Part 4

776 65 5
                                    

Unicode

Part 4

“ဇန်း”

“ကားတစီး လာပို့ပေး။”

“လိပ်စာပို့လိုက်မယ်”

ဖုန်းပြောပြီး သူ့ရှေ့မှာ ပြန်ချပေးသည်။ Kame က သူ့အပြုအမူတွေကို တခုမကျန် လိုက်ကြည့်နေသည်။ eဖုန်းဌားသည်။ ပြီးတော့ ကားတစီးစီစဉ်ခိုင်းသည်။

Taxi မစီးနိုင်တဲ့ အတွက် ဖြစ်မှာပါ။ မနက်စာလဲ ဟုတ်တိပါတ်တိမစား။ ‌အနည်းငယ်သာ တို့ရုံဖြင့် စားသည်။

“ ဗိုက်မပြည့်ဘဲနေမယ်။ ဒါလေးတော့ ကုန်အောင်စား။ ရော့”

သူမ ထမင်းပန်းကန်ကို သူမရှေ့ပြန် တိုးပေးပြီး

“တရက် တရက်နဲ့ ဘာမှမစားဘဲ မနေရဘူး”
တီဇာက ခေါင်းခါသည်။

“ငါက လူသားမဟုတ်ဘူး”

Kame ထမင်းစားလက်စနှင့်

“ငါမြင် နေတာတော့ လူပုံစံပါပဲ ။ မညီးငွေ့ဘူးလား။ အခုလို လူသားတွေနဲ့ အတူတူ မနေထိုင်ရဘဲ တသီးတသန့် ညရောက်မှ အပြင်ထွက်နိုင်တဲ့ အခြေအနေကို”

တီဇာ ပြန်မဖြေ။ ခေါင်းငုံ့ပြီး သူ့ဆက်ပြီး နားချ မည်ကို မကြိုက်၍လားမသိ။ စား ဆိုသည်တိုင်း ။
သူမ အတွက် ဒါတွေက အရသာ မရှိပါဘူး။ မည်မျှပင် ဆာလောင်နေပါစေ ဒါတွေက အဆာပြောတာမှ မဟုတ်ဘဲ။ သူမ လိုနေတာက။

“မင်းကို လေ့ကျင့်ပေးနေတာ။ ကြိုးစားကြည့်”

တီဇာ တချက် မျက်လုံးလှန်ကြည့်သည်။ အဆုံးသတ်လို့ရတဲ့ အခြေအနေကို ဘာကြောင့်များ ။ တော်ပြီ။ မစဉ်းစား တော့ဘူး။ သူမ အတွက် ကောင်းဖို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။
ဒီ‌တော့။

“ဘာကြောင့်မုဆိုးဖြစ်လာတာလဲ”

Kame သူမကို မကြည့်။ လက်ထဲမှ ဇွန်းကို ဘေးသို့ ချလိုက်သည်။

“ငါ့မိဘတွေ အသတ်ခံလိုက်ရတယ်။ Vampire တကောင် က သတ်သွားတာ ။ ဒါကြောင့် ကလဲ့စားချေ ဖို့ အတွက် ငါမုဆိုး ဖြစ်မှရမယ်”

တီဇာက သူ့ကိုစိုက်ကြည့်နေသည်။

“ဘယ်သူသတ်သွားလဲဆိုတာ ငါသိထားပြီးပြီမို့ နောက်ဆုတ်ဖို့ ဘယ်တော့မှ မရှိဘူး”

တီဇာက

“ငါ လား။ နင့်မိဘတွေကိုသတ်ခဲ့တာ”
ထိုအခါမှ သူမကို ကြည့်လာသည်။ Kame ရဲ့ မေးရိုးတွေက အံကြိတ် ထားသည့် အတွက် တင်းသွားသည်။ တီဇာ တချက် ပြုံးသည်။

“ငါ့ကို လူသဝ်သမားလို့စွပ်စွဲရင်တော့ မှားနေပြီ။ ငါနင့်ကို စောင့်နေတာ နှစ်၂၀၀၀ ရှိပြီ။ နင် ပြန်မွေးဖွားလာမယ့်အချိန်ကို  ။ ဒီနိုင်ငံ မှ မဟုတ်ဘူး။
တလောကလုံးကို ပြောင်းပြန် လှန်လုမတက်ပဲ။ ပြီးတော့ နင် ငါ့ဆီကနေ ထွက်သွားပြီးနောက် အသိစိတ်ပျောက်ခဲ့တယ်။ အချိန် ဘယ်လောက်ထိ လဲတိတိကျကျ မသိပေမယ့်။
ရာစုနှစ်၃-၄ ခုထိကြာနိုင်တယ်။ ငါ ပြန်ကောင်းလာ ပြီး နောက်မှာ ငါလူမသတ်တော့ဘူး။ အဲ့အချိန်ထိ နင်မမွေး သေးပါဘူး”

Kame မျက်မှောင်ကုတ်သွားသည်။

“ဇန်းက ငါ့အတွက် တလ တခါတော့ ရှာပေးတယ်။ ငါ့ အတွက် အာဟာရ အနေနဲ့ သူတို့သွေးကို သောက် ပေမယ့် တယောက်မှ ငါမသတ်ခဲ့ဘူး”

တီဇာ သက်ပြင်းချပြီး

“ဘယ်ကနေသိလာလဲတော့ မသိဘူး။ ငါ နင့်မိဘတွေကို မသတ် ခဲ့ဘူး။ ငါ့ကိုသတ်နိုင်တာ နင်တယောက်ပဲ ရှိတဲ့အတွက် နင့်မိဘသေဆုံးမှု နဲ့ပါတ်သတ် ပြီးအသုံးချခံနေရလား ဆိုတာ ပြန်စဉ်းစား”

Kame က

“ငါ့ရဲ့ ခေါင်းဆောင်က လိမ်ညာနေတယ် ပေါ့။ ဟုတ်လား”

တီဇာ အဲ့လိုမဆိုလိုပါဘူး။ သူမ ဘက်ကအမှန်တရား ပြောပြရုံပါပဲ။ သူ မယုံဖို့က များတယ်။

“ဘယ်သိမလဲ တစုံတယောက်ရဲ့လောဘက အမှန်တရားကိုပြောင်းပြန်လှန်ပစ်နိုင်တယ်”

Kame ဆတ်ခနဲ ထရပ်သည်။

“ဒုန်း”

Counter curse (တန်ပြန်ကျိန်စာ)(Z+Un)Donde viven las historias. Descúbrelo ahora