Part 2

1.1K 86 0
                                    

Unicode Version

‌အပိုင်း-၂

ရေခဲတမျှအေးစက်နေသော လက်တဖက်။လက်အိပ်စွပ်ထားပေမယ့် သိသိသာသာ အေးစက်နေသည်။ ခပ်နွေးနွေးလက်တဖက် တို့ ထိတွေ့ချိန် Kame မျက်ခုံးတချက်တွန့်သွားသည်။ ထိုမျက်ဝန်းတွေကိုရင်းနှီးနေသည့် အတွက်ကြောင့် Kame နူတ်ဆက် ခြင်းဖြစ်သည်။ တနေရာမှာတော့ သေချာ မြင်ဖူးနေသည်ပင်။ နောက် လက်နှစ်ဖက် လွှတ်ပေးလိုက်ပြီး

“ဘား။”

“ငါစိတ်ဝင်စားတဲ့ထဲမှာ ဘားလဲပါတယ်။ မဖိတ်ခေါ်တော့ဘူးလား”

တီဇာက

“အားနာတယ်။ ဒီည ဘားပိတ်တယ်”

Kame တချက်ရယ်လိုက်ရင်း

“နောက်ရက်တော့ လာလို့ရမယ် မဟုတ်လား။ ငါ့နာမည်နဲ့ဆင်တူဖြစ်နေတဲ့  နေရာလေးကို အရင်ကတဲက မျက်စိကျနေ တာ။ အသက်မပြည့်သေးဘူး။ဘာညာ။ ဆိုပြီးဒီအတိုင်းပဲ ကြည့်နေဖြစ်တယ်။
အခုလို ဘားပိုင်ရှင်နဲ့တွေ့ရတာဆိုတော့ မလာရဘူးလို့ မတားမြစ်ဘူး မဟုတ်လား”

တီဇာ လက်နှစ်ဖက်ကို အချင်းချင်းဆုတ်ကိုင် ထားပြီး

“လာခဲ့ပါ။ စောင့်နေပါမယ်”

ထိုစကားကြောင့် Kame မျက်နှာတွင် ကြေနပ်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သက်ပြင်း ချလိုက်ပြီး

“ဒါဆို မိတ်ဆွေဖြစ်ပြီနော်”

“အင်း”

“မိတ်ဖြစ်ဆွေဖြစ်။ နေ့လည်စာ အတူတူစား ကြမယ်လေ”

သူမ သူငယ်ချင်းSunni ပင် ကြောင်ပြီး လှည့်ကြည့်လာသည်။ Kame ဆိုသည်မှာ လူတယောက်ကို လွယ်လွယ်နဲ့ မပေါင်းသင်း သလို အခုလို အတူတူစား ဖို့ဆိုသည်မှာလဲ အခုမှ သိတဲ့လူကိုမဖိတ်ခေါ် ပေ။ သို့သော်။ Kame က Kame ကိုလှည့်ကြည့်ရင်း

“ငါတို့ကျောင်းကိုလာတာလေ။ ဧည့်ခံရမှာ ပေါ့”

စကားအဆုံးမျက်ခုံးတဖက်ပင့်ပြသည်။ ထိုအခါ တီဇာက

“‌စားခဲ့ပြီ။ သွားလိုက်ပါ”

Kame ရဲ့စူးစူးစမ်းစမ်း ဖြင့်ကြည့်နေသော မျက်ဝန်းနက်နက် တွေကို တီဇာ ကျော ချမ်းသည်။ တချိန်က သူ့မိဖုရားဖြစ်ခဲ့သူ ပီပီ။ ယခုထိ သူ့ကိုတွေ့လျှင် ရှိန်နေဆဲ။ ထိုသူသည်လဲ ယခုထိ အရဂ်ကလို အရှိန်အဝါ တွေက လွှမ်းခြုံနေဆဲ။ သာမန် လူသား တယောက်ဆ်ုပေမယ့် ထိုသူက ထူးခြားသည်။

“ခွင့်ပြုပါအုံး။ ကိစ္စလေးရှိသေးလို့”

Kame ခေါင်းတချက်ဆတ်ရင်း

“အိုကေ”

ထိုသူလှည့်ထွက်သွားသည်။ နောက်မိုးရေထဲသို့ ထီးတချောင်းဖြင့် ဖြေး ဖြေးချင်းပျောက်ကွယ်သွားသည်။ Sunni.  က သူမကိုတအံ့တဩကြည့်ကာ

“Kame သူနဲ့အရင်ကတဲက သိနေတာလား”

ဆိုတော့ သက်ပြင်းချသံပြင်းပြင်းနှသ့်အတူ ခေါင်းခါရင်း

“တကြိမ်မှ မဆုံဖူးသေးဘူး။ ဒါပေမယ့် သူက ဘာဆိုတာ ငါသိနေတယ်”

“ဟမ်” နူတ်ကထုတ်မပြောဖြစ်သည်က ထိုသူ သည်သာမန် လူမဟုတ်။ လူသား တယောက် မဟုတ်။ Vampire တကောင် ဖြစ်သည် ကို လက်ဆွဲနူတ်ဆက် ကတဲက သိလိုက်သည်။ စတင်နူဆ်ဆက်မိသည်ကလဲ သူမရဲ့ မသိ‌စိတ်ကြောင့်ပါ။ အရမ်းရင်းနှီးဖူးတဲ့ သူဆိုတဲ့ မသိစိတ်ထဲကိန်းအောင်းဝင်နေ‌သော သူမ ပုံရိပ်ကြောင့်

“ဟူဝ်လား။ သူက ဘယ်သူလဲ”

Kame တချက်ရယ်ပြီး Sunni ရဲ့ ပုခုံးကိုသိုင်း ဖက်ကာ

“ဘားပိုင်ရှင်လေ။”

“အာ”

“ဘားပိုင်ရှင်ကိုသိထားတာ ကောင်းတယ်။ အရက်အလကားသောက်ရတယ်။ ရှင်းပလား”

ဟင်း။ ဆို‌တဲ့ Sunni ရဲ့ စိတ်ပျက်သလို အသံဖြသ့် မျက်နှာပါ မဲ့ရှုံ့သွားသည်။ Kame က

“သွားမယ်။ အချိန်လွန်တော့မယ်”

&&&&&&&&&&&&&&

ည၁၁:၃၀ ။
အလင်းရောင် တစိုးတစိမှ ရှိမနေသော Kamele Bar ရှေ့သို့ ဝတ်ရုံနတ်ဝတ်ဆင် ထားသည်။ လူတ‌ယောက် မားမားမဆ်မတ် ရပ်နေသည်။

လက်ထဲတွင် လေးကိုင်းတခုကို ကိုင်ထား ပြီး နောက်ကော တွင် မြှားထည့်ထားသည့် လည်သာ ကျီတောက်။ ဝတ်ရုံနက်နှင့် တဆက် ထဲဖြစ်နေသည့် အဆောင်း။ မည်သူမည်ဝါ ဆိုသည်ကို မသိရလေအောင် ဖုံးအုပ်ထားသည်။ အဖြူးဖြူးတိုက်ခက်နေသော လေညှင်းမှာ ဝတ်ရုံနက် အပေါ်မှ အနက်ရောင် ဇာပါဝါမှာ လေတွင်လွင့်နေသည်။ အနက်ရောင် လည်သာ လက်အိတ်ကိုဝတ်ဆင် ထားပြီးဘား ရှေ့မျက်နှာစာရဲ့ မှန်တံခါးကို ဆွဲလှပ်သည်။ မီးရောင် မှိန်ပြပြ အောက်မှာ လှုတ်ရှားမှုကင်းမဲ့နေသည့် ဝန်းကျင်တခု။ အဝင်ဘေးမှာ စာပွဲရှိသည်။ ထိုကနေလွန်တော့ ကောင်တာ ပင်။ ထိုနေရာ တွင် မိမိကြိုက်နှစ်သက်ရာ ယာမကာ၊ဖျော်ရည်နှင့် ကော့တေးမျိူးစံာ ရနိုင်သည်။ ဘားတွင်ထားလေ့ရှိသော ထိုင်ခုံအမြင့်များက ကောင်တာရှေ့တည့်တည့် တွင် အတန်းလိုက်နေရာယူနေသည်။ ထိုကောင်တာ နှင့် မျက်စောင်းထိုးနေရာတွင် စတိတ်စင်ရှိ သည်။ တီးဝိုင်းအစုံအလင်ရှိပြီး ဘားအသက်ဝင်နေချိန်ဆိုလျှင် အဆိုတော်တယောက်က Band အဖွဲ့နှင့် အတူ ဖျော်ဖြေလိမ့်မည် ထိုစတိတ်စင်၏ ရှေ့တွင်တော့ သီးသန့်စာပွဲဝိုင်းများနှင့် အပေါ်ထပ် ထပ်ခိုးသို့တက်ရောက်ရန် Free stair ရှိသည်။ အပေါ်ထပ်ခိုးမှနေလဲ ဖျော်ဖြေပွဲကိုကြည့်နိုင်ပါလိမ့်မည်။

‌ဒီနေရာနှင့် ရင်းနှီးနေသူပီပီ လမ်းအတိုင်း လျှောက်ဝင်လာပြီး လမ်းအဆုံးမဇ ကျွန်းတံခါးကို တွန်းဖွင့်လိုက်တော့သည်။
တံခါးဖွင့်ပြီးသည့် နောက် စကားတခွန်းက ပျံ့လွင့်လာသည်။

“ရောက်လာပြီပဲ။”

ထိုသူစိမ်းမှာ နေရာမှာတင် ခြေစုံရပ်သွားသည။

“မုဆိုးတွေ ဒီနေရာကိုမရှာနိုင်ဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တချိန်ချိန် ရောက်လာမယ် ဆိုတာ ငါသိတယ်”

ဘားရှိရာ အခန်းဆောင်သည်။ သုံးထပ်စာ အထိ မြင့်ပြီး အတော်လဲကျယ်ဝန်းသည်။

"ပြီးတော့ မငိးဘာလုပ်မလဲဆိုတာငါသိတယ်”

ရုတ်ခြည်း ဖယောင်းတိုင်အလင်းများက တခန်းလုံးကို ပြည့်လွှမ်းလာ တော့သည်။ ထိုအခါမှ ကုတင်ဘေးမှ ဆိုဖာ အနီပေါ် ထိုင်နေသူ တီဇာ ရဲ့ ပုံသဏ္ဌာန်က သေသေချာချာ မြင်နေရသည်။ တင်ကလိမ်ချိတ် ထိုင်နေရက ဖြေးဖြေး ချင်း ထလာပြီး

“မင်းရဲ့တာဝန်က ငါတို့ကို ရှင်းပစ်ဖို့ ဆိုတော့ ကြိုးစားကြည့်ပါလား”

ထိုစဉ် မည်သူမည်ဝါမှန်းမသိရသူရဲ့ လက်ထဲက လေးကိုင်းကို ပစ်ချသည်။ မြှားကျည်တောက်ကို ထယ်သည်‌။ အပေါ်က အနက်ရောင် ခြုံလွှာကို ဖယ်ထုတ်ပစ်ပြီး နောက် မျက်နှာပေါ်မှ အုပ်ထား သော အနက်ရောင် အဝတ်စကို ဖယ်လိုက်ချိန်။

“ထပ်တွေ့ပြန်ပြီနော် Texerxin”

သူမ ကိုယ် တချက်ယိုင်သွားသည်။ အမှန်ပင် သူမဆီသို့တန်းတန်းမတ်မတ် ရောက်လာသည့် Kamele.

ကျိန်စာရဲ့သက်ရောက်မှုမကြာခင်အဆုံးတိုင် တော့မည်။ သူမကို Kame က သတ်လိုက်မယ် ဆိုရင်ဖြင့်။ kame တချက်ပြုံးပြသည်။

“‌မနေ့ တွေ့ကတဲက ကိုယ်အမဲလိုက်ရမယ့်သူဆိုတာ သိပြီးပါပြီ။ တခါထဲ ရှင်းပစ်လိုက်လို့ရတယ်။ ငါဆိုရင် တော့ မင်းကို ရှင်းပစ်နိုင်မယ်ထင်ပါတယ်”

မလွဲမသွေပေါ့။ kamele ပြန်မွေးဖွားလာ ပီ့း သူမကို သေစေမည်ဆိုလျှင် အရာအား လုံးပုံမှန်အတိုင်းပြန် ဖြစ်သွားလိမ့်မည်။ နတ်ဘုရားအသွင် နတ်ဆိုးအသွင် နှင့် kamele ကိုပြန်မြင်တွေ့ကြရမည်မှာ အမှန်ပင်။ ယခုတော့ kamele ဆိုသည်မှာ လူသာ တစ်ယောက်သာ။ Vampire Hunter တယောက်ဆိုလဲ မမှားပါဘူး။

တီဇာ နည်းနည်းလေးမှ မကြောက်ရွံ့ပါ။ အရင်လို အရင်ကလို ဘာမှ မပြောင်းလဲဘဲ ပြန်လည်မွေးဖွားလာပေးတဲ့ သူ့ကို ငေးကြည့် နေမိသည်က ငြင်း၍ မရနိုင်။
ထိုအခါ

“ငါ့မှာ မေးခွန်းတွေရှိတယ်။ အဲဒီမေးခွန်း တွေကိုဖြေပြီးရင် မင်းကိုသတ်မယ်”

သူမ အတွေးထဲ စကားတခွန်းဝင်လာသည်နောက် ပျက်တောက် သွားသည်။

“ငါမခုခံပါဘူး။ ငါက သာမန် Vampire တကောင်ပဲ”

“မဟုတ်ဘူး”

ငြင်းဆိုလာသူက Kame ။ ခေါင်းတချက် ခါရင်း

“ငါ့ရဲ့ဘဝအမှန်ကိုပြန်ရဖို့အတွက် သာမန် Vampire တကောင်ကိုသတ်ရုံနဲ့လုံလောက်မယ် ဆိုရင် ဟိုးအရင်ကတဲက ပြန်ရပြီးနေပြီ။ အခုက ထူးဆန်းတယ်”

တီဇာ နားထောင်နေသည်။ kame သူမဆီသို့ လျှောက်လာသည်။ လက်တကမ်း အကွာကိုရောက် လာချိန်မှာ။

“မင်းက ကျိန်စာသင့်နေတာဆို။ ဘာကျိန်စာ မို့ ငါနဲ့ ဆက် စပ်နေတာလဲ”

“ငါငယ်ငယ်ကတဲက ခေါင်းထဲရိုက်သွင်း ပေးနေတဲ့ စကားလုံးတွေရှိတယ်။”

မျက်မှောင်ကုတ်ထားပုံက်ုကြည့်ရတာတော့ kame မှာ မကျေနပ်ချက်တွေ ရှိနေသည်ဟု။

“တီဇာသျှင်းကို မင်း သတ်ပစ်ရမယ်။ အမုန်းအရင်းခံ စိတ်နဲ့ သတ်ပစ်ရမယ်။ ဒါဆို မင်းဘဝမင်းပြန်ရမယ်”

နူတ်ခမ်းတချက်ကိုက်ပြီး

“အမှန်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စကြီး။”

တီဇာ နားထောင်ရုံမှ အပ ဘာမှ မပြော။ kame ရဲ့ နှဖူးကျောလေးဝွေတွန့်တဲ့အထိ မကျေမနပ် ဖြစ်နေပုံကတော့

“ငါနဲ့မင်းက ဘယ်လိုပတ်သတ်နေလို့ မင်းက ငါသတ်မှ သေမယ့် Vampire ဖြစ်နေတာလဲ။”

တီဇာက မျက်လွှာချသည်။ အမှန်တရားတချို့ကိုတော့ သူပြောနိုင်သည်။ နောက်

“ငါက မင်းရဲ့ မိဖုရားဖြစ်ခဲ့ဖူးတယ်။ ငါကမင်းကို သေစေခဲ့ဖူးတယ်။ ငါ ကျိန်စာ တိုက်ခဲ့ဖူးတယ်”

Kame သူမ ပြောသည်ကို သေချာ နားထောင် နေသည်။ တီဇာက သူ့ကိုကြည့် ရင်း

“အမုန်းကျိန်စာရဲ့တန်ပြန်ကြောင့် မင်းငါ့ကိုပြန်သတ်မှ ငါဒီဘဝက လွတ်မြောက်မယ်။ ငါ မင်းကို စောင့်နေတာ နှစ်ပေါင်း၂၀၀၀ ရှိပြီ

Kame ဘက်က တိတ်ဆိတ်သွားသည်။

“ဒါကြောင့် မင်းငါ့ကို အမြန် လွတ်မြောက် အောင် ကူညီပေးပါ”

Kame ရဲ့နှလုံးသားက ဆစ်ခနဲ ဖြစ်သွား သည်။ ဘာကြောင့် တခုမှ မမှတ်မိတာလဲ။ သူ့ရှေ့မှာရှိနေတဲ့ ပစ်မှတ်ရဲ့မျက်ဝန်းတွေ မှာ ဘာကြောင့် ကြေကွဲရိပ်သန်းနေတာလဲ။
ပြီးတော့ ဘာကြောင့် နှလုံးသားက နာကျင် နေရတာလဲ။ အဖြေရှိရမယ်။

“ငါ့ကို ဖြစ်စဉ် အစအဆုံးပြောပြပေးနိုင် မလား”

Tezer က

“ဘာလို့လဲ ငါ့ကိုသတ်ပြီးရင် မင်းအကုန် သိရမှာပဲလေ*

Kame က မျက်ခုံးတဖက်ပင့်ပြီး

“မင်းကို သတ်သင့်လား မသတ်သင့်လား ဆိုတာ ရှိသေးတယ်။ ငါ အစအဆုံးသိချင်တယ်။ ပြောပြပေးနိုင် မလား”

ဘယ်လိုပြောလိုက်တယ်။ တီဇာ မျက်ရည် မဝဲမိအောင် ကြိုး စားနေသည်။ သူမ နှလုံးသားတခုလူံးအစိတ်စိတ် အမွှာမွှာ ဖြစ်စေတဲ့ အကြောင်းအရာတွေကို ထပ်ပြော စေချင်နေတယ် ဟုတ်လား။ သူက ဘဝသစ်မှာ ။ငါက ဒီဘဝမှာ နာကျင် မှုတွေ အထပ်ထပ်နဲ့။

ထိုအချိန်က ဘာအတွက်ကြောင့် သူမ ဖြစ်စေချင်တဲ့အတိုင်းသေပေးခဲ့ရတာလဲ။ ပြီးတော့ အခုက ဘာတဲ့။ ပြန်ပြောပေးနိုင် မလား။

မျက်ရည်တပေါက်က တားဆီးမရ စီးကျလာတော့ Kame လန့်သွားသည်။ အတိတ်အကြောင်းပြန်ပြောခိုင်းတာ ငိုစရာပါလား။

Counter curse (တန်ပြန်ကျိန်စာ)(Z+Un)Donde viven las historias. Descúbrelo ahora