Part-7

10.5K 617 76
                                    

မနက်ဖြန်ဆို ၆တန်းနှစ် ရဲ့နောက်ဆုံးစာမေးပွဲကြီး
ဖြေရတော့မယ်....
တစ်နှစ်လုံးလုံး တီချယ်နဲ့ အတူတူ နေခဲ့ရတယ်....
တီချယ်က ရိုက်လိုက် ပြန်ချော့လိုက်နဲ့...
တစ်နေ့ တစ်နေ့ ကုန်ဆုံး‌သွားခဲ့တယ်....
ငယ့်ရဲ့ ကျောင်းစာအုပ်တွေဆို အရမ်း ပါးတယ်...
လက်ရေးမလှလို့ဆိုပြီး....ဆွဲဖြဲလိုက်...လက်ခေါက်ရိုက်လိုက်...ပြန်ရေးခိုင်းလိုက်နဲ့....အခုဆို...
ငယ့်လက်ရေးလေးတွေက လှလို့....
အရင်လို...ပြီးစလွယ်မရေးတတ်တော့ဘူး...

စဉ်းစားကြည့်ရင်...တခါတလေကျတော့လည်း....
တီချယ့်ကို ကျေးဇူးတင်တယ်...
တီချယ် အရမ်းရိုက်တော့လည်း တီချယ့်ကို
မုန်းချင်မိပြန်တယ်....
ဟူး...တီချယ်နဲ့ ဆုံတွေ့ခဲ့ရတာ...ကောင်းသလား...
မကောင်းသလား...ငယ် မတွေးတတ်တော့ပေ....

"ဖြန်း..."

"အား...တီချယ်...အားနေရင် ရိုက်ပဲရိုက်နေတော့တာပဲ"

"စာကျက်ခိုင်းထားတာလေ...ဘာတွေစဉ်းစားနေလဲ...
၅နာရီထိုးလို့မှ မရရင်...ဒီလိုကောင်းကောင်းကျက်ရမယ်မထင်နဲ့....မတ်တပ်ရပ်ပြီး ကျက်နေရမယ်....
မြန်မြန်ကျက်..."

"ဟုတ်ကဲ့ပါ...တီချယ်ရယ်...ကျက်နေတာပဲ
ရတော့မဲ့ဟာကိုး.."

"ညည်းက အခုမှကျက်‌လို့ရတာ...တခြားသူတွေဆို ဆယ်ခါပြန်ကျက်ပြီးလို့ ဆယ်ရေး အိပ်နေလောက်ပြီ
မနက်ဖန်ပဲ စာမေးပွဲဖြေရတော့မယ်...အခုမှ လာကျက်နေတယ် ဘယ်လိုကလေးလဲ...ကျက်..ကျက်..
စကားလာမများနဲ့...."

"ဟုတ်ကဲ့..."

ဒီလိုနဲ့ပဲ...
ကြိမ်လုံးသံတွေ...
တီချယ်နဲ့ ငယ်ရဲ့...တကျက်ကျက်နဲ့ ရန်ဖြစ်သံလေးတွေ....ခတ္တတော့ ပျောက်ကွယ် သွားတော့မည်....

စာမေးပွဲရက်တွေပြီးတော့...
ကျောင်းသုံးလ ပိတ်ပြီ..ငယ်လည်း..အိမ်ပြန်ရပြီပေါ့...
အစကတော့ အရမ်းပျော်တာပဲ
တီချယ့်‌ဆီမှာနေရတာ...ကိုယ့်အိမ်လောက်တော့
ဘယ်လွတ်လပ်ပါ့မလဲ....
တီချယ်က အရာရာ ချုပ်ချယ်တတ်တယ်လေ....
ငယ်က စပ်စပ်စားချင်လို့....
ငရုပ်သီးမှုန့် စားရင်လည်း နည်းနည်းပဲစားရ...
အသီးအရွက်ဆိုလည်း မစားချင်ဘူးဆို...
တီချယ်က အတင်းကျွေး...
ပုဇွန်ဆိုလည်း ငယ်က မုန်းပါတယ်ဆို....
အခွံ နွှာပြီး ပါးစပ်ထဲ အတင်းခွံ့ထည့်....
ညဆိုလည်း ဖုန်းခဏကြည့်မယ်ဆို...ဖုန်းကို
ဗီဒိုထဲမှာ သော့ခတ်ထားပြန်တယ်....
ကျောင်းကပြန်လာလို့...ထမင်းချိုင့်ထဲမှာ
ထမင်းမကုန်ခဲ့ရင်လည်း...ရိုက်ခံထိပြန်....
ညနေဘက်တွေဆိုလည်း ရေစောစောမချိုးလို့...
အော်ခံထိတာလည်း အမြဲအလိုလိုပဲ....

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now