"တီချယ်ရေ...တီချယ်..."
"ဘယ်လိုလဲ...ဘယ်နှစ်ဘာသာထွက်လဲ..."
ဒီအမျိုးသမီးလေး ရင် ဘယ်လောက်ခုန်နေသလဲ
ဆိုတာငယ်သိပါတယ်...
ကာယကံရှင်ဖြစ်တဲ့ငယ်တောင် ရင်မခုန်ပါ...
တီချယ်ကသာ ညကတည်းက ခြေမကိုင်မိ
လက်မကိုင်မိဖြစ်နေရှာသည်...."တီချယ်ရယ်...နောက်နှစ်ပေါ့...."
စိတ်ပူလွန်နေတဲ့ တီချယ့်မျက်နှာလေးမြင်တော့...
ငယ် စ ချင်လာလွန်းလို့ပါ....
ဟိုက တကယ်ထင်သွားတယ်နေမှာ...
စာသင်ခန်းထဲ အမြန်ပြေးဝင်ပြီး...
ကြိမ်လုံးနဲ့ ထွက်လာရှာတယ်လေ....
တီချယ်က မျက်ရည်အဝိုင်းသား မျက်ထောင့်နီနီနဲ့မို့
ငယ်ပိုပြီး လန့်ဖြန့်သွားတယ်..."ငါဒီလောက်မှာထားတာတောင်...
နင်က ကျအောင်ဖြေခဲ့တယ်ပေါ့...
အရင်ကပေးတဲ့ အခွင့်အရေးတွေ အကုန်ပိတ်တယ်...
လာစမ်း!!!ဒီနား...""အယ်...အယ်...မ...မလုပ်နဲ့လေ..."
"ရွှမ်း..."
"အား....တီချယ့်ကိုစတာ...၅ဘာသာထွက်တယ်လို့...."
"လဝန်းသော်!!!! အဲ့တာ စ စရာလား...
ဒီက ရင်ပူလို့သေတော့မယ်...သိရဲ့လား...
ဟင့်...ဟင့်...""ဟာ...တီချယ်...မငိုပါနဲ့..."
"ဟင့်...ဟင့် ဝမ်းသာလို့ပါ....လာ...ထ..
သမီး အဖေနဲ့အမေကိုသွားပြောရအောင်..."ဟုတ်သားပဲ....ငယ် အိမ်ပေါ်က ဆင်းခဲ့တာ တစ်နှစ်ပြည့်ပြီပေါ့ အခုဆို...ဖေဖေနဲ့မေမေလည်း ပြန်မခေါ်ခဲ့ရှာဘူးလေ....စာမေးပွဲကျတာလေး တစ်ခုနဲ့ သူတို့ အတ္တကို ရှေ့တန်းတင်ခဲ့ကြတာပဲ...
တကယ်ဆို ဖြောင်းဖျပြောဆိုလည်း ရတာပဲကို..."ဟအင်း...မသွားချင်ဘူး တီချယ်..."
"လာပါ...ကလေးရယ်...
မိဘတွေ သိရင် ပိုပျော်မှာပေါ့...""ဟအင်း...မသွားဘူး...တီချယ်ပဲ သွားပြောလိုက်...
သမီးရေသွားချိုးတော့မယ်...""လဝန်း!!မင်းခေါင်း မမာစမ်းနဲ့ကွယ်...
ဘာပဲ ဖြစ်ဖြစ် ကိုယ်က အငယ်ပဲဟာ...
သူတို့လည်း မင်းကို ပြန်ခေါ်ချင်နေမှာပေါ့...
အခုသွားမယ်...လာလိုက်ခဲ့...."
YOU ARE READING
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
Randomဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....