Part-1

14.5K 705 63
                                    

အချိန်တွေ ကုန်မြန်နေခဲ့တာ....
ဘာလိုလိုနဲ့ ငယ် ကျူရှင် စတက်ရမည့် နေ့ တောင်
ရောက်ခဲ့ပြီ...

ခပ်ဆွေးဆွေး....လှေကား လေးနဲ့....
ထရံအမိုး..ဝါးလုံးတန်းတို့ စုံလင်လှတဲ့....
ခြေတံရှည်အိမ်‌ငယ်လေး......

ခပ်ညစ်ညစ်...ဂျပန်ဘီလေး တစ်စီးကလည်း....
မှိတ်သယောင်ယောင်....
သို့ပေမဲ့....
နှစ်ပေါင်း များစွာ ကြာနေပြီဖြစ်သည့်...
ဒီဆိုင်ကယ်အိုလေးမှာ....
ဤအိမ်၏ စည်းကမ်းရှိမှု...ပစ္စည်း
တန်ဖိုးထားတတ်မှုတို့ကို....ဖော်ပြနေပေသည်....

"ကျွီးးးးး"

တံခါး‌အိုလေး၏...သံကြေးတက်နေသော...
ပက်တာလေးမှ အသံလေး ဆီးကြိုလျက်....

"ဘယ်သူနဲ့ တွေ့ချင်လို့လဲရှင့်..."

"တီချယ်သက်ရှိလား ညီမ...."

"ဟုတ်ကဲ့ ကျွန်မပါပဲ...
ပြောပါရှင့်...."

အပြာနုရောင် ရင်ဖုံးလေးနှင့်...
ထမီ အနက်ရောင်လေး တွဲဖက်ဝတ်ဆင်ထားသည့်
သူမ.....
ရိုးရိုးယဉ်ယဉ်လေးနှင့်....
တစ်မူထူးခြားလွန်းလှပေသည်.....

"ကျွန်တော့် နွားတစ်ထောင်လေးကို ကျူရှင်
အပ်ချင်လို့ပါ..."

"အို...သမီးတစ်ကောင် နွားတစ်ထောင်
သိပ်မှန်နေပါလား....လာပါရှင်...အထဲကြွပါ..."

မျက်နှာတည်လေးက ပင်ကို စရိုက်မို့လားတော့မသိ။
သို့ပေမဲ့...မျက်နှာ ကြည်လင် ဝင်းပလွန်းသည်....
နောက်ဆုံး...မှတ်ချက်ပေးမိတာတော့...
အရမ်းလှသည်ပင်....

အနီရောင် ဘွဲ့ အပတ်နှင့် ခန့်ခန့်ညားညား
လှပနေသော အမျိုးသမီး ပုံလေး....
မျက်တောင်ကော့ကော့နှင့် စွဲမက်ချင်စဖွယ်....
နှုတ်ခမ်းသား နီနီဖူးဖူးတို့ ဝင်းလက်နေသည့်
ဓာတ်ပုံလေး.....
ဒီပုံ‌လေးမှာ...အိမ်အလယ်...
နံရံလေးပေါ်တွင်...ကျကျနန တည်ရှိနေလေသည်....

"အော်...ဒါနဲ့ ကျွန်မ
အကို့ကလေးကို ရိုက်ပြီး ဆုံးမရင်...
လက်ခံနိုင်ပါ့မလား.."

ဘယ်လိုများလဲ....
ဖြူဖြူဥဥ လက်နုနုလေးတွေက ရိုက်မယ်တဲ့လား...
ဘယ်လိုတောင် ဆိုရက်သလဲ...အမိရယ်....
အို....ဘယ်အခြေနေပဲ ဖြစ်ဖြစ်...
ဒီအမျိုးသမီးကိုတော့...
တွေ့တွေ့ချင်း မှာပင်...စိတ်ဝင်စားမိသွားသည်တော့
အမှန်ပင်......
သို့ပေမဲ့....သဘောကျသည်....
အရင်ကျူရှင်များနှင့်မတူ....
ယခုမှပင်...ပို၍ ကျူရှင် တက်ချင်နေသလိုပင်...
ထို့ကြောင့် ဖေဖေ့၏ အဖြေကို သာစောင့်ဆိုင်းနေမိတော့သည်...

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now