Part 7

712 104 2
                                    

Unicode

Part 7

ASTHACT HOLE.

အနက်ရောင် မြူမှုန်ဖြင့် ဖွဲ့စည်းသည့် အလင်းတန်း။ ဝဲဂယက် ပုံစံ ဖြစ်ပြီး အရွယ်အစားမှာ 6 ပေ အချင်းရှိသည်။ Kamele Queen ရဲ့ မှတ်ဉာဏ်ဆုဆည်းရာ။ မည်သူတဦးတယောက်မှ မည်သည့်နေရာတွင်ရှိသည်ကို မသိရှိသလိုပဲ ဝင်ရောက်ဖို့လဲ မစွမ်းသာ။

Asthact hole အတွက် Vampire တကောင်ရဲ့ နှလုံးသွေးလိုပါသည်။ ထိုသွေးသည်လဲ အနက်ရောင် ဖြစ်ရမည်။ သွေးအနက်ကို ဖန်တီးနိုင်သူမှာ Tezerxin မှာလွဲ ၍ တခြား မရှိ။ Kamele Queen ရဲ့ စွမ်းအင်သိုလှောင်ရာ ဖြစ်သည့် သူမ တယောက် ထဲကသာလျှင် နှလုံး‌ေသွးကို သွေးနက် ပြောင်းလဲနိုင်စွမ်းရှိသည်။

Kamele Bar ကိုပြန်ရောက်ချိန်။
ဘားအနောက်ဘက်မှသာ သူမတို့ ဝင်ရောက်သည်။ ဇန်း အသင့်ရှိ နေပြီး တံခါးဖွင့်ကြိုသည်။

“ဧည်သည်တွေရှိတယ်ထင်တယ်”

“ဟုတ်ကဲ့”

Kamele  ကို တချက်ကြည့်ရင်း

“မုဆိုးတွေ ရောက်လာနိုင်တယ်။ မင်း ရှင်းထားလိုက်။ ဒီညကို ငါ့အခန်းထဲဘယ်သူမှ ရောက်မလာရင် အကောင်းဆုံးပဲ”

“ဟုတ်ကဲ့သခင်မ”

နော.က်

“သွားမယ်”

Kame မျက်ခုံးတဖက် ပင့်သွားသည်။ ဆရာမကြီး သဘောအတိုင်း ပါပဲ ဆိုတဲ့ ခက်ချဉ်ချဉ် အကြညိ့တချက် နှင့် အတူ သူ့နောက် လိုက် ပါသွားသည်။ အပေါ်ဆုံးထပ် မှာ လသာဆောင်နှင့် တွဲ လျက် န‌စ်ယောက်အိပ် အိပ်ရာ တလုံး။ မှန်တချပ်နှင့် မီးလင်းဖို အပါ ဆက်တီတစုံ။

Terzerxin က အိပ်ခန်းအလယ်သို့ လျှောက်လာပြီး

“နင်ရှိခဲ့တဲ့ အတိုင်းပဲ။ ဘာမှ မပြောင်းလဲထားဘူး”

ယခုခေတ်နှင့်များစွာကွာခြားနေသော အပြင်အဆင် ကိုကြည့်ခြင်း ဖြင့် ခန့်မှန်းနိုင်ပါသည်။ လက်ရှိကာလမှာ ဆိုရင် ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ပစ္စည်းတွေ ပဲ မဟုတ်လား။ အနက်ရောင်ကို အသားပေးထားခြင်းဖြင့် အလင်းရောင်ကို ကာကွယ်ထားသည့် သဘောပါ။

လသာဆောင်နှင့် အိပ်ခန်းရှိရာဘက် ကို ရွှေ့ပြောင်းနိုင်သည့် နံရံ တချပ်တပ်ဆင် ထားသည်။ ယခုချိန်က ညဆိုတော့ ရွှေ့လျှားနံရံမရှိ။

Tezerxin က မှန်ရှိရာဘက်ကို လျှောက်သွားပြီး မှန်ရှေ့မှ ဖယောင်းတိုင် ထွန်းသည့် lisp ကို တချက်လှည့်လိုက်သည်။ လူတကိုယ်စာထန့်ရှိသည့် မှန်မှာ ဘေးသို့ရွေ့သွားသည်။
အပြာရောင်အလင်းတချို့ ပြန့်နေသည့် အခန်းတခန်းရှိနေသာ် ကို သေသေချာချာ မြင်လိုက်ရတော့သည်။

“ဝင်တော့မလား” ဆိုတော့

“အင်း” တဲ့။

Counter curse (တန်ပြန်ကျိန်စာ)(Z+Un)Nơi câu chuyện tồn tại. Hãy khám phá bây giờ