Part 8

805 71 1
                                    

Unicode

Part 8

“ဝှီး”

“ဒုတ်”

“Your majesty”

လက်ထဲမှ လေးကို မြှားတစင်းတပ်ပြီး အားဖြင့် ဆွဲကာ ပစ်လွှတ်လိုက်သည့် မြှားတစင်းက သူမရှေ့တည့်တည့်မှ ကိုက် ၁၀၀၀ ခန့်တွင်ရှိသော ပစ်မှတ် အနီပွိုင့်သို့ တန်းတန်းမတ်မတ် ထိုး ဖောက်သွားတော့သည်။

သူမ အိပ်ဆောင်သည် ရဲတိုက်၏ အပေါ်ဆုံးထပ်တွင်ရှိပြီး လသာဆောင် ဖြင့် တွဲဆက်ထားသည်။ နေရောင်ကို သူမရဲ့တောင်ပံတစုံဖြင့်ကာယံထားသည့် အတွက် အမြဲလိုလို ဤ ဒေသမှာ နေရောင်မရှိပေ။
သဘာဝအလင်းရောက်သာရှိပြီး အတော်များများ အသားဖြူစွတ်သည့် ဘက်သို့ အခြေအနေများပြောင်းလဲနေသည်။
လသာဆောင်မှ အိပ်ခန်းသို့တိုက်ရိုက်ကူးနိုင်သည်ာ အနက်ရောင် သစ်ဖြင့် ထွင်းထုထားသော ကုတင်ပေါ်တွင် အနက်ရောင် အိပ်ရာ။

အနက်ရောင်ဇာများဖြင့်ပြု လုပ်ထားသော အဝိုင်းသဏာန် ခြည်ထောင်။ ကုတင်ကို ဖုံးအုပ်ထားသည်။ ဤ အထပ်ရဲ့လသာဆောင်ကနေ အပြင်ဘက်သို့ ထိုးထွက်နေသော စင်္ကြံလမ်းရှိသည်။ ထိုစင်္ကြလမ်းမှ ကြည့်လျှင် သူမရဲ့လေ့ကျင့် ကွင်းက တန်းတန်းမတ်မတ်ပင်။
အချိန်တော်တော်များများမှာ အောက်ဘက်သို့ မဆင်း။ ဤ နေရာကနေပဲ အပျော်တမ်းမြှားပစ်သည်။  Queen Kamele  ရဲ့ အပြင်အဆင်မှာလဲ တခြားသော ဘုရင်တွေလို သရဖူတွေ။ ရွှေရောင်အဝတ်အစား။ လက်ဝတ်လက်စား‌များ အသုံးမပြု။ သူမရဲ့ဖြစ်တည်ချက် အမှန်အတိုင်းသာ နေထိုင်သည်။

ဦးခေါင်းတွင် တင်ပါးအောက်ထိရောက်သော  ဆံပင်တချို့ကျစ်ထားပြီးဆုထုံးကာ ကျန်နေသည့် ဆံပင်ကျစ်ပြီးသားများထဲတွင် အဖြူရောင်အဝတ်ရှည်ထည့်ကျစ်ပြီး ဆံထုံးမှတဆင့်  ချထားသည်။ မျက်နှာပေါ်တွင်ဆံပင်တချို့ ခပ်လျော့လျော့ ချထားပြီး ဆံထုံးတွင် ကြွေဖြူဘီးတခု ထိုးစိုက်ထားသည်။
ခဲနက် အတွင်းဝတ်တွင် အပေါ်မှ အနက်ရောင်ဝတ်ရုံ ဝတ်ဆင် ထားသည်။

မျက်ခုံးစင်းစင်းဖြင့် မျက်တောင်ကော့ကော့များက မျက်ဝန်းလှလှအပေါ် နေရာယူထားသည်။ နူတ်ခမ်းနီရဲရဲ လေးမှာ အမြဲလိုလို စိုစွတ်နေသည်။

“ဘာလဲ”

ဇန်း သူမ ဘေးသို့ အပြေးရောက်လာသည်။
စိတ်မရှည်သည့် လေသံ ဖြင့် သူမဆိုလဲ ဇန်းက သူမ အတွက် အားကိုးရပါသည်။

“အတွင်းဝန် အမတ် Kuyhan. ‌ပြန်လည်ရောက်ရှိပါပြီ။  ညီလာခံသဘင်မှာ အသင့်ရှိနေပါပြီ”

Kuyhan.  သူမ တချက်မဲ့ပြုံးပြုံးမိသည်။  နောက်ထပ် မြှား တချောင်းကို ယူပြီး ပစ်မှတ်ကိုတချက်ကြည့်သည်။ နောက် လေးကြိုးပေါ်တင်ကာ ဆွဲပြီး။

“ ငါတွေ့မယ်ပြောသလား”

“မပြောထားပါဘူး”

“ဝှစ်”

“ဆက်လုပ်”

“ဒုတ်”

“ဟုတ်ကဲ့”

“ဒီည အတွက် ဘယ်သူ့ကို စေလွတ်လိုက်ရမလဲ Your Majesty”

Kamele က ပစ်မှတ်ကိုသာ အာရုံစိုက်ပြီး

“ဘယ်သူဖြစ်ဖြစ်ရတယ်”

“ဟုတ်ကဲ့”

“Kuyhan”

နူတ်မှ ထိုနာမည်ကိုရေရွတ်မိရင်း တချက်ပြုံးသည်။

“တူမလေးကိုကော တပါထဲ မခေါ်လာဘူးလား။”

“ငါသူ့ကိုအရမ်းတွေ့ချင်နေပြီ။ ဘယ်လိုပုံစံလေးဖြစ်နေပြီလဲလို့”

“ဟက်”

လက်ထဲက လေးနဲ့မြှားကို အသာချပြီး အိပ်ဆောင်ဘက် ပ့န်လှည့် လာသည်။ ကုတင်ဘေးမှ စာပွဲ‌ခုံပေါ်တွင် အသင့်ရှိနေသော အဖြူရောင် ကြွေပန်းကန်ကို ကိုယ်အနည်းငယ်ကိုင်းပြီး ကောက်ယူသည်။
ထိုပန်းကန်အတွင်းမှ လက်လက်ဆက်ဆက် ဖောက်ထည့်ထည့် သည့် အနီရောင် အရည်များကို တချက်မော့ သောက်သည်။ မျက်ဝန်းမှာ အနီရောင် တချက်လက်သွားပြီးနောက် အခန်းထဲကနေ ထွက်လာခဲ့တော့သည်။ စင်္ကြလမ်းအဆုံး အောက်ဘက်သို့ ဆင်းသည့် ‌လှေကား။
လှေကားထစ်များကိုနှင်းဖြတ်ပြီးနောက်

“ဘုရင်မက မတွေ့ချင်သေးဘူးပြောပါတယ်။ ဒါကြောင့် ပြန်ပါတော့”

လှေကားမှာ ပါတ်ပြီးဆင်းရသည့် အတွက် လှေကားအဆုံးအရောက် အစောင့်တချို့ရဲ့ တားမြစ်သံ ကြောင့် သူမက

“လွတ်ထားလိုက်”

“ဘုရင်မ”

Kuyhan သူမကိုမြင်သည်နှင့် ချက်ချင်းဒူးထောက်ချကာ အရိုအသေ ပြုသည်။
အစောင့်များက သူမကိုဦးညွှတ်ပြီး နောက်သို့ ဆုတ်သွားသည်။ Kamele  ထိုသူကို တချက်စောင်းကြည့်လိုက်သည်ာ ထိုသူရဲ့အနောက်ဘက်မှ မိန်းကလေးတယောက် ရပ်နေသည်။ သူမရဲ့ပုလ္လင်ရှိရာသို့လျှောက်လာခဲ့ပြီး လှေကားထစ်သုံးထစ်ခန့် ကျော်ဖြတ်ကာ အနက်ရောင် ကျောက်ပုလ္လင်ပေါ် ထိုင်ချသည်။
တင်ကလိမ်ချိတ်ပြီး

“ဆယ်နှစ်ကြာ ပြည်နှင်ဒဏ် ပေးခဲ့ပြီးပြီ ။ ပြန်ရောက်လာလာ ချင်း ငါ့ကိုဘာကြောင့် တွေ့ချင်တာလဲ”

“ကျွန်တော့် တူမလေးကို ခေါ်လာခဲ့တာပါ”

ဆိုကာ သူ့နောက်မှ အသက်၂၀ မိန်းကလေးတယောက်ကို ရှေ့သို့ ခေါ်လာသည်။

“ရှင်း။ ဂါဝရပြုလိုက်။ ဒါ ရှင်း ခစားရမယ့် ဘုရင်မ Kamele”

ထိုကလေးမလေး သူမကို မဝံ့မရဲ ကြည့်ကာ အကြည့်ချင်းဆုံ အခိုက် ခေါင်းကိုဆတ်ခနဲ ပြန်ငုံ့သွားသည်။ Kuyhan  နဲ့ခပ်ဆင်ဆင် တူသည်။ သို့ သော်

“ပြန်ရောက်လာကြပြီဆို‌တော့လဲ ဂုဏ်ပြုရတာပေါ့”

“ဇန်း။ အရက်နှစ်ခွက်ကို သူတို့ကိုပေးလိုက်”

“ဟုတ်ကဲ့”

ဇန်းက ကျောက်စာပွဲ အနားတွင်ရပ်နေသည်မို့ တပါတည်းယူကာ Kuyhan တို့ တူအရီးနားသို့ လျှောက်ကာ အရက်ထည့်ထားသည့် ကြွေ ပန်းကန်နှစ်လုံးကို ယူစေသည်။

“Tezerxin ကို ငါ့အနားခေါ်ထားမယ်။ မင်းက အိမ်ပြန်လို့ရပြ္”

“ကျေးဇူးတင်ပါတယ်။ ဘုရင်မ”

နှစ်ယောက်လုံး ပေးထားသည့် ပန်းကန်ထဲမှ အရည်များ ကုန်စင်အောင်မော့သောက်ပြီး ဇန်းဆီသို့ ပန်းကန် ပြန်ပေးသည်။

“ခွင့်ပြုပါ ဘုရင်မ”

ဦးတချက်ညွှတ်ကာ နောက်ကိုလှည့်ချိန်

“နေအုံး”
တဆက်ထဲ Kamele ထရပ်သည်။Kuyhan လဲ နောက်ပြန် လှည့်လာသည်။ Kamele က တချက်ရယ်သည်။

“,ဟား။ Kuyhan. နောက်တကြိမ် ပြည်နှင်ဒဏ် ခံရမယ် ဆိုရင် ကော ငါ့အမိန့်ကို နာခံမှာလား။ ဒါမှမဟုတ်။ ပုန်ကန်မှာလား"

“ဘုရင်မ ကျွန်တော်....ဘာကိုပြောချင်တာပါလဲ”

Kamele ရဲ့ လက်ထဲ လေးတစ်စုံနှင့် မြှားတချောင်း ရောက်ရှိလာ သည်။ လေးကြိုးကို ကစားရင်း။

“ငါကဘာလဲ။”

“ခင်ဗျာ”

Kamele ပြုံးပြီး လေးကြိုးတွင်မြှားတပ်ကာ သူ့ဆီသို့ ဦးတည်ချိန် လိုက်ရာ Kuyhan မျက်နှာပျက်ယွင်းသွားသည်။ သေမင်းနှင့်ကြုံတွေ့ ရတော့ မည့် အခြေအနေပါ။

“ငါကို လိမ်ရင် မကြိုက်ဘူး။ ငါ့ကိုလှည့်ဖြားရင် မကြိုက်ဘူး။ ပြီးတော့ ငါ့ကို မထီမဲ့မြင်ပြုရင်မကြိုက်ဘူး”

“ကျွန်တော်....ကျွန်တော် ဘာမှား.......”

Counter curse (တန်ပြန်ကျိန်စာ)(Z+Un)Donde viven las historias. Descúbrelo ahora