Part 12

632 64 4
                                    

Unicode

Part 12

“ဒါဆို အခုထိ ရှင်း ကိုအတွေ့မခံဘူးပေါ့”

ရှင်း ခေါင်းညိတ်လိုက်သည်။ သူမ တာဝန်မကျေ၍ပဲ စိတ်ဆိုးသွားလေသလား။ စိတ်ဆိုးရင် သတ်ပစ်နိုင်သည်။ ယခုက သူ့အခန်းရှေ့က လှည့်ပြန်ခဲ့ရသည်မှာ ခဏခဏပင်။ သူမ နဲ့အတူတူ ခေါ်ထားခံရသည့် မိန်းကလေး မနေ့ကသတ်သေသွား သည်ဟု ကြားသိရသည်။
အကြောင်းအရင်းကိစ္စကိုမသိရပေမယ့် ဘုရင်မ၏ လူယုံ တယောက် ဆီပို့ခံရသည်။

“ငါ့ ရဲ့ရည်ရွယ်ချက်ကို အကောင်အထည် ဖော် ဖို့က သူ့နားကို နေမှ ရမှာ”

“ရှင်း”

သူမလက်ဖမိုးပေါ် လက်တဖက် အုပ်မိုးလာသည်။

“အလောသုံးဆယ် မလုပ်နဲ့။ မအောင်မြင်ရင် အားလုံးအဆုံး သတ်သွားလိမ့်မယ်။
လိုင်နွယ် မျိူးနွယ်စု ခေါင်းဆောင်က နောက်ကွယ်မှာ ရပ်တည် ပေးနေတယ် ဆိုပေမယ့် Kamele က ဘာဆိုတာသိထားရမယ်။ သူက လူမဟုတ်ဘူး။ သူ့ကို သတ်ဖို့ကို သတိထားရမယ်။
ဒါကြောင့် မျိူးနွယ်စု ခေါင်းဆောင် အသိပေးလာမှ လှုတ်ရှား ကြတာပေါ့။မလောနဲ့”

ရှင်း မျက်မှောင်ကုတ်သည်။ ထိုသဘောသဘာဝကို မကြိုက်ပေ။ သူမက ဘယ်သူ့အမိန့်ကိုမှ နာခံတက်တဲ့သူ မဟုတ်။

“ဦးရီးတော်။ ငါက မင်းသမီးတပါး။ ဘယ်သူ့အမိန့်ကိုမှ မနာ ခံဘူး”

“သိပါတယ်။ မျိုးနွယ်စု ခေါင်းဆောင်ကလဲ စိုးရိမ်စိတ်ကြောင့် မတ္တာရပ်ခံတာပါ။ ရှင်း စိတ်ကို အေးအေးထား။ ရှင်းဆုံးဖြတ်ထား တဲ့အတိုင်းကဖြစ်လာမှာ။ အချိန်မတန်သေးခင် အမှားဖြစ်သွားမှာစိုးရိမ်တာပါ”

သူမ သက်ပြင်းချလိုက်သည်။ သူမ အခန်းထဲက အပြင် လဲ ထွက်မရ။ Kamele  နဲ့လဲ တွေ့ခွင့် မရ။

“ဒီမနက် ငါ သွားလိုက်သေးတယ်။ ခရီးထွက်နေတယ် တဲ့”

Kuyhan မျက်မှောင်ကုတ်သွားသည်။ မကြားစဖူးကြားလိုက်ကရ သည့် ပုံစံပင်။

“သူခရီးထွက်တယ်ဆိုတာ က ဘာလဲ။ ဘုရင်မရဲ့ အကျင့် စရိုက်က ခရီးမထွက်ဘူး။ စစ်ဖြစ်ရင်ကို နန်းတော်က ဘယ်မှ မသွားဘူး”

Terzerxin  စိတ်ညစ်ညစ်နဲ့ခေါင်းခါသည်။
“မသိဘူး။ ခရီးထွက်နေတယ်လို့ သူ့အခန်းထဲက ယောက်ျား တယောက် ထွက်လာပီးပြောတာ။ ဟို…ပုံစံက…နည်းနည်း”

Kuyhan က

“ဂျေဟီလာ”

ဘယ်လို။ သူမ အနေနဲ့က ထူးဆန်း ။

“ဂျေဟီလာက။ သူ့ရဲ့ လူယုံထဲက တယောက်ပဲ။ ဘုရင်မ တယောက် ဖြစ်ပေမယ့် သူ့ရဲ့ ကြင်ဖက်တော်က ဘယ်သူဆိုတာ တရားဝင်မကြော်ညာသေးဘူး။
ဂျေဟီလာက ဘုရင်မ နှစ်သက်မှုကို ခံယူထားတဲ့သူ။”

စိတ်ပျက်စရာပဲ။ အေးလေ။ ဒီလို အကျင့်လဲရှိနေမှာပေါ့။ ကောင်းတဲ့သူမှ မဟုတ်ဘဲ။

“ရှင်း။ ဂျေဟီလာကို ချည်းကပ်ကြည့်ရင်ကော”

သူမက နှာတချက်မှုတ်ရင်း

“လက်ရှိ ဘုရင်မရဲ့သစ္စာခံကို ငါသွားချည်းကပ်ရင် တခါထဲ သွားပြီပေါ့။ ဂျေဟီလာရဲ့ပုံစံက ဘဝင် တက်နေတဲ့ ပုံစံ။ ဘုရင်မ ကလွဲရင် တခြားဘယ်သူကများ သူနေချင်သလို ဖန်တီးပေးမှာလဲ”

“ဦးရီးတော်လဲ ဂရုစိုက်ပါ။ ငါ့ကို ခဏခဏ လာတွေ့တာက အရမ်း အန္တရာယ်များတယ်”

Kuyhan က ခေါင်းတချက်ညိတ်ပြီးပြုံးသည်။

“စိတ်ချပါ။ သူ သတိမထားနိုင်တဲ့အခြေအနေ လေးတွေ ရှိပါ တယ်။ အခုလို သူနန်းတော်မှာ မရှိဘူးဆိုတာကလဲ လာတွေ့လို့အဆင်ပြေတယ်”

ရှင်း ခေါင်းညိတ်သည်။ ပြတင်းပေါက် နားချည်းကပ်သွားသည်။ နောက် အနည်းငယ် ဖွင့်ရင်း

“ငါက ဘယ်သူဆိုတာ သိသွားတဲ့နေ့ အရာအားလုံးအဆုံးသတ် တဲ့နေ့ပဲ ဆိုတာ သိထားရင်ရပါပီ”

သူမ အပြင်အခြေအနေ ကိုတချက်ကြည့်ပြီးအခန်းထဲက နေပဲ ထွက်လာသည်။ စင်္ကြံလမ်းတလျောက် သူမ ‌ခပ်သုတ်သုတ် လျောက် လာပြီး။သူမနှင့် နည်းတူ ဝင်လာသော အပျိုတော်‌တချို့ ကိုတွေ့လိုက်ရသည့် အပြင် ထိုသူတွေဘာလုပ်နေရလဲ ဆိုပြီး အကဲခက်သည်။
နှလုံးသားထဲ ဆစ်ခနဲ နာကျင်ရသည့် မြင်ကွင်း။
ထိုသည်က အပြစ်လုပ်မိ၍လားမသိ။ ဆံပင်ကနေ ဆွဲပြီး အဆောင် အပြင်ကို ဆွဲထုတ်လာသည်။
ဆွဲထုတ်လာသူမှာ နန်းစောင့်တပ်ဝတ်စုံဝတ်ထားသည်။

“သတ်လိုက်။ မလိုက်လျောဘူးဆိုရင်”

ဘယ်လို။ ဘာကိုလိုက်လျောခိုင်းတာလဲ။ လက်သီးတင်းတင်း ဆုတ်ပီး ရှေ့တိုးတော့မည့်ဆဲဆဲ။ သူမရဲ့ ဖြစ်တည်မှုက ထိန်းချုပ် ထားသကဲ့သို့ပင်။ အသားတွေတဆက်ဆက် တုန်နေသည်။

“နောက်ဆုံးတကြိမ်မေးမယ်။ လိုက်လျောမှာလား။ မလိုက်လျော ဘူးလား”

အထဲက လူက ဘယ်သူဆိုဆာ မသိရပေ။

“သတ်ချင်သတ်လိုက်။ ဘဝပျက်တဲ့မိန်းမ တယောက်ဖြစ်ရတာထက် စာရင် သေတာမှ ပိုကောင်းအုံးအယ်”

“ရွှက်”

သူမရှေ့တင် လည်လှီးခံလိုက်ရသည့် အတွက် အော်ချိန်ပင် မရ။ လဲကျသွားသည့် အချိန် သူမ ကို လှမ်းကြည့်သွားသည့် မျက် ဝန်း တွေမှာ အသွေးအသားတွေကို ဖြတ်ထုတ်ခံရသည်ထက်နာ ကျဉ်လှသည်။
ဒီလို ပျက်စီးနေတဲ့ နန်းတော်ကို အုပ်ချုပ်နေတဲ့ Kamele  ဆိုသူ မှာကော ကောင်းတဲ့အချက်တွေရှိပါအုံးမလား။ သူမ ရဲ့အမုန်း မီးကို မီးစာ ထပ်ထည့် ပေးလိုက်သလိုပါပဲ။
ဒီအတိုင်း နေရမည်လား။ သူမ ခြေလှမ်းတွေ ခပ်သုတ်သုတ် ဖြင့် ရှေ့တ်ုးလာသည်။ ထိုသေဆုံးသွားသည့် မိန်းကလေးနားအရောက်

“အိုး…မိန်းမလှလေးပဲ။ ဒီတယောက်ဆို လဲ မဆိုးပါဘူး”

သူမ ရဲ့ဒေါသမျက်စောင်းက ထိုသူဆီသို့ ဒိုင်းခနဲ ရောက်သွား သည်။ ထိုသူမှာ အမတ်တယောက် ဖြစ်နိုင်သည့် အပြင် လူသား တယောက်လဲ ဖြစ်သည်။

ဒီတော့ အသားထဲက လောက်တွေပေါ့။

“kumuna*. သူက ဘုရင်မရဲ့ ရဲတိုက်မှာ တာဝန်ကျတဲ့ အပျိုတော် ပါ။ သည်းခံပါ”

• Kumuna -အမတ်များကို ထိုသို့ ခေါ်ဆိုသည်။ ဘုရင်မ ရဲ့ ယုံကြည်မှုကို လက်ခံထားရသည့် အတွင်းဝန်များကို ခေါ်ဆိုပီး နန်းတွင်းမှာ နေထိုင်နိုင်သည်။

• Zumuna - အဆင့်ဆိုလျှင် နန်းတော် ထဲ နေထိုင်ခွင့် မရှိ။

ဒီလူတွေ။ ကိုယ့်တိုင်းပြည့်က ပြည်သူအချင်းချင်းကို ဘာကြောင့် များအခုလိုလုပ်နိုင်ရတာလဲ။ ကိုယ့် အလိုပြည့်ဖို့ အပြစ်မဲ့တဲါ သူကိုသတ်ဖို့ရန် နည်းနည်းလေးမှ ဝန်မလေး။

‌နည်းနည်းလေးမှသနားကျင်နာစိတ်မရှိ။ ဒီလို လူတွေကို သူမ ရှင်း ပစ်ရမည်။

“ရှင်း”

တစုံတယောက်ရဲ့ခေါ်သံ။ ထို့ကြောင့်နောက်လှည့်ကြည့်သည်။  အမျိုးသားတဦးပါ။ ထိုသူက ဘုရင်မ အခန်းရှေ့မှာ ခဏခဏ တွေ့ရတက်သည်။ သူမကို သာမန် လိုပဲ ဆက်ဆံသည်။

“ခဏ လိုက်ခဲ့မလား”

တခုခုတော့ရှိမည်။ ထို့ကြောင့် ငြင်းဆန်မနေတော့ဘဲ သူမ လိုက်ခဲ့သည်။ ထိုနေရာနှင့် ‌အတော်အလှမ်းဝေးသည်။ မြှားပစ်ကွင်း(လေ့ကျင့်ကွင်း) ဘက်ဖြစ်သည်။ ဘုရင်မ နေထိုင် သည့် လသာဆောင်နှင့် တန်းတန်းမတ်မတ်ပင်။
ခြေစုံရပ်လိုက်သူက သူမဘက်လှည့်ပီး

“ဇန်း လို့ ခေါ်ပါတယ်။ ရှင်းကို သတိပေးစရာလေးတွေ ရှိတယ်”

သူမက ခေါင်းညိတ်ပီး

“ဟုတ်ကဲ့”

ဇန်းက မျက်ခုံးတဖက်ပင့်ပီး

“- လပြည့် လကွယ် ဆိုရင် သူ့အခန်းထဲကို မသွားမိပါစေနဲ့။

- အခန်းထဲမှာရှိနေတာာသိရက်နဲ့ ရှာမတွေ့ရင် လှည့်ပြန်လာပါ

- သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို မနှောက်ယှက်ပါနဲ့။

- ပြီးတော့ သူ့ကို ‌အရက်မတိုက်မိပါစေနဲ့။

ဒီအချက်တွေထဲက တခုခုကိုချိုးဖောက်မိရင် အသတ်ခံရပါတယ်။ မည်သူဆိုဝါဆိုသည်ထက် သူဒေါသအထွက်ဆုံးကိစ္စတွေ ဆိုရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ သတ်ပစ်ပါတယ်။
ဒီမှာကြည့်”

ကျိုးနေသော လက်တဖက်ကို သိုင်းကြိုးနှင့် ဆွဲထားရခြင်းပင်။

“ဒုတိယအချက်ကို ချိုးဖောက်မိလို့ ရခဲ့တဲ့ ပြစ်ဒဏ်ပါ။”

ထိုအခါ သူမက

“မင်းကို ကျ ဘာလို့မသတ်လဲ”

ဇန်းက နှာခေါင်းတချက်ပွတ်ပီးပြုံးသည်။

“ကျတော်က အခြေအနေကို အမြဲတမ်းသိတယ်လေ။ အခုလဲ ဘာကြောင့် နှောက်ယှက်ရလဲ ဆိုတဲ့ အကြောင်းပြချက် ခိုင်မာ နေတာကိုး။"

ဒီလိုဆို တော့လက်ကျိုးရုံပေါ့။

အော်။ အနားက လူယုံကို အခုလို လုပ်သည်ပေါ့။ တကယ်ကို မကောင်းဆိုးဝါးပဲ။

"Your Majesty က စိတ်ကောင်းနေရင် ခင်ဖို့ကောင်းပါတယ်။ ခက်တာက စိတ်ဆိုးနေတဲ့အချိန်က များနေတာပဲ”

ဘယ်လိုလူလဲ။ ဒီလောက်ထိ ခံထားရတာကို ပြုံးပြုံးကြီးပြော နေသည်။

“သူက ဘာလဲ”

ဇန်းက တုံ့ဆိုင်းခြင်းမရှိ။

“ကျတော့ အတွက် နတ်ဘုရားမ ပဲ။ တကယ်တော့ ပြင်ပလောက မှာ သိထားတဲ့အချို့အကြောင်းအရာတွေက အမှားတွေ။ သူက ဘယ်တော့မှ ရှင်းပြဖို့ မကြိုးစားတော့ သူက ရက်စက်တဲ့သူဖြစ် နေတာ”

“ဟင်းဟင်း။
တကယ်လဲရက်စက်ပါတယ်”

ကျစ်။ ကောက်ထုချင်လာသည်။ သူ့ကိုသနားအောင်လာပြောပြ နေတာလား။ ဒါမှ မဟုတ်။ ဇဝေဇဝါ ဖြစ်အောင် လုပ်နေတာလား။ သူမက ဘယ်သူဆိုတာသိနေတာကြောင့် လား။ တခုခုပဲ။
ဒီလောက်နဲ့တော့ မဖျုံဘူး။သိလား။
သူမရင်ထဲအရာအားလုံးပြည့်ကျပ်နေသည်။ ဘာမှ ဖွင့်ထုတ်ခွင့် မရသည်ဆိုတော့ ။
လက်သီးသာ ဆုတ်ထားတော့သည်။

&&&&&&&

လိုင်နွန် မျိုးနွယ်စု ခေါင်းဆောင်။ Deyar.
Kamele ရှေ့ ဒူးထောက် နေသည့် အနေအထားပင်။ သိူ့ပေမယ့် ကြောက်ရွံ့နေသည့် အမူအရာ တော့မရှိ။ Kamele သိပါသည်။ သူမ ထိုင်နေသည့် ကျွန်းသားပုလ္လင်ပေါ်တွင် ခြေချိတ်ပီး ထိုင် နေသည်။  လက်ထဲတွင် ရှိသော စာလိမ်လေးကို လှည့်ကစားနေ နေသည်။
ခဏအကြာ လူတစုဝင် လာပြီး Deyar အနားသို့ တွန်းပို့ခံရ သည်။

“အကြီးအကဲ”

Kamele ဘာမှမပြော။

“အကြီးအကဲ စာပို့လိုက်တာ မဟုတ်လား။ ကျတော် မပြော ခဲ့ဘူးလား။ စာပို့လိုက်တာနဲ့ အကြီးအကဲ လဲ အပြစ် ခံယူရမယ် ‌ဆိုတာ။
ကျတော်ပြောတာ နည်းနည်းလေးမှ နားထဲ မဝင်ဘူးလား”

Kamele ကြိတ်ပြုံးမိသည်။ ဘာလို့ ပြဇာတ်ဖန်တီးနေကြတာလဲ။ စိတ်ဝင်စား၍ သေချာလေးကြည့်နေသည်။

“ဘုရင်မ။ မြောက်ပိုင်းဒေသနဲ့ပါတ်သတ်ပီး ကျတော် တာဝန်ယူ ပါမယ်။  ကျတော့်ရဲ့ အမျိုးသမီး အတွက် လူသတ်မိပါတယ်”

Kamele မျက်ခုံးပင့်သွားသည်။ Lusiya သူမကိုပြောပြထားပီး ဖြစ်သည်။ သူမ သေချာသိသည်။ ကျိန်စာတခုအသက်သွင်းဖို့ အတွက် လူ၂၀၀ စတေးခဲ့ရသည်ကို ဘာအကြောင်းကြောင့် မသိဘဲ နေရမှာလဲ။
Terzerxin ကျိန်စာ လက်ခံယူပီးကတဲက သူမ သိထားပီးသား။ ထို့ကြောင့်လဲ Terzerxin ကို အတွေ့မခံခဲ့ခြင်းပါ။ အပြစ်မရှိတဲ့ ပြည်သူတွေရဲ့သွေးနဲ့ဖြစ်တည်ထားတဲ့ကျိန်စာကို သူမို့လို့ လက်ခံတယ်။
လူ၂၀၀ ဆိုတာ Vampire မျိုးစိတ် တွေမှာ တယောက်ထဲ စားသုံးမကုန်နိုင်သည့် အရာပင်။ လိုင်နွန် မျိုးနွယ်စု ခေါင်းဆောင် မသိဘဲ ဘာမှ လုပ်နိုင်စရာ အကြောင်း မရှိ။

“လူ၂၀၀ အစား…ကျတော့ရဲ့အသက်”

“အ…” စကားပင်မဆုံး။ လက်လေးအနည်းငယ်မြှောက်လိုက် ရုံဖြင့် ချက်ချင်း အငွေ့ပျံသွားသည်။ ထိုအခါမှ Deyar တချက် တုန် သွားသည်။

“နားထောင်လို့ ကောင်းတယ်နော်။ ပုံပြင်လေးက။ ခက်တာကလေ။ ငါက ဖြစ်ကြောင်းကုန်စင် အားလုံးသိထားပီး သားဆို‌တော့ ။ ဘယ်လို ဆက်ရှင်းပြမလဲ”

ထိုအခါမှ   Deyar က

“ဘုရင်မ ကို ဘယ်လိုရှင်းပြရပါမလဲ”

Kamele က တချက် ရယ်သည်။

“Counter Cruse"

ဆို‌တော့ ဖြေးဖြေးချင်း ခေါင်းမော့လာသည်။ သူမ က

“ကြားဖူးလား။”

ဆိုတော့ တုန်ခါနေတဲ့လက်ချောင်းများကို ဆုတ်ထားရင်း

“မကြားဖူးပါဘူး”

ဒီအချိန်မှာ ငြင်းနိုင်မှ အသက်ရှင်မယ်ဆိုတာ သိနေ၍လား။ Kamele မျှော်လင့်ထားသည့် အဖြေပါပဲ။ သူမကိုယ်တိုင် တရား နည်းလမ်းတကျ ‌လုပ်ကိုင်တယ်ဆို့ မဆိုလို ပေမယ့် တရားမဲ့ နေတဲ့ဖြစ်ရပ်တွေကိုတော့ လက်မခံနိုင်ပေ။
ယခုလဲ လူပေါင်း၂၀၀ ရဲ့အသက်။ ဒါကိုငြင်းနိုင်သေးတာလား။
သူမ အတွက်သက်သေဆိုတာ မလိုအပ်တဲ့အရာပါ။ ထို့ကြောင့်

“Terzerxing ဆီကို ကျိန်စာ ရောက်သွားပြီဆိုတော့ အနေအထား တွေပြောင်းလဲသွားမယ်လို့ ထင်မှတ်နေတာလား။
ပြောမယ်နော်”

ထိုင်ရာမှထလာပြီး သူမ အနားသို့ တိုးလာသည်။ နှစ်ကိုယ် ထဲကြားရုံ အခြေအနေ အရောက်မှ Kamele သူ့ကိုပြုံးပြလိုက်သည်။

“သိလား။ ငါ့သွေးနဲ့အသက်ဆက်နေရတဲ့ လူတယောက်က ငါ့ကိုကျိန်စာတိုက်နိုင်ပါ့မလား”

“ဟင်”

ထိုအခါမှ အကြီးအကျယ် တုန်လှုတ်သွားပုံရသည်။ နောက်ကျသွားပါပြီ။ သူမ လက်ရဲ့ ညာလက်က Deyar ရဲ့ နှလုံးသား ရှိရာသို့ ထိုးဖောက်သွားတော့သည်။

“အွတ်”

လက်ပြန်ဆွဲနူတ်သည်နှင့် ခုန်နေဆဲ နှလုံးသား တစုံ ကြောင့် အစောင့်များအပါအဝင် လိုင်နွန်မျိုးနွယ်စုများ ချက်ချင်း မှောက် ချလိုက်တော့သည်။
မဟုတ်ရင် အသတ်ခံရတော့မှာလေ။  တဆက်ထဲ သူမက ထိုနှလုံးသားကိုလက်ဖြင့် ခြေမွပစ်သည်။ အကြီးအကဲဖြစ်သူ သေဆူံးသွားသည့် အတွက် အားလူံးတိတ်ဆိတ်သွားသည်။

“အသစ်ထပ်ရွေးထား။ ရှေ့အပါတ်ထဲ နန်းတော်မှာလာတွေ့ပါ”

“ဟုတ်…ဟုတ်ကဲ့”

သွေးဆုတ်ဖြူလျော်သလို အသားအရေရှိသည့် လိုင်နွန်မျိုးနွယ်စု များတွင် လက်ရှိ နေရာမှာ ရှိနေသူတွေမှ ပို၍ ဖြူစွပ်သည်မှာ အမှန့်ပင် ဖြစ်သည်။

“Lusiya…ဒီည ပြန်ရောက်နိုင်လား”

"ဒီညက လကွယ်ည ပါ။ လူတွေနဲ့တွေ့လို့ မရတဲ့ည”

သူမလဲသိသည်။ ပြန်မရောက်ရင် အရမ်းအန္တရာယ်များသည်။ အချိန်က နေဝင်တော့မည်။

“ရမှာပါ။။ပြန်မယ်”

သူမ မှာ လျို့ဝှက်ချက်တွေရှိနေပေမယ့် မည်သူမှ မသိသည်က အရမ်းများသည်။ သိအောင်လဲ ဘယ်တော့မှ ထုတ်ပြသည် မဟုတ်။

“Terzerxin ကို ငါ့နေရာ မလာဖို့ တခုခုလုပ်ထား။”

“ဇန်းကို မှာထားခဲ့တယ်။ ဘုရင်မ။ သူတားလိမ့်မယ်”

သူမ ခေါင်းညိတ်သည်။

&&&&&&&_

“ဒါက ဘယ်နေရာလဲ”

“လှတယ် မဟုတ်လား”

ထူးထူးဆန်းဆန်း ။ ဇန်းဆိုသူက သူမကိုနန်းတော်အပြင်ဘက် ခေါ်ထုတ်သွားသည်။ လမ်းမှာ မီးအိမ်များထွန်းထားသည် ဆိုပေမယ့် ညက ညပဲလေ။ ပြီးတော့ လမိုက်ည။

“ဘာလို့ အပြင်ဘက်ခေါ်လာတာလဲ”

“နန်းတော်မှာ မရှိနေအောင်လို့”

ခြေလှမ်းတုံ့ခနဲရပ်သွားသည်။ တခုခုရှိနေပြီမဟုတ်လား။

“ဒီလို ညဆိုရင် နန်းတော်မှာပြဿနာ ဖြစ်လေ့ရှိတယ်။ မင်စ အဲအထဲကို မပါအောင် အပြင်ခေါ်ထုတ်လာတာ။ အတွေးမချော် နဲ့”

သူမ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ လမိုက်ည။ သို့ပေမယ့် ကြယ်တွေစုံတဲ့ညပင်။ သူမ ရဲ့မြင်ကွင်းထဲသို့ တစုံ တခုတော့ တိုးဝင် လာလေပြီ။
ထိုသည်က
KAMELE က လူမဟုတ်ဘူး။ မှန်တယ်။ လူမဟုတ်ဘူး။ အတောင်ပံ တစုံရှိနေတဲ့ ဌက်က လူမဟုတ်တာတော့ သေချာသည်။ ဘာလဲ။ ဒီအချိန် သူမကို အပြင်ခေါ်ထုတ်လာတာက။ဒီအခြေအနေကို တွေ့မှာစိုးရိမ်၍လား။ တမင်ခေါ်ပြတာလား။
တမင်ခေါ်ပြတာ ဆိုရင်တော့ အပ်ုတွေလို့ပဲ ပြောရမယ်။ မမြင်စေချင်တာဆိုရင်တော့ အပြင် ခေါ်ထုတ်လာတဲ့ရည်ရွယ်ချက် လွှဲမှားသွားလေပြီ။
ဆိုတော့။

“လမိုက်ညက ဘာလှစရာရှိလို့လဲ။ ပြီးတော့ နန်းတော်ထဲ ဘာဖြစ်နေ နေ ဂရုစိုက်စရာလိုလား”

ဇန်းက

“ကြည့်တက်ရင်တော့ အလှတွေခြည်းပါပဲ”

သူမ အတွက်က မလှပနိုင်။ လူ မဟုတ်တဲ့ သူတယောက် အကြောင်းကို အသေးစိတ်သိဖို့ လိုအပ်နေလေပြီ။

&&&&&&&

To be continued.


Zawgyi

Counter curse (တန်ပြန်ကျိန်စာ)(Z+Un)Onde histórias criam vida. Descubra agora