"ဖူး...ဖူး..စပ်နေလားဟင်..."
"ဟီးဟီး..စပ်တော့စပ်တယ်...ဒါပေမဲ့...
ဒီဘက်ပါးလေးကို အာဘွားပေးရင်တော့
မစပ်တော့ဘူး...""လူလည်လေး...ဘာမှလည်း မဆိုင်ဘူး..."
"ဆိုင်တယ်လေ...ပေး...ပေး..."
"မပေးဘူး...."
"တီချယ်နော်...ပေးကွာ...
ဒီဘက်ပါးလေးက ချောချောမွေ့မွေ့လေး
နမ်းလို့ကောင်းပါတယ်...""ဘယ်သူက နမ်းလို့ မကောင်းဘူးပြောလို့လဲ...
ဒီမှာကြည့်...မွ...မွ...""တီချယ်ရယ်...နှစ်ဖက်လုံး မပေးလည်းရပါတယ်..
တီချယ့်ပါးစပ်လေးထဲ ဆေးတွေ ဝင်ကုန်ပြီလား
မသိဘူး...ပါးစပ်ဟပြ...""အမလေး..အကဲပိုလေး...မဝင်ဘူး..
ထ..ကျောင်းလိုက်ခဲ့နော်...သဘက်ခါကျ မောင်ကသွားရတော့မယ်ဆိုတော့ အိမ်မှာ ပစ်မထားခဲ့နိုင်ဘူး..""ဟီးဟီး..ဟုတ်သွားမယ်..."
ငယ်ကတော့ ရေချိုးပြီးပြီမို့ အဝတ်လဲပြီး
တီချယ်ရေချိုးတာကိုစောင့်နေတယ်...
တီချယ်ဝတ်ဖို့ အတွက်..ကျောင်းရင်ဖုံးနဲ့
ကျောင်းစိမ်းထမီကိုလည်းထုတ်ပေးဖြစ်တယ်..."မောင်..ကုတင်ပေါ်ကဟာက
မောင်ထုတ်ထားပေးတာလား...""ဟုတ်တယ်လေ..တီချယ်..."
"မောင်ရယ် ဘုန်းနိမ့်ကုန်တော့မှာပဲ..."
"ဟော...မောင်က ဘုန်းနိမ့်စရာလား...
ကိုယ့်အမျိုးသမီးလေးအတွက် ထုတ်ပေးတာပဲကိုး..
လက်ထပ်ပြီးရင်လေ...တီချယ့် ထမီတွေကိုပါ
မောင်က လျှော်ပေးအုံးမယ်...""အိုး...တီချယ့်မိန်းခလေးက ချစ်စရာလေး...
မွ...မွ...""ဟွန့်..တီချယ် ဒီနေ့တော်တော် အသားယူတယ်နော်
မောင်တောင် မနမ်းရသေးဘူး...တီချယ်ချည်းပဲ
နမ်းနေတာ...အခုအကြွေးပြန်နမ်းတော့မယ်...မွ..မွ..""သူများက အခုပဲရေချိုးပြီးတာကို..."
"မကျေနပ်ရင် ပြန်နမ်းလေ..."
"တော်ပြီ..လူလည်လေး....အိမ်ရှေ့ ထွက်စောင့်နေတော့..တီချယ် အခုထွက်လာမယ်..."
"ဟုတ်ကဲ့..."
လာပါပြီ...မောင့်ရဲ့ဆရာမကြီး....
အဖြူအစိမ်းလေးဝတ်ထားတာ မတွေ့ရတာ အတော်ကြာပြီ....
ရိုးရိုးယဉ်ယဉ်လေးနဲ့လှတယ်ဆိုတာ...
တီချယ့်ကို တင်စားပြီး ပြောကြတာနေမှာ....
![](https://img.wattpad.com/cover/322000157-288-k223158.jpg)
VOUS LISEZ
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
Aléatoireဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....