Part 28 End.
Unicode Version
အပန်းရောင်ပွင့်ဖက်များ လေနှင့်အတူလွင့်မျောလာသည်။ သူမ တယောက်ထဲ ထိုနေရာမှာနေထိုင်ရသည်က နည်းနည်းတော့အထီးကျန်သည်။ သူပြောထားသည်။ သူကိုယ်တိုင်လာခေါ်မှ ထွက်လာခဲ့ပါဆိုတာ။ တခြားသူဆို အစစ်အမှန်မဟုတ်၍ များလား။ Suwar ရဲ့လှည့်ကွက်ထဲကို သူဝင်သွားမည်ကိုစိုးရိမ်သည်။ Suwar နှင့်မဆုံဖြစ်တာ အချိန်ကြာပြီဆိုပေမယ့် သူ မကောင်းတာ။ ရှင်းသိသည်။ ထို့ကြောင့် သူ့ကိုစိတ်လဲပူတယ်။ သူမ ပါဝင်ပါတ်သတ်ရင် ရလဒ်ဆိုးပဲဖြစ်လာလိမ့် မည်။
ရေပူစမ်းရှိရာကန်ဘောင်ပေါ် တလှမ်းချင်းလျောက်နေရင်း
“ရှင်း”
သူမရဲ့အနောက်ဘက်ဆီမှ သူ့ရဲ့ခေါ်သံကြောင့် စိုးရိမ်ကြောင့်ကြနေသညိ့ အခြေအနေကနေ အလုံးစုန် လွတ်မြောက်သွားတော့သည်။ မျက်နှာပေါ်မှ အပြုံးပုံရိပ်က သိသိသာသာပင်။ ထို့ကြောင့် အပြုံးပန်းဆင်ပြီးလှည့်ကြည့်လိုက် တော့သည်။
&&&&&&&&&&
Kamele ။
အောက်ဆုံးထပ်ဘားအတွင်းမှာ အနီအနက် ပူပေါင်းများချိတ်ဆွဲထားပြီး စင်မြင့်ထက် တွင် သူ အသင့်စောင့်နေသည်။ Deta,Lusiya နဲ့ Ura ။ထို့နောက် ဇန်း။ Sunni.ဝေယာဝစ္စ အလုပ်သမား သောမီ။
ဒီအရေအတွက်က ပွဲကြည့်ပရိတ်သတ်ပါ။ ထိုစဉ်ပဲ မင်္ဂလာဝတ်စုံ ဝတ်လာသူ ရှင်းအသွင်ယူထားသည့် Nameso. ပန်းခင်းလမ်းအတိုင်းလျောက်ဝင် လာပြီးနောက် သူမရှေ့သို့ရောက်သည့် တိုင်။ အခြေအနေက ငြိမ်သက်နေဆဲပင်။
လုပ်ထုံးလုပ်စဉ်အားလုံးပြီးသည့်နောက်တော့ အပေါ်ဆုံးထပ်သို့ တက်ရန်သာကျန် တော့သည်။ အခြေအနေ အားလုံးမှာအနှောက်အယှက်မရှိခြင်းအပေါ် သူ သိပ်ပြီးဘဝင်မကျပေ။ တခုခုလွဲချော်နေတာဖြစ်နိုင်သည်။ ထိုစဉ် Sunni က
“အထူးအဆန်းတွေ အရမ်းလုပ်တာပဲ Kamele ။ အသက်ကငယ်ငယ်လေးပဲရှိ သေးတယ်။ လုပ်ချင်တာတွေ လုပ်ပလိုက်တာပဲ”
Kamele ပြုံးမိသည်။
“ငါကတကောင်ကြွတ်လေ”
Sunni သူမကိုကြည့်ပြီး
“ဟုတ်တယ်။ တခါတလေ နင့်ကို အားကျတယ်။ အချုပ်အနှောင်မရှိဘူး”
Kamele သူမ ပုခုံးပေါ် လက်တင်ပြီးတချက်ပုတ်ကာ
“ငါကျောင်းဆက်တက်ဖြစ်ဖို့က မသေချာဘူး။ ဒါကြောင့် အခုလိုဆုံးဖြတ်ဖြစ် တာလဲပါတယိ။ ဒီဘားမှာပဲ အလုပ်လုပ်ရင်းစီးပွားရေးလောကထဲ ဝင်လိုက်တော့ မယ်”
Sunni ရဲ့ စိတ်မကောင်းဖြစ်သွားသည့် မျက်နှာက ပြုံးနေရင်းမှဖြေးဖြေးချင်းတည် တံ့သွားသည်။
“ရပ်နားတင်ထားပါလား။ ဒါဆို စိတ်ပါရင် ဆက်တက်လို့ရမယ်”
Kamele ခေါင်းခါသည်။
“မတက်ဖြစ်ဖို့က ရာခိုင်နူန်းသေချာတာဆိုတော့ အဲ့လောက်ထိ မလုပ်တော့ပါဘူး။ အကူအညီလိုရင်တော့ ဒီကိုလာခဲ့။ ငါမရှိလဲ သူရှိလိမ့်မယ်”
Sunni ထပ်မံမတိုက်တွန်းတော့ဘဲ ခေါင်းညိတ်လိုက်တော့သည်။ အရင်ကတဲက လွတ်လွတ်လပ်လပ်နေတက်သူဖြစ်သည့်အလျောက် ဘယ်သူရဲ့ကြိုးဆွဲမှုမှ လက်မခံသူမို့ ထပ်မံ၍နားချနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ။
“ဒါဆို ငါပြန်အုံးမယ်။ လာမယ့်တနင်္လာစာမေးပွဲရှိတယ်”
“အင်းအင်း။ အခုလိုလာပေးတဲ့အတွက်ကျေးဇူးပဲ”
“ရပါတယ်”
“သွားပြီနော်”
Kamele ခေါင်းညိတ်ပီ့းနောက် Sunni ထွက်သွားသည်။ ထိုအခါမှ
“တခုခုမှားနေပြီမဟုတ်လား။”
သူတို့တွေအားလုံးသတိထားမိနေပြီ။ Deta က
“သစ္စာဖောက်တယောက်တော့ရှိနေမယ်ထင်တယ်”
Kamele တခုစဉ်းစားမိသည်။ Nameso ကရှငိးကဲ့သို့ ဟန်ဆောင်ထားတယ်ဆိုတာသိလျင် ထိုသူဘက်က တုံ့ပြန်နိုင်ချေက
အပေါ်ဆုံးထပ်သို့ အမြန်ပြေးထွက်သွားတော့သည်။
“ဘုရင်မ”
အပေါ်ဆုံးလေသာဆောင်ရှိရာသို့ သူမ ရောက်တဲ့အချိန် အခြေအနေက ဘာမှ မပြောင်းလဲသွားပါ။ သို့ပေမယ့် သူမ သတိထားမိသညိ့ အရာက အမွှေးနံ့ တမျိုးပါ။ ထိုအနံ့က ရှင်း တယောက်ထဲ ရှိနေသည့် လျိူ့ဝှက်ကမ္ဘာငယ်လေးမှာစိုက်ထားတဲ့ ပန်းရနံ့ဖြစ်သည်။ ဒါဆိုရင် ရှင်းအပြင်ရောက်နေတာများလား။
မဖြစ်နိုင်။ သူကိုယ်တိုင်ခေါ်ထုတ်မည်ဟု ပြောထားသည်။
ထိုစဉ် ရှင်း အသွင်ယူထားသည့် Nameso ဝင်ရောက်လာသည်။
“ဘုရင်မ”
“အဲ့တာ ဘာအနံ့ကြီးလဲ”
Kamele ငြိမ်သက်နေရင်း ဖြစ်နိုင်ခြေရှိမယ့် အရာတချို့ကို အတွေးထဲ နှစ်ထားသည်။ ရှငိးအပြင်ဘက် ရောက်မရောက်ဆိုတာ။ သူမ အပေါ်ပဲ မူတည်သည်။ ဘာကြောင့်လဲဆိုရင် အဲဒီနေရာကို သူမကိုယ်တိုင်ပဲ ဖြစ်နိုင် သလို သူမ တယောက်ပဲ သွားနိုင်တာ။
တခြားသူတွေအနေနဲ့က သူမရဲ့ ခွင့်ပြုချက်လိုလိမ့်မည်။ ယခုက။
“Deta တို့ ကော”
သူမ စကားအဆုံး။ Nameso ရဲ့ လက်အတွင်းမှ အနက်ရောင်အမှုန့်တချို့ သူမဆီသို့ လွှင့်ပြန့်လာချိန် ချက်ချင်းပဲ လက်တဖက်ဖြင့် ဆီးကာ ပေမယ့် အမှုန့်အနည်းငယ် သူမ အပေါ်သို့ ကျရောက်သည်။
မှန်အကြည်ကဲ့သို ရောင်စဉ်တန်းတခု သူနဲ့ Nameso နှစ်ဦးကြားတွင်စီးကာ သွားပြီး ထိုအချိန်ပဲ ရှင်းပုံစံယူထားသည့် Nameso မှတဆင့် Suwar ပုံစံသို့ ပြောင်းလဲ လာသည့်အခါတွင် ။
ဘာကလွှဲမှားနေလဲဆိုတာ အဖြေအားလုံးရှင်းလင်းသွားသည့်။ အစကတဲက Suwar မှ ဒီစီစဉ်မှုထဲတွင်ပါဝင်နေသည်။ဘယ်ကတဲကလဲ။ ဘယ်ကတဲက သူရှိနေတာလဲ။ ထိုစဉ်ပဲဝေယာဝစ္စပြုလုပ်ပေးသည့် သောမီ တံခါးဖွင့်ပြီးဝင်လာကာ
“အားလုံးကို ထိန်းချုပ်ထားပြီးပါပြီ”
Kamele အံတင်းတင်းကြိတ်ထားမိတော့သည်။ Suwar ခေါင်းညိတ်ပြီး ငွေဖြူရောင် ဓါးမြှောင်တချောင်းဖြင့် သူ့နှလုံးသားတည်ရှိရာသို့ ထိုးချိန်သည်။ မှန်နံရံအသွင်ရှိနေသည့် အလွှာပါးကြောင့် သူ့ဆီသို့ မရောက်နိုင်။
Suwar က
“သူ့ကိုဝှက်ထားတယ်မဟုတ်လား။ ရှင်းရှင်းပဲ ပြောမယ်။ ခေါ်ထုတ်လာပါ။ မင်း ဆေးမိထားတယ်။ ဒါကြောင့် သူ့ကိုမဖြစ်မနေလိုအပ်လိမ့်မယ်”
မှန်သည်။ သူ့ရဲ့သွေးကြောများမှာမငြိမ်မသက် ဖြစ်နေသည်။ နတ်ဘုရားဆိုပေမယ့် လူသားခန္ဓာကိုယ် တည်ရှိနေသေးသည့် အတွက် အားနည်းချက်ဆိုတာ ရှိနေသည်
“ပထမတချက်က
မင်းရဲ့နှလုံးသားကို ကိုယ်တိုင်ထုတ်ပေးမလား။ဒါမှမဟုတ်။
ဒုတိယတချက်ဖြစ်တဲ့
ဖိအားပေးခံရမှ ထုတ်ပေးမလား။
မင်းကိုဖိအားပေးဖို့က တခြားသူတွေထက် မင်းသမီးတယောက်ပဲ ထိရောက်မယ် ဆိုတာ သိပါတယ်။ ဒါကြောင့် မင်းရဲ့အားနည်းချက်ကို မထိစေဖို့ ဝှက်ထားမှန်းလဲသိတယ်။ ငါသူ့ကို သွားခေါ်လို့ရတယ်နော်။ ဘုရင်မ။ဒီအတွက်ကြောင့် မင်းကိုဆေးခပ်လိုက်တာ”
စကားပင်မဆုံး
“အဟွတ်”
သူ သွေးအန်ထုတ်ပစ်သည့် အတွက် မှန်သားနံရံရဲ့ တဖက်ထိ လွင့်စင်သွားတော့သည်။ ထိုစဉ်ပဲ
“ဝုန်း”
တံခါးကို ချိုးဖြတ်ဝင်လာကြသည့် Deta တို့လေးယောက်။ Suwar အားလုံးရှေ့တွင် ပျောက်ကွယ်သွားသလို တယောက်ထဲကျန်သည့် သောမီကို Deta ဖမ်းချုပ် ထားလိုက် တော့ သည်။ Suwar ပျောက်ကွယ်သွားသည်နှင့် Kamele ဒူးထောက်ကျ သွားတော့ သည်။
“ဘုရင်မ”
“အဟွတ် အဟွတ်”
သွေးများအန်ထုတ်လာပြီးနောက် မလဲကျသွားစေရန် အားတင်းထားရင်း
“သူအန္တရာယ်ရှိတယ်”
သူမကိုသွားကယ်ဖို့ နည်းနည်းလေးမှ မလှုတ်နိုင်သည့် အခြေအနေ ဖြစ်နေသည်။ ထိုစဉ်ပဲ။
&&&&&&&
“Kame”
ခေါ်သံကြားလိုက်သည့် အတွက် အမြန် နောက်လှည့်ကြည့်မိသော် တံခါးဖွင့် ဝင်လာသူမှ သူမဟုတ်နေဘဲ။
“ရှင်”
Suwar သူမ နားအမြန်ဆုံးရောက်လာပြီး ဖမ်းချုပ်ကာ
“အခြေအနေကိုသိလိုက်တော့ မင်းသမီး။ မကြာခငိ အားလုံးအဆုံးသတ် တော့မယ် ဆိုတာ”
“နင် ဘာလုပ်”
သူမ စကားပြန် ကိုပင်မစောင့် ချက်ချင်းပဲ အပြင်ဘက်လောကသို့ ရောက်ရှိသွားတော့ သည်။
“Kame”
သူမ အားလုံးရှေ့သို့ ရောက်လာချိန် လေဟာနယ်ထဲတွင် Suwar ထိန်းချုပ်မှုကြောင့် ရပ်နေသည်။ သူမ အနောက်တွင် Suwar ရှိနေပြီး လည်ပင်းကို ဓါးနဲ့ထောက် ထားသည်။
ထိုစဉ်ပဲ အနက်ရောင် မြူခိုးတချို့က ထိုနေရာတဝိုက်ကို ဖုန်းအုပ်ထားတော့ သည်။ Suwar ကို အပြင်ဘက်ထွက်မပြေးနိုင်အောင်စည်းချထားလိုက်ခြင်း ဖြစ်သည်။ Suwar အစပိုင်းက စိတ်ပျက်သလိုဖြစ်ပေမယ့်
“ငါ့ကိုပြေးလမ်းမရှိအောင်လုပ်လဲ အသုံးမဝင်ဘူး။ဘုရင်မ”
Kamele က
“သေချာတာတခုကတော့ ငါနင့်ကိုသတ်နိုင်မယ်”
ထိုသို့ပြောတော့ Suwar ကပြုံးသည်။
“ငါ့ကိုမသတ်နိုင်ခင် ငါသူ့ကိုသတ်လိုက်လို့ရတယ်နော်။ ငါဘာကို ထိန်းချုပ် ထားလဲ မြင်မှာပါ”
Kamele ထမရပ်နိုင်ပေမယ့် အားတင်းထားပြီး
“နင်လိုချင်တာ။ငါ့နှလုံးသားမဟုတ်လား”
“မှန်တယ်”
“မပေးရင်ကော”
“သူသေရမယ်။”
ပြောပြောဆိုဆိုဖြင့် လည်တွင် ထောက်ထားသော ဓါးကိုအသားထဲသ့်ု ဖြေးဖြေး ချင်းနှစ်ဝင်စေသည်။
“အရင်ကလို မင်းထွက်သွားတာကို သူကြည့်ပြီး အရူးတယောက်လို ဖြစ်နေတဲ့မြင်ကွင်း။ ခံစားချက်တွေအားလုံး မင်းအတွက် နောက်တကြိမ် ဖန်တီးပေးရုံပေါ့”
Kamele အံကြိတ်ထားတော့သည်။ ရှင်းရဲ့ အားနာသည့်အကြည့်တွေ။သူမကြောင့် ဝန်ထုတ်ဝန်ပိုး တွေ ကို ခံစားစေမိတဲ့အတွက် အပြစ်ရှိသလို အကြည့်တွေ။ ထိုသို့ ပုံစံတွေက Kame အတွက် ပိုနာကျင်သည်။
သူတခုခုဖြစ်သွားရင် ရှင်းဘာလုပ်နိုင်တယ်ဆိုသည့် အဖြေကို တပါထဲရရှိသွားသလိုပါပဲ။
“တကယ်ပဲ ဒီမြင်ကွင်းကို ကြည့်နေနိုင်ပြီလား”
“ရတယ်”
ဓါးသွားကို လည်တွင် ထိုးချိန်ထားမှုမှ ဖယ်ပြီး တချက်ထဲ ဖြတ်ရန် အားယူစဉ်ပဲ သူ့လက်ထဲမှရှင်းသည် လေဟာနယ်ထဲတွင်ပဲ တဖက်သို့ ခွဲထွက်သွားတော့သည်။
ထိုသို့ မဖြစ်လာစဉ် Kamele ကိုယ်အတွင်းမှ အနက်ရောင် အငွေ့အသက် တချို့ ဖြာ ထွက်လာခဲ့သည်။
Suwar ကြောင်အနေစဉ်ပဲ သူတို့နှစ်ယောက်ရှေ့သို့ တဖြေးဖြေးချင်းပုံရိပ်ထင် လာသော Averna ။ ထိုအခါမှရှင်း သက်ပြင်းချနိုင်သလို Kamele ရဲ့စိုးရိမ်ပူပန်မှု ကလဲ နည်းနည်းတော့ လျော့နည်းသွားတော့ သည်။ Suwar တအံတဩ ဖြစ် နေသည်။
Kamele နဲ့ အပြင်အဆင်ကွာခြားသည့် Kamele ။ သူ မသိသေးသည့် အရာ ဖြစ်သည်။ Averna တချက်ပြုံးသည်။
“ငါတို့ အခုမှပဲ ဆုံရတယ်နော်။ လိုင်နွန်မျိုးနွယ်စု ခေါင်းဆောင် Suwar”
Suwar က
“မင်းဘယ်သူလဲ”
စင်္ကြံလမ်းပေါ် သို့ သူခြေချ လိုက်သည်။
“မင်းဘယ်သူ ဖြစ်ဖြစ် မင်းသမီးက ငါ့ထိန်းချုပ်မှုအောက်ကို ရောက်နေသေး တယ်ဆိုတာသိထားလိုက်”
Averna က
“Kame ကို မင်းခြိမ်းခြောက်ချင်တိုင်းရမယ်။ ငါ့ မရဘုးနော်။ ဘာလြိုလဲ ဆိုကင် ငါက အဲဒီကလေးမ ကို နည်းနည်းလေးမှကြည့်မရတာမို့”
Suwar က တချက်ရယ်ရင်း
“ငါသိပြီ။ မင်းက ဘုရင်မရဲ့ ဆန့်ကျင်ဘက် ဖြစ်မယ်။ ဘုရင်မကို အနိုင်ယူမယ့်သူ။ ဟူတ်တယ်နော်”
Averna က ပြုံးပြီးခေါင်းညိတ်သည်။
“တဝက်မှန်တယ်”
Suwar က
“ဒါဆို ငါတို့ ပူးပေါင်းလို့ရတယ်။ ဘုရင်မကို အနိုင်ယူဖို့ လူတယောက်ကို အသုံးပြု ပြီးခြိမ်းခြောက်နေရတာ သဘောမကျဘူး။ မင်းနဲ့ငါ ပူးပေါင်းလိုက်ရင် ဘယ်သယက ယှဉ်နိုင်အုံးမှာလဲ”
ရှင်း သူ့ကိုလှမ်းကြည့်သည်။ သူ့ပုံစံက မနည်းအားတင်းထားရသည့် အနေအထား ပါ။ ဒဏ်ရာ ရထားတာ ဖြစ်မယ်။ ဘေးမှာ တခြားသူတွေရှိမယ် ဆိုပေမယ့် အခုလိုအနေအထားဆိုရင် သူ အနိုင်ယူဖို့ခဲရင်းမှာ။ နတ်ဘုရား Averna ဆိုတာ အင်မတန်ရက်စက်တယ်။ စာနာမှုမရှိဘူး။
ထိုစကားကြောင့် Averna တချက်ရယ်ပြီး KAME ကို လှည့်ကြည့်ရင်း
“ဘယ်လိုလုပ်မလဲ ငါက မင်းကိုပိုမုန်းတယ်”
စကားအဆုံး လက်ထဲမှငွေရောင်ဓါးမြှောင်တချောင်းက သူ့လက်မှ ဝှစ်ခနဲ ပြေးထွက်ရင်း Suwar ရဲ့ နှလုံးသား ကိုထိုးဖောက် သွားတော့သည်။
“ဇွက်”
မထင်မှတ်ထားသာ့် တိုက်ခိုက်မှုကြောင့် Suwar တအံ့တဩ ဖြစ်သွားပေမယ့် စက္ကန့် ပိုင်းချင်းဆွဲထုတ်ကာ
“ဒီလိုသတ်လို့ရတယ်လို့ မင်းကို ဘယ်သူပြောလဲ”
Averna က ပုခုံးတဖက်ပင့်ရင်း
“သိထားပဲ။ မင်းကိုသတ်ဖို့က နည်းလမ်းအများကြီးရှိတယ်။ ဒါက မင်းသတိထားမိရုံပဲ”
Averna ဘက်က စစ်ကြေညာလိုက်သကဲ့သို့ ရှင်းရဲ့အသက်နှင့် ခြိမ်းခြောက်၍ မရသော Averna ကို Suwar ထိတ်တိုက်ရင်ဆိုင်ရတော့သည်။
Averna ရဲ့ ဓါးရှည်။ ဓါးရှည်ပိုင်နိုင်စွာပင်။ Suwar ကို တိုက်ရိုက်ထိုးဖောက်နိုင်သည့် အခြေအနေ ရှိပါလျက် သက်ညှာပေးနေသည်။
နှစ်ဖက် ဓါးသွားနှစ်ခု ထိမိသံနှင့်အတူ လေခွင်းသည့်ဓါးသံများ။ လည်မျို သို့ ဖောကမလုဆဲဆဲ အချိန်မှာ တမင် နောက်ဆုတ်ပေးလိုက်ပြီးမှ ထပ်မံတိုက်ခိုက်ရာ။ Suwar ရဲ့ ဒေါသက တဖြေးဖြေးနဲ့ပုံစံပျက်လာတော့သည်။
လက်ရည်ချင်းယှဉ်ပြိုင်နေပေမယ့် တဖက်က ရန်သူမှာ သူ့ထက် အစပေါင်း များစွာ သာနေသည့်အပြင် တမင်ကို သက်ညှာပေးနေခြင်းက သူ့သိက္ခာကို ချနေသကဲ့သို့ ပင်။
“မင်း…”
Suwar နောက်ဆုတ်ပြီး ကျိတ်မနိုင်ခဲမရ မြည်လာသည်။
Averna က
“အခွင့်အရေးပေးမယ်။ ထွက်ပြေး”
Suwar နှာခေါငိးရှုံ့ပြီး
“ယား”
အတင်းဝင်တိုက်ခိုက်လာချိန်မှာတော့ Averna လက်ထဲမှ ဓါးတချောင်းမှ သည့် ငါးချောင်းသို့ ပွားပြီး ပြေးဝင်လာသည့် Suwar ကိုယ်သိူ့ အဓိကသေစေနိုင်သည့် နေရာငါးမျိုးသို့ ထိုးစိုက်သွားတော့မှ သူ့ဆီဦးတည်ဓါးချိန်ထားပြီးနေရာမှာတင် အတောင့်လိုက် ဖြစ်သွားတော့ သည်။
နည်းနည်းလေးမှလှုတ်ရှားလို့မရတော့သည့် အခါမှ
Averna ဓါးအားလုံးကို ဦးတည်ရာမဲ့ ဖြတ်ထုတ်စေသည့်အတွက်
“အားးးး”
အော်သံတခုသာ ကြားရပီ့း ခန္ဓာကိုယ်မှာအစိတ်စိတ်အမွှာမွှာ လွင့်ဝင်သွားချိန်ပဲ မီးထပ်ရှို့ပေးလိုက်တော့သည်။ အသားစများမီးလောင်နေပြီးနောက် ပြာအဖြစ်သြို စက္ကန့်ပိုင်းအတွင်းရောက်ရှိသွားချိန်။
လေဟာနယ်ထဲတွင်ရှိနေသည့် ရှင်းလဲ အဆောက်အဦးအပေါ်မှ အရုပ်ကြိုးဖြတ်ချသည့် တဖွယ် ပြုတ်ကျသွားတော့သည်။
“ရှင်း”
Kamele မြင်လိုက်ပေမယ့် ဘာမှမလုပ်ပေးနိုင်သည့် အပြင် Averna သည်လဲ ကျောပေးထားသည့် အပြင် ကျိန်းသေပေါက် ကယ်တင်မှာမဟုတ်တော့သည့် အတွက် မြေပြင်သို့ ထိခိုက်မိသည့် အချိန်ပဲ နှလုံးသား တစုံကို ဖြစ်ညစ်ခံရတကဲ့သို့ နာကျင်ရင်း ဆေးမိထားသည့် ဒဏ်နှငိ့ အတူ သတိလစ် လဲကျသွားတော့ သည်။
&&&&&&
ရှင်း အားလုံးရှေ့မှာတင် လဲထဲမှာလွင့်ထွက်လာသည်။ သူ လာမကယ်နိုင်မှန်းသိသည်။ ထို့နည်းတူ ဘယ်သူမှလဲလာကယ်မည်မဟုတ်။ ထိုနေရာကနေ သူခုန်ဆင်းသွားသည့် အချိန်ကလဲ မည်သူမှ လာမကယ်နိုင်။ သူကျေကျေနပ်နပ်နဲ့ ထွက်သွားခဲ့သလို သူမသည်လဲ။
စိတ်ကိုအစွန်းဆုံထိ လျော့ချရင်းစက္ကန့်ပိုင်းအတွင်း ဖြစ်တည်လာမည့် နာကျင်မှုကို ကြိုဆိုကာ မျက်ဝန်းများပိတ်ထားလိုက်တော့သည်။
ထိုစဉ်ပဲ လေကိုထိုးခွင်းလာသည့် အသံကြောင့် မျက်ဝန်းပြန်ဖွင့်မိချိန်။ သိန်းငှက်တကောင်တဖွယ်ထိုးဆင်းလာသည့် Averna ။ သူမ မြေပြင်သို့ ထိလုဆဲဆဲအနေအထားမှာ သူ့ရံ့ စွမ်းအားတချို့က မြေလွှာကို ဧရာမ တွင်းတခုတဖွယ်ထိုးဖောက်ပြီး သူမကို ဖမ်းမိချိန်မှ တောင်ပံတစုံပွင့် ထွက်လာသည်။ သူမကို ပွေ့ဖက်ပြီး အပေါ်ဘက်သို့ပြန်လည်ခေါ်ဆောင်လာစဉ်ပဲ ထိုးဖောက်သွားသည့် မြေသားများပြန်လည်ပြည့်တက်လာသည်။ မူလမြေပြင်ပေါ်သို့ ရောလာခဲ့ပြီးနောက် ရဲတိုက်အပေါ်ဆုံးထိခေါ်ဆောင် လာပီ့း စင်္ကြံလမ်းပေါ် ချပေးချိန် ရှင်း သူ့ဆီသို့ မနားတမ်းပြေးလာခဲ့တော့ သည်။
သတိလစ်သွားသည်လား။ ဒါမှမဟုတ်။
“Kame”
သူမ လက်လှမ်းလိုက်စဉ်။
“ဘုရင်မ အသက်မရှိတော့ဘူး”
ရှင်း နေရာမှာတင် ထိုင်ကျသွားတော့သည်။ နောက်တကြိမ်။ ဆိုသည့် ခံစားချက်က နှလုံးသားမှာတဖန်ပြန်လည်နာကျင်လာရသည်။ကျောက်ရုပ်တဖွယ် ဖြစ်သွား သည့် ခန္ဓာကိုယ်မှာ မျက်ရည်တခုသာ အသက်ဝင်နေတော့ သည်။
ထိုစဉ်။
“ဝမ်းနည်းနေတာတွေ။ ငိုနေတာတွေ။ တော်လိုက်တော့”
Averna ရဲ့ အသံကြောင့် Deta တို့အပါ အဝင် အားလုံးပြန်လည် အာရုံစိုက်နေသည်။
“Kame က ငါနဲ့အတူ ထွက်သွားရမယ့် အချိန်ကျပီ့။ သူ့တာဝန်က ဒီနေ့ပဲ ပြီးဆုံးသွားတာ။ ဒီနေ့ကနေစပြီး လောကကြီးအေးချမ်းသွားလိမ့်မယ်။ မကောင်းဆိုးဝါး အုပ်စည်းမယ့် အခြေအနေမရှိ တော့တဲ့အတွက် ငါတို့ ဒီမှာဆက်နေလို့မရတော့ဘူး”
ရှင်း အဲ့တာတွေကို မသိချင်ဘူး။ Averna က
“ပြီးတော့ မင်း”
သူမကို ပြောလာသည်။
“အခုလို နှစ်ထောင်ချီ ရှိနေတဲ့ဘခန္ဓာကိုယ်နဲ့ဘယ်အထိ နေသွားမှာလဲ။ တကယ် တော့ ပုတ်သိုးနေပြီသိလား။”
ရှင်း သူ့ကိုမော့ကြည့်လိုက်သည်။
“သူ့ကိုခေါ်ပြီးမကြာခင်ပြန်လာခဲ့မှာဖြစ်တဲ့အတွက် သီးသန့်ကမ္ဘာငယ်လေးမှာပဲ သွားပြီးနေတော့။
သူမရှိရင် ဒီခန္ဓာကိုယ်လဲရှိမှာမဟုတ်ဘူး။ မကြာခင် ပျောက်ကွယ်သွားရမှာချင်း အတူတူ။ သီးသန့်ကမ္ဘာမှာ ဆို မင်းရဲ့ခန္ဓာကိုယ်အသစ်တခု ဖြစ်တည်လာလိမ့်မယ်။
မင်းတို့တွေလဲ သူ့ကိုစောင့်ရှောက်ရင်းနဲ့နေခဲ့ကြ။ အချိန်တန်ရင် ပြန်ချင်သေးရင် ပြန်ခေါ်မယ်”
ထိုအခါမှ ရှင်း အနည်းငယ်နေသာသွားသည်ယ ဝမ်းနည်းရုံ အခြေအနေ သာရှိပြီး လွှမ်းဆွတ်မှု့ဒဏ်တော့ အလူးအလဲခံရလိမ့်မည်။
နောက် ဖမ်းချုပ်ထားသည့် သောမီ။ သောမီဘက် သို့ လှည့်ပြီး
“Nameso ဘယ်မှာလဲ။ ဘယ်အချိန်ကတဲက Nameso မရှိတော့တာလဲ”
“ဒီမနက်မှပါ။ အလှပြင်တဲ့အခန်းထဲက အဝတ်ထည့်ထားတဲ့ သေတ္တာထဲမှာပါ”
အခြေအနေကိုသိသူ သောမီမှာ အမြန်ပင်ဖွင့်ဟဝန်ခံပေမယ့်
“ဒီလောက်ဆိုရင် အသက်ရှင်ရတာ လုံလောက်ရောပေါ့”
ဆိုပြီး ဓါးမြှောင်ဖြင့် နှလုံးသားကိုထိုးစိုက်ပစ်တော့သည်။ အမှုန့်အဖြစ်ပြောင်းသွား သည့်နောက်တော့
“မကြာခင်သူပြန်လာလိမ့်မယ်”
ဆိုပြီး သူမကိုပြောပြီးနောက် Deta ကို တချက်စိုက်ကြည့်သွားသည်။ Deta မျကိလွှာချသွားသည့်နောက် သူတို့အားလုံးရှေ့မှာရှိနေသည့် Kamele နဲ့ Averna ။နှစ်ဦးလုံးလေလိုလွှင့်ပျယ်သွားတော့သည်။
&&&&&&&&&
မကြာခင်သူပြန်လာလိမ့်မယ်တဲ့။
အချိန်မည်မျ ကြာနေပြီလဲဆိုတာရေတွက်၍ပင်မရတော့။ သူ ပြန်အလာကိုစောင့် ရင်းပေါ့။ အဲ့ဒီနေ့က သူမ ထိုနေရာမှာပဲ ဝိဉာဉ်နဲ့ ခန္ဓာကိုယ် ကွဲကွာခဲ့ရပြီး(ရှင်းရှင်းပြောရရင် သေသွားတဲ့သဘောပါ)
သီးသန့်ကမ္ဘာငယ်လေးကိုရောက်ရှိလာခဲ့သည်။ ထိုနေရာမှာ သူမ လူသားတဦးလိုနေထိုင်နိုင်သည်။ ပြင်ပမှာ လူတွေနဲ့အဆက်အသွယ်မှာရာသက်ပန် ကင်းဝေးခဲ့ပြီး နေရာကတော့ တချိန်က Kamele တဦးထဲနေထိုင်သည့် လျို့ဝှက် ဂူ လေးအတွင်းဘက်မှတဆင့် ဝင်ပေါက်ရှိသည်။
ရေပူစမ်းပါရှိသည့် သစ်လုံးအိမ်လေးမှာ သူမ တဦးသာနေထိုင်ပြီး တခြားသူတွေ ကိုယ့်နေရာနှင့်ကိုယ် အသီးသီး နေထိုင်သည်။ ထူးဆန်းသည်က Deta ရဲ့အိမ်သည် သူမ နေသည့်နေရာနှင့် ခပ်ဆင်ဆင်တူသည်။
ပြီးတော့ View ကောင်းသည့် နေရာမှာ။ သူ့နေရာကိုရောက်ဖို့က လမ်းတော်တော် လျောက်ရသည်။ ယခုလဲ သူမ ချက်ထားသည့် ငါးသေးလေးဟင်းချို ပန်းကန် များထည့်ထားသည့် လင်ပန်းကို ကိုင်ပြီး ပန်းခင်းကို ဖြတ်ဖောက်ထားသည့် လူသွားလမ်း(မြေလမ်း) ကိုမှ လှေကား ထစ်များသဖွယ်ပြုလုပ်ထားရာလမ်း အတိုင်း လျောက်လာသည်။
သူမ အမြဲတမ်းဝတ်ဆင်သည်က Tezerxin မင်းသမီး ဝတ်စုံ အနီရောင်ပင်။ ထိုသို့ ပင် စောင့်နေသည်။
လှေကားထစ်များကျော်ဖြတ်လာပြီး
“သခင်မ”
ဇန်း။ အပေါ်လမ်းမှဆင်းလာခြင်းဖြစ်သည်။
“ဘာတွေ ချက်ထားတာလဲ မွှေးနေတာပဲ”
ရှင်းက ကြွေပန်းကန် တလုံးက်ု ယူပြီး
“ရော့ ညစာအတွက်။ ငါးသေးလေးဟင်းချို။ ဟင်းကပ်တခုခုနဲ့စားလို့ရတယ်”
ဇန်းက ဝမ်းသာအားရနှငိ့ လှမ်းယူပြီး
“နေ့တိုင်းလိုလိုပဲ ညစာဆိုရင် မပူရတော့ဘူး”
ရှင်းကတချက်ရယ်ပြီး
“ဒါဆိုရင်လဲ အကူအညီတခုတောင်းမယ်။ ရော့ ...”
ဟင်းရည်ပန်းကန်ဗန်းကို ပေးပြီး သူမက ပန်းကန်တလုံးယူထားသည်။
“Deta နဲ့သွားတွေ့မလို့ ။ကျန်တဲ့နှစ်ယောက်ကို သွားပေးလိုက်။ သူတို့ကအတူတူ နေကြတာ မဟုတ်လား”
“ဟုတ်တယ်။ ကျွန်တော်သွားပေးလိုက်မယ်”
ရှင်း ခေါင်းညိတ်ပြုံးကာ ပူနွေးနွေးဟင်းရည်ပန်းကန်လေးကိုင်ပြီး ကုန်းထိပ် ဆီသို့ တရွေ့ရွေ့နဲ့ လျောက်လာခဲ့တော့သည်။ မကြာခင် နေဝင်တော့မည်။ ဆည်းဆာ ချိန်ရောက် နေပြီမို့ ကျေးဌက်လေးများလဲ အိပ်တန်းရှာကြပြီ။ လေဖြူးဖြူး လေးက အေးစိမ့်စိမ့် အသွင်။
ခြံစည်းရိူးနိမ့်နိမ့်လေးကာထားသည့် ခြံဝန်းထဲ သူမ တံခါးဖွင့်ပြီးဝင်လာသည်။ သူမ နဲ့ပုံစံဆင်တူနီးပါးတည်ဆောက်ထားသည်မို့ သူမ ဝင်လာသည်ကို Deta မြင်တွေ့လိမ့်မည်။
ထို့ကြောင့် အိမ်ပေါ်မှ လှေကားထစ်နည်းနည်းဖြတ်ကျော်ပြီး သူမ နားအပြေး ရောက်လာသည်။
“သခင်မ”
သူမရှေ့ရောက်တော့ ပြုံးပြီးနူတ်ဆက်သည်။ ရှင်းလဲ ပြန်လည်ပြုံးပြရင်း
“ဟင်းချို”
“ဟာ။ ကျေးဇူးပါ”
ဟင်းရည်ပန်းကန်ယူပြီး အနံမွှေးကြည့်သည်။
“အနေကြာလာတော့ သခင်မရဲ့လက်ရာတွေတောင် အသားကျနေပြီ။ တနေ့ထက် တနေ့ပိုကောင်းလာသလိုပဲ”
ရှင်းပြန်မဖြေမိ။ ပြုံးရုံသာ။
“သူကော ဘယ်လိုလဲ။”
“အခုထိ သတိမလည်လာသေးဘူး။ အချိန်ကြာအုံးမယ်ထင်ပါတယ်”
သူတို့တွေအားလုံး Nameso ကို ပြန်လည်တွေ့ရှိချိန်တွင် ဝိဉယဉ် တစွန်းတစသာ ခန္ဓာကိုယ်တွေကျန်ရှိတော့သည့် အတွက် မနည်း ပြန်လည်ပုံဖော်ထားရသည်။ ယခုတော့ သတိမဝင်သေးသည်က လွှဲရင် Nameso ကိုမျှော်လင့်၍ ရသေး သည်။
“သတိရလာမှာပါ။ အချိန်ပဲလိုတယ်”
Deta က သက်ပြင်းချရင်း
“ဘုရင်မ ရဲ့သတင်းကော ဘာကြားသေးလဲ”
ရှင်း ခေါင်းခါရင်း
“ဟင့်အင်း”
မှန်သည်။ မကြာခင်ပြန်လာမယ့်သူက ဘယ် မကြာခင်လဲဆိုတာ မေးလို့ရနေ ပြီ။
“အချိန်မတန်သေးလို့ ဖြစ်မှာပါ”
“နေဝင်တော့မယ် ပြန်ပြီနော်။”
“ဟုတ်ကဲ့”
ရှင်းလက်ပြနူတ်ဆက်ရင်း ထိုနေရာကလှညိ့ပြန်ခဲ့တော့သည်။ အတော်ကို မြင်ကွင်း လှတဲ့နေရာပဲ။ တောင်ကုန်းပေါ်မှ အောက်ဘက်သိူ့ ရောင်စုံပန်းများဖြင့် လှပနေသည့်ရူ့ခင်းကတကယ်ကိုပန်းချီကားတချပ်ပါ။
သက်ပြင်းချရင်း တလှမ်းချင်းပြန်ဆင်းလာကာ။ လမ်းတဆစ်ချိုးအရောက် အမှတ်တရ တချို့ တည်ရှိနေခဲ့သည့် နေရာလေးကို သူမ ခြေဦးလှည့်မိသည်။ ထိုပန်းခင်းထဲမှာ နှစ်ဦးသဘောတူ ချစ်ခဲ့ကြသေးတယ်။
စဉ်းစားရင်းပြုံးမိတယ်ဆိုပေမယ့် စဉ်းစားရင်းလဲလွှမ်းမိပါတယ်။ ထို့ကြောင့် အမြန် ထွက်ခွာသင့်သည်ဟု ယူဆပြီး နောက်သို့ အလှည့်
“ဒုတ်”
မားမားမတ်မတ် ရပ်နေသော လူတယောက်ကို သူမ ဝင်ကျုံးမိသည်။
“အား”
ရွယ်တူချင်းမို့ နဖူးချင်းဆွဲဆက်လိုက်သကဲ့သို့ပင်။ အစက နာတယ်ဆိုပေမယ့် အကြောင်းအရင်းအမှန်ကို ခဏချင်း တွေးမိသည်က။ မျက်နှာချင်းဆိုင် တွင်ရပ် နေသူရဲ့ မည်သူ ဆိုသည့် အချက်ပင်။
“Kame”
&&&&&&&&
Deta ဟင်းချိုသောက်ရန် ကြွေဇွန်းတပ်ထားရင်း အနည်းငယ်အပူရှိန်လျော့စေဖို့ မျွေနေချိန်ပဲ။ အိမ်ပေါ်တက်လာသည့် ခြေသံနှင့်အတူ ။
Deta မော့ကြည့်မိချိန်မှာတော့ အနက်ရောင် ဝတ်ရုံစ တလူလူ နှင့် ထိုသူ။ မမျှော် လင့် မိသည့် ထိုအချိန်မှလား။ ပါးစပ်အဟောင်းသားနှငိ့ ကြည့်ခံနေရသူမှာ တခြားသူ မဟုတ်။ နတ်ဘုရား Averna ။
Deta ကြောင်ငေးကြည့်နေသည့်အတွက် Averna က လက်နောက်ပစ် ပြီး လျောက် လာကာ။
“ငါက အခုလို ထူးဆန်းတဲ့သူလား။ ဒါမှမဟုတ် အရမ်းပဲရုပ်ဆိုးနေတာလား”
ထိုစကားကြောင့် Deta နားရွက်တွေ နီရဲ လာပြီး အမြန် ထရပ်ကာ အရိုအသေပြု သည်။
“ကျွန်တော် ရုတ်တရပ်မို့ အပြစ်ပြုမိပါတယ်”
Averna ရဲ့အကျင့်က ဆံပင်ကို မချည်။ အမြဲလိုလို ဖြန့် ချထားသည့်။ ခန္ဓာကိုယ်မခွဲထွက်ခင်က သူ့အကျင့်နဲ့ Kamele ရဲ့အကျင့် ဆိုတာ တခုထဲပဲ။ ဘယ်သူကဘယ်ဟာ ဆိုတာ ခွဲခြားမရ။ ယခုလို တမျိုးဆီကွဲထွက်သွားတော့လဲ အဆင်ပြေပါတယ်။
သူတို့ချငိးက အကြိုက်မှမတူတာ။
Averna က ဧည့်ခံရန်ပြုလုပ်ထားသည့် လက်ဖက်ရည်ဝိုင်းစာပွဲ ဘေးမှ ကူရှင် တခုပေါ် ထိုင်ချသည်။
Deta အနေနဲ့ အဆင့်အတန်းချင်းက မိုးနဲ့မြေ ခန့်ကွာဝေးသည့် အတွက် နေရာမှာပဲ ကျုံ့ကျုံ့ လေးရပ်နေသည်။
Averna က ဟင်းချိုပန်းကန်ကိုလှမ်းယူပြီး
“ထိုင်”
ထိုအခါမှ သူမနဲ့ သိပ်မလှမ်းမဝေးတွင် ဝင်ထိုင်သည်။ Averna တချက်ပြုံးရင်း
“ငါ ဘာလို့ ဒီကိုရောက်နေတယ်ထင်လဲ”
Deta လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုတ်ထားသည်။
“ဗျာ”
စိတ်ထဲက ကြိုတင်တွေးဆထားလျှင် မှားနိုင်သည်။ နတိဘုရားတပါးကို စကား ကြည့်ပြောကမည် ဆိုတာ သူသိသည်။ နည်းနည်းလေးမှားရင်ကို ရှေ့ဆက်ရမာ့် အနာဂါတ်က မသေချာတော့။ ထို့ကြောင့် ခေါင်းသာငုံ့သွားသည်။
“Kamele က မိန်းမ တွေကိုသဘောကျပေမယ့် ငါကတော့ ဆန့်ကျင်ဘက် ယောကျား တွေကို သဘောကျတယ်။ ပြီးတော့ Kamele မကြိုက်တဲ့သူက ငါကြိုက်တာ ဖြစ်တဲ့အတွက်
မင်းရဲ့တဖက်သတ်ဖြစ်နေတဲ့ အနေအထားမှာငါဖြည့်ဆည်းပေးမယ်”
Deta အံ့ဩပြီးရင်းအံ့ဩနေသည်။ သူ သဘောကျတဲ့သူက သူ့ကို လာဖွင့်ပြော နေသည်လား။ အိပ်မက်လား။ တကယ်လား။ ဘယ်သောအခါမှ စိတ်ကူးမယဉ်ဖူး သည့်အခြေအနေကို သူရောက်ရှိနေသည်။
သူ့ရှေ့ကသူကို Deta တဖတ်သတ်ကြိတ်ကြွေ ခဲ့ရသည်။ ဟိုးအရင်ကတဲကပေါ့။ သို့သော်။ ဘုရင်မ ဖြစ်သူ က သူ့ကိုနည်းနည်းလေးမှ မကြည့်ပေးခဲ့ပါ။
အခုတော့
“မင်းလက်မခံချင်ဘူးဆိုလဲ ငါ့ဘက်ကဘာအရှုံးမှမရှိပါဘူး”
ပြောပြောဆိုဆို နဲ့ထရပ်ပြီး
“စဉ်းစားဖို့ အချိန် ၁ နာရီပေးမယ်။ အဲထက်နောက်ကျရင် ငါ့ရဲ့ ဆုလဒ်ကို မင်းလက်မခံဘူးလို့ ယူဆမယ်။ နေရာက မင်းဖန်တီးထားတဲ့ တဖက်တောင်ကြောရဲ့ ရေပူစမ်း”
Deta ရဲ့တဒိန်းဒိန်းဖြစ်နေသည့် ရင်ခုန်သံမှာ သာမန်လူဆိုရင်ကို ကြားနိုင်လောက် သည်ာ ယခုတော့ နတိဘုရားဖြစ်သူ က မကြားဘူးဆိုတာ ဖြစ်နိုင်ပါ့မလား၁ နာရီတဲ့လား။ အခုချိန်ကတဲက သူမ နောက်ကို လိုက်မှ အချိန်မှီမယ် မဟုတ်လား။
ဘာတုံ့ဆိုင်းနေပါမလဲ။ Deta သူမနဲ့ ၃ ကိုက်အကွာမှ သူမရဲ့ခြေလှမ်းအရှိန် နည်းတူ။ Averna ရဲ့ လက်နှစ်ဖက် နောက်ပစ်ပြီး တလှမ်းချင်းစီလျောက်လှမ်း နေမှုအပေါ်။ Deta ရဲ့အပြုံးသည်လဲ ထပ်တူကျနေသည်။
Mature sence to be continued.

ESTÁS LEYENDO
Counter curse (တန်ပြန်ကျိန်စာ)(Z+Un)
Vampirosကိုယ်တကယ်မြတ်နိုးရတဲ့သူဆိုရင် သူမ ဘာဖြစ်နေနေ ဘယ်လိုဘဝမျိုးရောက်နေပါစေ သူမအပေါ်ထားတဲ့ချစ်ခြင်းတရားဆိုတာ ဘယ်တော့မှ ယုတ်လျော့သွားမှာမဟုတ်ဘူး. အချစ်ဆိုသည့်အရာပေါက်ဖွားလာသည်မှာ အမုန်းအရင်းခံကနေလဲ ဖြစ်နိုင်သည်မို့ အရမ်းမမုန်းကြပါနဲ့နော်။ မတော်လို့ချစ်မိသွ...