Part-10

10.7K 629 57
                                    

မြန်မာနိုင်ငံဆိုတော့ သိတဲ့ အတိုင်းပဲ...
ညက မီးပျက်သေးတယ်...ငယ့်မှာလည်း..
အိပ်ချင်မူးတူးလေးမို့....
ဘာမှကို မသိ...အကုန်မေ့နေ‌ခဲ့တာ...
လူက အိပ်လို့ကောင်းပြီဆို...
ခွေးက ထအူ....
အဲ့ အချိန်မှာ ခေါင်းထဲ ရောက်လာတာက....
တီချယ်တို့အိမ်ရဲ့ နှစ်အိမ်ကျော်မှာ...
အသုဘ အိမ်ကြီး....

"အူးဝူး.....အူးဝူး......"

"တီချယ်...တီချယ်...
သမီးကြောက်တယ်နော်....မလွှတ်နဲ့....ဖက်ထားပေး"

ကြောက်စိတ်က ဖုံးနေပြီဆိုတာနှင့်...
တီချယ်အိပ်နေတာကိုတောင် ငယ်
အနှောင့် ယှက်ပေးမိပြီ....
ငယ်ကြောက်နေမှန်းသိလို့...
တီချယ်က ကုတင်ပေါ်မှာ ငယ့်အတွက် နေရာလေးရွှေ့ပေးတယ်....
တင်းတင်းကြပ်ကြပ်လည်း ဖက်ထားပေးတယ်....
ဘုရားစာလေးလည်း ရွတ်ပြီး...ငယ့် ခေါင်းကို
ပွတ်ပေးရှာတယ်....
သမီး...တီချယ့်ကို ဒုက္ခပေးမိပြန်ပြီ.…တီချယ်ရယ်...

ဒီလောက်ထိ ငယ့်အပေါ်အများကြီး
ဂရုစိုက်ပေးတတ်တဲ့ တီချယ့်ကို....အရိုက်ခံရတာ...
တစ်ခုတည်းကြောင့် မုန်းရမည်ဆိုလည်း...
ငယ့်စိတ်က မမုန်းနိုင်ပေ...
တီချယ့်ရဲ့ ဂရုစိုက်‌မှုတွေကို မျက်နှာထောက်ပြီး...
တီချယ်ပြောတဲ့...ငယ့်ဝါသနာတွေကို...
စွန့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ....
သမီးကိုယ်တိုင်က ဝါသနာအပေါ် ...
သစ္စာ မရှိတဲ့ လူမျိုးမဟုတ်....
ဝါသနာအပေါ်လည်း သစ္စာရှိသည်...
တီချယ့်အပေါ်လည်း..သစ္စာရှိချင်သည်.....
လောကကြီး ခဏမှောင် မဲပြီး....အိပ်စက်ခြင်းဆီသို့..

"လဝန်း...ငါက နင့်ဆရာမနော်...
နင်ချစ်စရာလား...ဟမ်း...
ဘယ်လို နှလုံးသားနဲ့ ချစ်မိတာလဲ...ဟမ်း..."

"ဖြန်း...."

ပါးပေါ် ရောက်လာတဲ့...
ငယ် မြတ်နိုးလှတဲ့ တီချယ့်လက်များကြောင့်....
မျက်ဝန်းအိမ်မှ မျက်ရည်တို့...
မြစ်သဖွယ် စီးဆင်းလာခဲ့တယ်....

အားပြင်းလှတဲ့ ရိုက်ချက်ကြောင့် တီချယ့်လက်လေး
နီရဲသွားတာကို သတိထားမိတယ်....
ကိုယ့်ပါးတောင် ပြန်အရေး မစိုက်နိုင်....

"တီချယ်...တီချယ့်လက်ကလေး နာသွားလားဟင်...
တောင်းပန်ပါတယ်...သမီးကြောင့် ဖြစ်သွားတာမို့...
ဆေးပူလေး လိမ်းပေးမယ်နော်..."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now