Part-27

10.3K 599 111
                                    

"အယ်..ဟို အိမ်ထောင်ဦးစီးက မောင်ပဲဖြစ်သင့်တာလေ...."

"အတွန့်မတတ်နဲ့...အိပ်တော့..."

"နေ့ခင်းဘက်ကြီး မအိပ်ချင်...."

မအိပ်ချင်ဘူးပြောချင်ပေမဲ့....
ကိုယ့်ရဲ့ အိမ်ထောင်ဦးစီး အသက်လေးက...
လက်ဝါးထောင်ပြတော့....ဆက်တောင် မပြောရဲတော့ဘူး....

"အိပ်ပြီ..အိပ်ပြီ..."

"အိပ် အိပ်..အိပ်ပျော်အောင်အိပ်နော်...
ဒီနေ့ကစပြီး အိပ်ရေးဝအောင်အိပ်ရမယ်...
အဲ့လို ပိန်လိမ်ပြီး ချူချာနေရင်...ဖက်လို့မကောင်းဘူး.."

"ဟုတ်..နောက်ဆို အရင်အတိုင်းပဲ ပြန်ချစ်ပေးတော့နော်...ဟီး..ဟီး..."

"ရုပ်ကိုက...အိပ်တော့..."

"ဟုတ်ကဲ့ပါ..အသက်ကလေးရှင့်..."

"မလေးမစားလုပ်ပြန်ပြီ ကလေးမ...ဒေါက်..."

"အမလေး...သေပါပြီ..
တီချယ်နော်..ဒီမှာ လူက ခေါင်းမူးနေပါတယ်ဆိုမှ...
အဲ့‌ပေတံကြီးနဲ့ခေါက်စရာလားလို့...."

"လူလိုမှ မခေါ်တာ...တကယ်အရစ်စိန်လေး...
အိပ်တော့..."

"အင်း..."

"ဘာအင်းလဲ...ထပ်နာချင်လို့..."

"အယ်...ဟုတ်ကဲ့လို့ပြောတာပါ..ဟီးဟီး..."

ဒီတစ်ခါအိပ်ရင်တော့ အိပ်မက်ကောင်းအုံးမယ်...
ချစ်ရသူလေးစောင့်နေပေးတဲ့ အိပ်ခြင်းက..
ငယ့်အတွက်တော့...စိတ်ပူစရာ အလျင်းမရှိပါ..

ကလေးငယ်အိပ်တုန်း အပြေးအလွှားလေး
အိမ်ပြန်ရသေးတယ်....

"သက်....မင်းအိမ်မှာ ငါ့သမီးရောက်‌နေတယ်ဆို..."

"ဟုတ်တယ် ဘာဖြစ်လဲ....
ရှင် တစ်ခါတစ်လေ တာ့ အဖေ‌ကောင်းပီသစွာနဲ့...
ရှင့် သမီးကို မနှောင့်ယှက်ပါနဲ့လား...."

"အဲ့တာက ငါပြောရမဲ့ စကားပါ...
ငါ့သမီးက ငါ့အပိုင်...."

"ရှင့်အပိုင်လို့ပြောပြီး....
ကလေး အခြေအနေကိုတောင် ဂရုမစိုက်ပေးနိုင်တာ..
ပိုင်ရှင်လို့ ခေါ်ထိုက်လား...."

"အဲ့ဒါက မင်းကိစ္စ မဟုတ်ပါဘူး...."

"ဘာလို့ ကျွန်မ ကိစ္စ မဟုတ်ရမှာလဲ...
ကျွန်မဇနီးရဲ့ကိစ္စက...ကျွန်မ ကိစ္စပဲ...."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now