Part-23

8.3K 538 72
                                    

"လဝန်း...လဝန်း...နင့် အမေ ဆုံးပြီတဲ့...."

"ဘာ..."

ဖြူစင် အသည်း အသန်ပြေးလာပြီး လာပြောတော့..
ရယ်သံလွင်လွင်လေးတွေနဲ့ ပြည့်နှံနေတဲ့ အခန်းလေးက တိတ်ဆိတ်သွားရှာပြီ....

"မေမေ...မေမေ...ထပါအုံး...
ဖေဖေ...မေမေ ဘယ်လိုဖြစ်တာလဲ...."

"အဲ့တာတွေ အားလုံး နင့်ကြောင့်လေ...
ငါ့မိန်းမက ‌နင့်ကို တချိန်‌လုံးမေးနေတာ...နင်သိရဲ့လား...ဟမ်...."

"ဟုတ်ပါတယ်...ငယ် မှားတာ...ငယ် အသုံးမကျလို့.."

ဖေဖေ အခန်းထဲကထွက်လာတဲ့နောက်...
ဖြူစင်အခန်းထဲသို့ဝင်ခဲ့တယ်....

‌ကိုယ့်ခေါင်းကိုယ်ပြန်ထုနေသော လဝန်းကြောင့် ဘေးက သူငယ်ချင်းဖြစ်သူ ဖြူစင်က ဝင်ဆွဲရပြန်တယ်...

"လဝန်း...လဝန်း...အဲ့လို မလုပ်နဲ့လေ...
အသိစိတ်ပြန်ကပ်အုံး..ဟ...
ဒီလိုသာလုပ်ရင်...
နင့်တီချယ်သိရင်...နင့်ကို စိတ်ဆိုးလိမ့်မယ်နော်.."

"ငါ မကောင်းဘူးဟာ...
ငါ ဒီလောကမှာ မရှိနေသင့်ဘူး...
တီချယ့်ကိုလည်း ငါ မစောင့်ရှောက်နိုင်သေးဘူး..
အခု ငါ့အမေကိုလည်း ငါ ဆုံးရှုံးရပြန်ပြီဟာ..."

"နင့်ကြောင့် မဟုတ်ဘူးလေဟာ...
ဒါက ကံတရားကြောင့်....အဲ့လိုတွေ မတွေးနေနဲ့နော်..
လာ...နင် နားဖို့ လိုအပ်နေပြီ...."

"နင်...တီချယ့်ကို တစ်ရက် နှစ်ရက်လောက် ဂရုစိုက်ထားပေးပါနော်....ငါ မေမေ့အတွက်...လုပ်ပေးလိုက်အုံးမယ်..."

"စိတ်ချပါ...နင့် တီချယ်က ငါ့အပေါ်
အမေတစ်ယောက်လိုပါပဲကွာ...ငါ ဂရုစိုက်ပေးပါ့မယ်.."

နှစ်ရက် သုံးရက်လောက် တီချယ့်ဆီ မသွားဖြစ်ခဲ့ဘူး
မေမေ့ အသုဘအတွက် လဝန်းကသာ..
အကုန် လျှောက်လုပ်နေခဲ့တာ...ဖေဖေကတော့..
အရက်သမား ကြီးဖြစ်လို့....
ဟသ်ာတက အမျိုးတွေလည်း ရောက်လာကြတယ်....
ကြီးကြီးလှိုင်တင်ရော ကြီးကြီးခိုင်တင်ပါရောက်လာခဲ့တယ်.....
တီချယ့်မေမေကလည်း အိမ်မှာ လာဝိုင်းကူနေတဲ့ အချိန်...ပြသာနာတွေ နေ့တိုင်းလိုလိုဖြစ်ကြတယ်...
လဝန်းနဲ့တီချယ်ကတော့ အဲ့ စစ်ပွဲတွေကြားစိတ်အညစ်ရဆုံးသူပေါ့....

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now