"ဖြူ ကားကို ဟိုအနားထိ မောင်းပြီး...
ကားပေါ်တက်ခိုင်းလိုက် အဲ့ကလေးမကို...""ရှင်...ဟုတ်..ဟုတ်..."
ပလက်ဖောင်းပေါ် ယိုင်နဲ့နဲ့လမ်းလျှောက်နေတဲ့ လဝန်းအနားထိ မောင်းလာရင်း...
"လဝန်းမ...ကားပေါ်တက်..."
ဖြူ့အခေါ်ကြောင့် လဝန်း တီချယ်သက်ကို တစ်ခဏကြည့်လိုက်တယ်....
"ဟအင်း..ငါ မလိုက်တော့ဘူး..."
"ကျစ်!!!ဟိုကလေးမ...ရှည်ကိုရှည်တယ်...
တက်ဆို တက်ပေါ့...""ဗျာ..ဟုတ်..ဟုတ်ကဲ့..."
လဝန်းလည်း ခပ်ပြာပြာနဲ့ ကားနောက်ခုံထဲ ဝင်ထိုင်လိုက်တယ်....တီချယ်သက်ရဲ့ မျက်စောင်းဆို
ခုအချိန်ထိကြောက်နေရတယ် ဟုတ်လား....ကားထဲမှာတော့... သီချင်း အသံကလွဲရင်..
အရာရာ တိတ်ဆိတ်လျက်..
ဖြူ့မှာတော့..နှစ်ယောက်သားကို ကြည့်ရင်း...
စပ်ဖြီးဖြီးလေးဖြစ်နေရှာတယ်...."အပြုံးပန်းမလှတဲ့ကိုယ်လိုလူရဲ့ အပြုအစု
အယုအယဟာ..မင်းဘဝတွက်တော့ မဖူလုံနိုင်သေးတယ်...
အပြုံးနဲ့နှုတ်ဆက်နေစဉ်...ကိုယ်အတွေးများက
တဝဲဝဲလည်....
မင်းနဲ့ အရင်လို ဘဝမျိုးရောက်ချင်တယ်
အရင်တစ်ခါနေလာခဲ့တဲ့ ဘဝကို...
ပြန်နေချင်သေးတယ်
အတူနေချင်ပေမဲ့လည်း အသက်ရယ်..
စိမ်းကားသွားခဲ့တယ်.....""ဖြူ သီချင်းလေး ပိတ်ပေးနိုင်မလား.."
သီချင်းသံတောင် လွှမ်းအောင် မပြောနိုင်တဲ့
စကားသံ ရှရှလေးကြောင့် အသက် စိမ်းကားတာ...
သိပ်မှား သွားသလား....ပြန်တွေးရင်းနဲ့
ဝမ်းနည်းစိတ်တို့ တိုးဝေ့ လာခဲ့တယ်...."အော်..အေးကွာ..ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်...
ငါ ပိတ်လိုက်မယ် လဝန်း..."တီချယ်သက်ကော အဆင်ပြေရဲ့လား....
ကားရှေ့က နောက်ကြည့်မှန်မှာကြည့်တော့...
မျက်ရည်အဝဲသား....
ငယ် တီချယ့်ကို သနားပါတယ်....
တီချယ်မျက်ရည်ကျရင်..
ငယ် ရင်နှင့်အမျှ နာကျင်ရပါတယ်...."ဖြူ ငါ့ကို..ဦးမောင်တို့ဆိုင်ပဲပို့ပေးပါ..
လမ်းကြုံတယ်မလား...."
ESTÁS LEYENDO
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
De Todoဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....