Intro

22.5K 686 13
                                    

ဒေါ်သက်သက်ရီ....

ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျတဲ့ သက်ဘဝက
သိပ်ကို ‌ကျေနပ်ဖို့ကောင်းလွန်းလှတယ်....
ကလေးတွေကို စာသင်ပေးရတာ ဝါသနာပါလွန်းလို့...
ကျောင်းဆရာမဘဝကိုပဲ မြတ်နိုးမိတယ်...
အဖြူအစိမ်းလေးဝတ်လို့...
ကြိမ်ခြင်းလေးကိုင်ပြီး ကျောင်းတက်ရတဲ့
ဆရာမ ဘဝကို...
သက် ငယ်ငယ်လေးထဲက သဘောကျမိတယ်...
အခုတော့...သက်ကိုယ်တိုင် လည်း
ဆရာမဖြစ်နေပြီပေါ့.....
သာမန်မိသားစုလေးနဲ့
စားနိုင်သောက်နိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့
နေနိုင်တာကိုပဲ ရောင့်ရဲတင်းတိမ်မိတယ်....
ရှေးဆိုရိုးစကားပုံတွေလို....
"ရောင့်ရဲတင်းတိမ် လူ့စည်းစိမ်"ပင်....
သက်မှာ တစ်ဦးတည်းသော သမီးမို့....
မိဘ နှစ်ပါးကို ပိုခင်တွယ်သည်....
ဖေဖေနှင့်မေမေကို...ပြုစု‌လုပ်ကျွေးရမှာလည်း...
သက်၏ တာဝန် တစ်ခု ဖြစ်သည်မို့...
ဝါသနာ စေတနာ အနစ်နာ ခံကာ စာသင်ပြရသည့်...
ကျောင်းဆရာမအလုပ်ဖြင့်သာ...
အသက်မွေးဝမ်းကြောင်းပြု၏....
လူ့ဘဝရောက်လာသည့်...၃၄ နှစ်ကျော် အတွင်း...
သက် ဖေဖေနှင့်မေမေကို...
အကောင်းဆုံးထားချင်သည့် ဆန္ဒများသာရှိခဲ့သည်...
သက်၏ ဖေဖေမှာ ကျန်းမာရေး ခြူချာသူမို့...
ဆေးခန်းနှင့် အိမ်ကိုပင်... ချောင်းပေါက်‌မတတ်..
မကြာခဏ သွားရသူဖြစ်သည်....
ထိုအချိန် ထိုအခါ၌..
ငွေကြေးဥစ္စာ အပိုအလျှံမရှိသည့်
သက်တို့၏ သာမာန်မိသားစုလေး အဖို့တော့....
အလွန်ပင် အခက်ကြုံလှသည်....
ထို့ကြောင့်...လမ်းတူ ရပ်ကွက်တူ...
အိမ်နားနီးချင်း...ကလေးငယ်များကိုသာ...
သင့်တင့်သော ဈေးဖြင့် ကျူရှင်သင်ကာ...
အပိုငွေ ရှာရ၏.....
သက်မှာ စာလည်း‌သင်ပေး တတ်သလို...လူမှုရေး...
ယဉ်ကျေးမှုက အစ အမှားယွင်း တစ်စက်ကလေးမျှမရှိအောင် သင်ပေးတတ်တဲ့ ဆရာမမျိုး ဖြစ်သည်...
ထို့ကြောင့်ပင်....ဘီလူးကြီး နတ်ကြမ်းစီးသလို....
ကလေးတွေ အတွက်တော့...သက်မှာ...
ကြောက်စရာကောင်းဖွယ် လူသား ဖြစ်နေ၏....
သက်သည်...ထောင်ထောင်မောင်းမောင်းနှင့်....
အရပ် ရှည်သလောက်...အလွန်ပင်...
စိတ်တိုလွယ်သူလည်းဖြစ်သည်....
ဒါကြောင့်ပင်...သက်ဘေး၌...
ကြိမ်လုံး...ပေတံ...အစရှိသော...ပစ္စည်းများ
ထားလို့ကို မရပင်....
စိတ်ရှိလျှင် ရှိသလို...ပေါက်ကွဲတတ်သူမို့...
ကလေးတွေမှာ တကယ့်ကိုပင်...
ကြောက်ကြသည်.....
ကျောင်းမှာဆိုလည်း...သက်ကိုသာတွေ့ရင်
ဘီးလူးသရဲတွေ့သလိုပင်...
ကလေး တွေ ပြေးကြသည်မှာ တန်းနေရောပင်...
တစ်ချိန်တစ်လေတော့...
ဝမ်းနည်းစိတ်လည်း ဝင်မိပါသည်....
မကောင်းတဲ့သူကြီးများ ဖြစ်နေပြီလား...
ဟူသော အတွေးပေါင်းစုံတို့သာ ဝင်၍....
ကြိတ်ကာ ဝမ်းနည်းမိ၏.....
သို့ပေမဲ့....
သက်မှာ ကောင်းစေချင်သော စေတနာ‌ကြောင့်သာ
ရိုက်ရသည်လေ....
စာသင်ခန်းနံရံမှ....ဆောင်ပုဒ်လိုပင်....

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now