Part 6
အချန်မည်မျှပင် ကြာရှည်သွားလဲ မပြောင်းလဲခဲ့သော သူမ ကြောင့် ။ယခုလို တပါတ်တိတိ အိပ်ပျော်နေသော်လဲ ဘာမှမပြောင်းလဲသွားပါဘူးလို့ ထင်ခဲ့ပေမယ့် အမှန်တရားက သူမ ထင်မှတ်ထားသလို မဖြစ်ခဲ့ပေ။
အရင်ကဆိုရင် သူမ နိုးလာချိန် မှာဆို
“သခင်မ နိုးပြီလား။”ဆိုသည့် ဇန်းရဲ့ စကားသံသာကြားခဲ့ရပေ မယ့် ယခုချိန်မှာတော့။
“ဒီ အတိုင်းက အဆင်ပြေမှာလား။ သောက်ပါ့မလား” ဆိုသည့် ke ရဲ့အသံ။ မျက်ဝန်းများဖြေးဖြေး ချင်းဖွင့်ပြီး အသံလာရာကိုလှည့်ကြည့်သည်။ အမှန်ပင် Kame ပါ။ လက်ထဲမှာ ကြွေပန်းကန် တလုံးနှင့် တခုခုကိုမွှေနေပုံပဲ။ ပြီးတော့ သူစိမ်း နှစ်ယောက် ။ယောက်ျားတွေသာ။
“သောက်ပါတယ်။ သူကြိုက်မှာပါ”
Tezerxin ဖြေးဖြေးချင်းထထိုင်လိုက်တော့မှ သူ နိုးနေတာသိသွား ပုံပါပဲ။ Kame က
“နိုးပြီဆိုရင် ဒါသောက်လိုက်”
သူမရှေ့သို့ ထိုးပေးပြီး လက်နှစ်ဖက်နှင့်ကိုင်စေကာ။
“ဒီမှာ သစ်သီးကလွဲရင် မရဖို့သေချာတယ်။”
“အချိန်ဘယ်လောက်ကုန်သွားလဲ”
“၃ ရက်ထဲပါ” Kame က
“အိမ်ပြန်ဖို့က အဆင်မပြေသေးဘူးထင်တယ်။ မုဆိုးတွေအခုတလော မင်းတို့ နေရာမှာခြေရှုတ်နေတယ်”ကြွေပန်းကန်ထဲက ဆေးရည်ကို သောက်ရင်း လက်ကရပ်တန့်သွားသည်။ သူ့ကို ကြည့်ကာ။
“အခုရောက်နေတာ ဘယ်နေရာလဲ”
အမှန်တော့ လက်ရှိရောက်နေတဲ့နေရာက သူမ အတွက် မစိမ်းသက်လှပေ။ Kame မှတ်မိလား ဆိုတာကိုသိချင်၍သာ မေးခွန်းထုတ်သည်။
“နည်းနည်းတော့ရှုတ်တယ်။ ငါ့ရဲ့ အရင်ဘဝက နဲ့နည်းနည်းစပ်ဆက်နေတယ်ထင်တယ်။ သူတို့တွေ ခေါ်လာတာ။ မင်းအတွက် လုံခြုံပါတယ်”
Tezerxin သက်ပြင်းချသည်။ အခုထိ မသိသေးဘူးဘဲ။ ဒီနေရာက သူမနဲ့ Kame ရဲ့ အမှတ်တရနေရာ။ အမှန်ကိုပင် အလုံခြုံ ဆုံးနေရာဖြစ်သည်။ သူမကို ဒီနေရာမှာပဲ ဝှက်ထားခဲ့ဖူးသည်။
“တခုမေးမယ်နော်”
သူမ ခေါင်းညိတ်သည်။
“asthact Hole ကို သိလား”Tezerxin သူမကို ကြည့်မိသည်။ Kame က သူမ အဖြေကို စောင့်နေသည်။ မျှော်လင့်ထားပံုလဲပေါ် သည်။
လက်ထဲက ကြွေပန်းကန်ကို ဘေးနားချသည်။
“သိတယ်လေ။ ဘာဖြစ်လို့လဲ”
Kameက တချက်ပြုံးပြီး
“ငါ့ကို ပို့ပေး”
Tezerxin ကလဲ ပြန်ပြုံးပြပြီး
“ငါ့အခန်းထဲမှာရှိတယ်။ ဒါပေမယ့် ငါဆန္ဒရှိမှ ဖွင့်လို့ရတာ”
“သိတယ်လေ။ အဲ့တာကြောင့် ငါ့ကိုပို့ပေးဖို့ပြောတာ”
Tezerxin က
“ဒီအတိုင်းဖွင့်ပေးရမှာလား။ ဘာအဖိုးအခမှ မရဘဲနဲ့လေ”
VOCÊ ESTÁ LENDO
Counter curse (တန်ပြန်ကျိန်စာ)(Z+Un)
Vampiroကိုယ်တကယ်မြတ်နိုးရတဲ့သူဆိုရင် သူမ ဘာဖြစ်နေနေ ဘယ်လိုဘဝမျိုးရောက်နေပါစေ သူမအပေါ်ထားတဲ့ချစ်ခြင်းတရားဆိုတာ ဘယ်တော့မှ ယုတ်လျော့သွားမှာမဟုတ်ဘူး. အချစ်ဆိုသည့်အရာပေါက်ဖွားလာသည်မှာ အမုန်းအရင်းခံကနေလဲ ဖြစ်နိုင်သည်မို့ အရမ်းမမုန်းကြပါနဲ့နော်။ မတော်လို့ချစ်မိသွ...