"ဖေဖေ...တီချယ်ပြန်ရင် သမီးလိုက်သွားမယ်နော်..
မနက်ဖြန် မနက်...""သမီးရယ် တစ်နှစ်လုံးလည်း နေခဲ့ပြီးပြီပဲ...
ရန်ကုန် မှာကျောင်းမတက်ခင် ဖေဖေတို့နဲ့ အတူတူနေပါအုံး....""အဲ့တာဆို နောက်တပတ်ကျရင် တီချယ့်ဆီပြန်လိုက်သွားမယ်...ဒီတပတ်တော့ ဖေဖေတို့နဲ့ နေမယ်...
ရပြီလား...""အင်း...သဘောပဲ...လုပ်ချင်သလိုသာ လုပ်..."
ဖေဖေ စိတ်ဆိုးပြီး ထမင်းစားခန်းက ထွက်သွားတော့တယ်....
"သမီးငယ် နင့်အဖေပြောတာလည်း ဟုတ်တယ်လေ
မသွားရဘူး...""မေမေတို့ အတင်း လာ မတိုက်တွန်းပါနဲ့...
ငယ်...စိတ်ညစ်တယ်..."ငယ်လည်း စိတ်ညစ်ညစ်နဲ့ အိမ်ကနေ ထွက်လာခဲ့တယ်....
ခြေဦးတည့်ရာ ဆိုပေမဲ့...ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိ လာတာက တီချယ့်အိမ်လေးပါ....
အိမ်တံခါးပိတ်ထားတာမြင်တော့...
တီချယ်အိပ်နေလောက်ပြီ အထင်နဲ့ ပြန်လှည့်ထွက်တော့မလို့...ဝရန်တာကနေ..."ရှူးး ရှူး..."
မောင့်အမျိုးသမီးလေးပါပဲ...
ငယ့်ကို မြင်တော့ အောက်ဆင်းပြီး တံခါးကို တိုးတိုးလေး လာဖွင့်ပေးရှာတယ်..."ညကြီး မိုးချုပ် ဘာအကြောင်းရှိလို့လဲ..."
"အကြောင်းရှိမှ လာရမှာလား တီချယ်ရယ်..."
"အင်းလေ...အကြောင်းရှိမှ လာပေါ့ တော်ကြာ...
လူကြီးတွေ ရိပ်မိကုန်မယ်...
ရွာမှာလို မဟုတ်ဘူးလေကွယ်....""တီချယ် မနက်ဖြန် ရွာပြန်သွားရမယ်ဆိုတော့...
လွမ်းလို့ပါ...အိမ်ထဲ မခေါ်တော့ဘူးလား...""ညမိုးချုပ်နေပြီလေကွယ်...မဝင်နဲ့တော့..."
"ဟအင်း...ဒီ ညတော့ ဒီမှာပဲ အိပ်မယ်..."
"အိမ်ပြန်အိပ်ပါကွယ်...ကလေးက လိမ်မာပါတယ်"
"ဟအင်း..မလိမ္မာဘူး...ဆိုးတယ်..."
"ဆိုးရင် ရိုက်မှာနော်...."
"အယ်..ချစ်လို့ စတာပါ...
တီချယ်ကလည်း တပတ်ကြီးတောင် ခွဲရမဲ့ဟာ..
ဒီနေ့ တစ်ည လောက် တီချယ့်ရင်ခွင်ထဲတော့
ပေးအိပ်ပါလေ...နော်..."
YOU ARE READING
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
Randomဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....