Part-31 Final

12.8K 643 60
                                    

"တီချယ် မောင် သွားတော့မယ်နော်.."

"မောင် ကျန်းမာရေးဂရုစိုက်နော်..
တီချယ်..ငွေတွေ လွဲထားပေးမယ်နော်.."

"ဟအင်း..တီချယ် အများကြီး မလွဲနဲ့နော်..
မောင် နည်းနည်းနဲ့လည်း
လောက်ငှအောင် သုံးလို့တတ်တယ်.."

"အင်းပါ‌ မောင်ရယ်..အဲ့တာတွေကို စိတ်ထဲ
သိပ်မထည့်နဲ့နော်...စာပဲသေချာလုပ်...."

"ဟုတ်ကဲ့ မွ...မောင် ကျောင်းပြီးတဲ့ အထိစောင့်နေနော်...သွားပြီနော်"

"အင်း..."

တစ်မြို့တည်း ရှိနေပေမဲ့လည်း...
မောင်တက်ရသည့် တက္ကသိုလ် မှာ အနည်းငယ်...
ဂျောင်ကျသည်....
စည်းကမ်း တင်းကြပ်လှသည့် အတွက်...
အိမ်ကို ပြန်ချင်တိုင်းလည်း မပြန်ရပါ....
သို့ပေမဲ့...ဒီကျောင်းမှာ ဘွဲ့ရလျှင်...
အလုပ်ကောင်းကောင်းဖြင့် ပိုက်ဆံပိုရှာနိုင်သည်....
တီချယ်ကတော့ တစ်ပတ် တစ်ခါ လာတွေ့မည်ဟု
ပြောပါသေးသည်....သို့ပေမဲ့....မောင် လက်မခံပါ...
တီချယ့်အိမ်နဲ့ဆို...အလှမ်းဝေးလွန်းသည်....
နေပူပူမှာ ဆိုင်ကယ်တစ်စီး ဖြင့် တစ်ယောက်တည်းလာရသည့် တီချယ့်ကို မောင် စိတ်ပူမိသည်....
ထို့ကြောင့် တွေ့ချင်ပေမဲ့လည်း မလာခိုင်းခဲ့ပါ....
အဆောင်‌ရောက်တာနှင့်...
ပိုကြိုးစားဖြစ်တယ်...တီချယ်ရဲ့ လခကိုလည်း
အလွဲသုံးစား မသုံးရက်ဘူး...
လိုင်းပေါ်မှ အချိန်ပိုင်း reply ပြန်ပေးရသည့် အလုပ်တွေလည်း လုပ်ဖြစ်တယ်...
ရတဲ့ ဝင်ငွေတွေကိုလည်း စုဆောင်းထားဖြစ်တယ်
တီချယ့်ကိုတော့ အသိမပေးရက်ပါဘူး...
တီချယ် စိတ်မကောင်းဖြစ်မှာ ကြောက်မိတယ်...
တီချယ့် လခကို အလကား သုံးနေရတာလည်း
လဝန်း စိတ်မပျော် မရွှင် ဖြစ်ရတယ်...

"မောင်....ဒီလ gradeတွေပြ...."

"ဒီမှာ တီချယ်..."

"အင်း...လိမ္မာတယ် ဆက်ကြိုးစား....
နောက်လတွေမှာလည်း ဒီ grade A တွေပဲ မြင်ချင်တယ်နော်...."

"ဟုတ်ကဲ့ပါ...."

"မောင်...အမှိုက်ပုံးက စည်တော်ကြီး...အခွံ‌တွေက
မောင်စားထားတာလား...."

"တစ်ခါ တစ်လေ စားတာပါ တီချယ်ရဲ့..."

"ဟုတ်လို့လားမောင်....ကြည့်အုံး...ဒီမှာ ၄ ၅ ၆‌ထုပ်လောက် ရှိတာကို....
မောင်နော်...တီချယ်ပြောတယ် မချွေတာပါနဲ့ဆို...
ဟင်း မှာ စားပါ ဆိုမှ...."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now