Part 17 🔞🔞

2.2K 127 13
                                    

Part 17 🔞🔞

Unicode Version

တလ။ မဟုတ်ပါဘူး။ ၃ လ ကြာသွားပါသည်။ တခြားနေရာမှာ မကြာပါဘူး။ ကင်းပုန်းချသည့် ပုံမှန်မဟုတ်သည့် တောင်ကြော။ထိုနေရာက အဝင်သာရှိပီးအထွက် ခက်သည်။ ထို့ကြောင့် အချိန်ယူသည်။ နယ်စပ်မှာလဲ အချိန်ကုန်သည်။ မြောက် ပိုင်းကို မရောက်ပေမယ့် သူမ အတွက် အချိန် သုံးလ ကုန်သည်။
နန်းတော်ပြန်ရောက်ချိန် မနားရပါ။ ချက်ချင်း ခန်းမ မှာ အစည်းအဝေး လုပ်ရသည်။ သုံးလစာ တင်ပြမည့် အကြောင်း အရာတွေကို သူမ လက်ခံပေးသည်။ ဖြေရှင်းသည်။ စီစစ်ပေး သည်။ သူလဲ မအိပ်သလို အမတ်တွေလဲ အနား မယူရပါ။
ပြန်ရောက်တဲ့ နေ့က ည၁၂ ကျော်မှ အစည်းအဝေးနားသည်။ ပီးနောက် သူမ နေထိုင်ရာ ရဲတိုက်အပေါ် ဆုံးကိုသာ ပြန်သညိ။ သူမ ပြန်ရောက်နေပီဆိုတော့ Nameso နှငိ့ Deta  ရောက်ရှိနေသည် မှာ နေ့တပိုင်းကျော်ခဲ့ပီ

“ရောက်နေတာလား။ ထိုင်”

သူမရဲ့အပေါ်က ချပ်ဝတ်ကို ဇန်းမှ ဖယ်ယူပေးသည်။ အတွင်း ဝတ်သာ ကျန်တော့မှ အပေါ်မှ ဝတ်ရုံကို ယူလွှမ်းကာ Nameso တို့ရှိရာကို ရောက်လာသည်။
ကြွေပန်းကနိကို ယူပီး

“ပြော”

Detaက

“လိုင်နွန် ကိုး ယောက်ကို သတ်လိုက်ရတယ်။ နန်းတွင်းထဲမှာ သူလျို အလုပ်လုပ် နေတာ ၄ ယောက်။ မင်းသမီးရဲ့‌ေနရာကို တိတ်တဆိတ် လိုက်နေတာ ၃ ယောက် နဲ့။ အပျိုတော် ၂ ယောက်”

သူမ ထင်မှတ်ထားပီးသားဖြစ်သည်။ လိုင်နွန် တွေ ငြိမ်နေမှာ မဟုတ်ဘူးဆိုတာ။

“သူကော”

Nameso က ခေါင်းညိတ်ရငိး

“အဆင်ပြေပါတယ်။ ဘုရင်မ။ သူစိတ်ငြိမ်နေပါတယ်”

အသ်အမှတ်ပြုကာ ခေါင်းညိတ်သည်။ Nameso က

“ဘုရင်မ ကျတော် တခုပြောပါရစေ။ အကယ်၍ မင်းသမီးက ဘုရင်မရဲ့ တောင်းဆိုချက်ကို သဘောတူတယ်ထား။ အမတ်တွေကကော လက်ခံနိုင်မှာလား”

Kame နားထောင်နေသည်။ ဆက်ပြောခွင့်ပြုသည့်သဘောပင်။

“ဘုရင်မ က ကိုယ့်သဘောနဲ့ ကိုယ်ဆုံးဖြတ် လို့ရပေမယ့် လက်ရှိအခြေအနေက သိပ်ပြီးမရိုးရှင်းနေဘူး။ မင်းသမီး အသက်ရှင်နေသေးတယ် ဆိုတဲ့ သတင်းက မြို့ထဲမှာပျံ့နေတယ်။ နန်းတွင်းထဲမှာ ရှိနေသေးတယ် ဆိုတဲ့ သတင်းကောပဲ။
ပြည်သူတွေထဲမှာ မင်းသမီးကို မျှော်လင့် နေသူတွေက အများ ကြီးကျန်ရှိနေပါသေးတယ်။ ဆယ်စုနှစ်နခုလောက်ပဲ လွန်သေးတဲ့ ကာလမှာ သူ့ကို မမေ့နိုင်ကြသေးပါဘူး။
မင်းသမီးကို မိဖုရားနေရာ ပေးအပ်ပြီးရင် ပြဿနာ တွေအများ ကြီးဖြစ်လာနိုင်ပါတယ်။
• ပထမ တချက်က အမတ်တွေထဲမှာ မင်းသမီးကို အားပေး အားမြှောက်ပြုသူတွေ တိတ်တဆိတ် လှုတ်ရှား လာမယ်။ ဘုရင်မကိုမုန်းတဲ့ မင်းသမီးကိုယ်တိုင်က လိုလိုလားလား ပူးပေါင်းနိုင်တယ် ဆိုတာ ထည့်စဉ်းစားရမယ်။ နန်းတွင်းမှာ ပုန်ကန်မှုတွေရှိလာမယ်။နောက်ဆုံး ဘုရင်မပဲ အထိနာမှာပါ။
• ဒုတိယအချက်က လိုင်နွန်။ လိုင်နွန်တွေအတွက် အခွင့်အရေး ပေးသလို ဖြစ်သွားမှာပါ။ ဘာကြောင့်လဲဆိုရင် မိဖုရား နေရာကို သူတို့ရဲ့ လူ ရရှိသွားမှာမို့ပါ။ ပြည်တွင်းစစ် အထိ ဖြစ်နိုင်ပါတယ်။
• နောက်ဆုံးတချက်က မင်းသမီးရဲ့ လုံခြုံရေးပါ။ မင်းသမီးကို မလိုလားတဲ့သူတွေက သတ်ပစ်ဖို့ ကြိုတင်စီစဉ် နေကြပါတယ်။ မြိုတော်ထဲမှာ ဖြစ်ပျက်နေတာပါ။ သာမန် ပြည်သူ တချို့က မင်းသမီးကို လက်မခံနိုင်တဲ့အခြေအနေ တွေရှ်နေပါတယ်။ဘုရင်မ အမြဲတမ်းကာကွာ်စောင့် ရှောက်နိုင် မယ်ဆိုပေမယ့် ။ ဘုရင်မရဲ့ အားနည်းချက်က ဒါဆိုတာ ဖော်ပြလိုက်မည့် အခြေအနေ မျိုးဖြစ်လာမှာပါ။”

Counter curse (တန်ပြန်ကျိန်စာ)(Z+Un)Nơi câu chuyện tồn tại. Hãy khám phá bây giờ