နေချိန် သူက ခြေထောက် တဖက်ကို ဆွဲကာ သူ့ဆီပြန်ဆွဲခေါ်သည်။
အဝတ်များအားလုံးကို ဆွဲဖယ်ပစ်သည့် နောက်။ ရီဝေဝေ မျက်ဝန်း တွေနှင့် အတူ သူမ ရဲ့ ခြေသလုံးကို နမ်းရှုံ့နေသည်။ ဘာကြီးလဲ။ ဒါက ဘယ်လိုအခြေအနေ မျိုးလဲ။
သူမ မျက်ရည်များဝဲတက်ပီး သူ့ရင်ဘက်ကို လွတ်နေတဲ့ ခြေတဖက် ဖြင့်ကန်ကျောက်ရာ သူက ပိုမြန်သည်။ ခြေနှစ်ဖက် ကိုဆွဲကားခံလိုက်ရသည့် အပြင် သူမ ရဲ့ပေါင်အတွင်းသား များကို နမး်ရှုံ့နေရာ။
သာယာဖို့နေနေသာသာ လက်ရှိအခြေအနေကနေလွတ်မြောက် ဖို့ သူမကြိုးစားနေရပေမယ့် သူမကိုယ်အတွင်းသို့ တစုံတခုဝင်ရောက်လာချိန်မှာ တော့မျက်ရည်များစီးကျလာခဲ့ တော့သည်။
သူမ ရဲ့နူတ်ခမ်းကို သူ့လက်တဖက်ဖြင့် အတင်းလာအုပ်သည်။ ဘာဝင်သွားသည် ဆိုသည်ထက်။ အသားဆိုင်များကို ထိုးခွဲ လာသည့် နာကျဉ် မှု့ကြောင့် သူမ မျက်ရည်များတာကျိုးသလိုပင်။
သူ့ရဲ့ အသက်ရူသံပြင်းပြင်း နှင့် အတူ သူမရဲ့ အပျိုစင်ဘဝက ထိုညမှာပဲ ကျွေလွင့်ခဲ့ရသည်။ သာယာမှု့လား။ သူမ မခံစားနိုင်။ အဆက်မပျက် ပွတ်တိုက်မှုဒဏ်။ အင်္ဂါဆက် နှစ်ခုရဲ့ ထိရိုက် သံ။ သူမကိုယ်ထဲမှာ တိုးထွက်လာသည့် စေးကပ် နေသည့် အရည်တချို့။
သူ့ရဲ့ လက်နှစ်ဖက်က ကြမ်းကြမ်းတမ်းတမ်းဆုတ်ကိုင်ထားမှု ကြောင့် နာကျင် နေသည့် ဒဏ်ရာတွေ။ သူမကိုယ်ထဲ အရည်တချို့ လွတ်ခံခံရပီးနောက် ။
သူမ ခန္ဓာကိုယ်မှာ နည်းနည်းလေးမှလှုတ်ရှား၍ပင်မရတော့။
“ဟား”
သူ့ကိုလဲမကြည့်နိုင်။ တဆက်ထဲ သူမကိုယ်ပေါ် ထပ်မံအုပ်မိုး လာသည်။ ရီဝေဝေ မျက်ဝန်းတွေ။ ရမက်ထန်နေသည့် အကြည့် တွေက သူ မဟုတ်သလိုပင်။
ထပ်တကြိမ် သူမကိုယ်ထဲ ဝင်ရောက်လာပြန်သည့်အခါ။ သူမ ရဲ့လည်တိုင်ကိုနမ်းရှိုက်ပီး ထပ်တကြိမ်။
ထိုသို့ ပြီးနောက် ထပ်တကြိမ်။ သူ့ရဲ့ လိုအက်ဆန္ဒ ပြည့်ရန်အတွက် တကြိမ်ပီးတကြိမ် ရယူရင်းက သူမရဲ့ ခံနိုင်ရည် စွမ်းအားကုန်လွန်သည်အထိ ။ အထိအတွေ့။ အသွင်းအထုတ်။ နဲ့ နမ်းရှိုက်မှုတွေက ရပ်တန့်မသွားပေ။
သူက ဘာလဲ ဆိုတာ မေးခွန်းထုတ်ရမည်ထက်။ သူရဲ့ sexual က ဘာလဲဆိုတာ။ မေးခွန်းထုတ်ရပါလိမ့်မည်။
အကြောင်းမှာ သူ့ကို မိန်းမ အသွင်ရှိသည်ဟု ထင်မှတ်ခဲ့မိခြင်းကြောင့်ဖြစ်သည်။ သူမ အတွက် တော့ ဒီ နေရာ မှာ သေသွားခဲ့ လျင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
သူမ ဘဝက ဆုတ်ပျက်သတ်သွားခဲ့လေပီ။ သူမလှဲကျနေရာ မှာတော့ မြင်မကောင်းစွာပင် သွေးများအိုင်ထွန်းနေခဲ့တော့သည်။
&&&&&&---
To be continued ။

VOUS LISEZ
Counter curse (တန်ပြန်ကျိန်စာ)(Z+Un)
Vampireကိုယ်တကယ်မြတ်နိုးရတဲ့သူဆိုရင် သူမ ဘာဖြစ်နေနေ ဘယ်လိုဘဝမျိုးရောက်နေပါစေ သူမအပေါ်ထားတဲ့ချစ်ခြင်းတရားဆိုတာ ဘယ်တော့မှ ယုတ်လျော့သွားမှာမဟုတ်ဘူး. အချစ်ဆိုသည့်အရာပေါက်ဖွားလာသည်မှာ အမုန်းအရင်းခံကနေလဲ ဖြစ်နိုင်သည်မို့ အရမ်းမမုန်းကြပါနဲ့နော်။ မတော်လို့ချစ်မိသွ...