"ပြန်လာတာလဲ...နောက်ကျလိုက်တာဟယ်....
နင် မရိုးသားဘူး သိလား...ဖုန်းခေါ်တုန်းက
တအားအားနဲ့...ဘာဖြစ်နေတာလဲ...""ဟဲ့ ပေါက်ကရ လျှောက်မတွေးနဲ့...
နင် ဖုန်းဆက်ပြီး ငါ့ တီချယ်သက်လေး အရှေ့မှာ
ဖော်ကောင်လုပ်နေတာလေ....""ဘယ်လို..."
"နင်..ငါသောက်တဲ့ စီးကရက်တွေရော...
ရေချိန်မကိုက်တာတွေရော...
တော်သေးလို့ပေါ့...ငါ ဖွန်ကြောင်တာလေးပါထည့်မပြောလို့....""ဟားဟား...ရယ်ရတာ သေပါပြီဟဲ့...
ငါမရည်ရွယ်ပါဘူးဟယ်....""နင် မရည်ရွယ်လို့သာပေါ့...
ငါ့မှာ ခွေးပြေး ဝက်ပြေး ပြေးလာခဲ့ရတယ်....""ဟားဟား...လာပါဟာ...အမောပြေသွားအောင်
နည်းနည်း ကစ်ကြမယ်..ဒီမှာကြည့် ခဏက ငါ ဆိုင်တစ်ဆိုင်တွေ့ထားတယ်...
viewလည်း ကောင်းတယ်...ရှယ်ပဲ..."ဖြူစင်ပြတဲ့ pageကို ဖွင့်ကြည့်ရာ...
ငယ်တို့မြို့က Shwe Goal စားသောက်ဆိုင်
အသစ်လေးပင်..."မိုက်လား...."
"အေး...နင်သွားချင်လို့လား...ငါလိုက်ပို့မယ်...
ငါသောက်တော့ မသောက်ဘူး....""ဟွန့်...တီချယ်နဲ့ကဖြင့် မယူရသေးဘူး...
အခုကတည်း...အပိုးကို ကျိုးနေပါ့လား....""အပိုးကျိုးတာကြောက်လို့မဟုတ်ပါဘူး..အမိရယ်
သိပ်ချစ်လွန်းလို့....ဟီးဟီး...""အိုး...အတော်နုနယ်သေးတဲ့ ကလေးပါ...
မာမီစင်စင် ပြောပြမယ်နော် သမီး....
အရာရာက တန်ဆေး လွန်ဘေးပဲ ကောင်းတယ်..
'အဘထ'ရှူဆေးတောင်...ရှူတာကြာရင်
အဆုတ်ပျက်စီးတတ်သတဲ့..
သင်ဖူးတယ် မလား..ကလေးမ..""မာမီစင်စင်ပြောသလိုဆို...
တီချယ့်ကို အရမ်းကြီးချစ်မိရင်...
နှလုံးပျက်စီးတတ်တယ်ဆိုတဲ့ သဘောလား...""လဝန်း...နင့်နှယ့်နော်....
ငတုံးပဲ....ပြောချင်တာကကွာ...ချစ်တာကလည်း ချစ်
ဆိုးတာကလည်း ဆိုး...အလွန်အကျွံ မဖြစ်ဖို့ အရေးကြီးတယ်....""ဟယ်..အဲ့တာများ စာတွေကော...
ဥပမာတွေရော...ပေးလို့...တည့်ပြောရင်...
နင်မြွေကိုက်သေနေမှာစိုးလို့လား..."
YOU ARE READING
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
Randomဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....