Part-32 Extra

16.3K 689 87
                                    

အဖြူရောင် ချိတ် ထမီလေးနဲ့....
ရိုးရိုးရင်ရင် လှနေတဲ့...တီချယ်ဒေါ်ဒေါ်.....

အရာအားလုံးပျက်သုန်းသွားရင်တောင်
တီချယ့်ဒေါ်ဒေါ့်အပေါ်ထားတဲ့ မေတ္တာတွေ
မပျက်ပြယ်တော့ပါဘူး ဆိုတဲ့....မောင်...

သိပ်ချစ်ကြတဲ့သူနှစ်ဦး...လက်ထပ်တဲ့...
အခမ်းအနားပွဲလေးက...သိပ်မကြီးကျယ်ပေမဲ့....
အလွန့် အလွန်ပြီးပြည့်စုံခဲ့ပါတယ်....

"မောင်ရေ..."

"ဗျာ..."

"ရှင့် လို့ ထူးပါမောင်ရဲ့..."

"ဗျာပဲ ထူးမယ်ကွာ..."

"အေး...မှတ်ထားနော်...ညကျရင်..."

"တီချယ်နော်...ဆက်မပြောနဲ့တော့...
မောင် ရှက်တယ်..."

"ဟားဟား...စ တာပါ ကလေးမရယ်...."

"ရယ်သံကြီးကလည်း လူယုတ်မာ ဆန်လိုက်တာနော်.."

"အို...ဘယ်လိုရယ်ရယ်ပေါ့....
မင်းက တို့ရဲ့ အိမ်ထောင်ဦးစီးလား...
အိမ်ထောင်ဦးစီးက တို့လား...."

"ဟာ...မေးခွန်းကြီးကလည်း Yes or Yes
ဖြစ်နေတယ် တီချယ်ရဲ့...."

"ဖြေ...."

"အိမ်ထောင်ဦးစီးက...ဟောဒီ့က မောင့် အသက်လေးပါဗျ...ကျေနပ်ပြီလား..."

"ကျေနပ်ပြီ....ဟိုမှာ မောင့်ဖေဖေတို့မိသားစု မလား...
သူ့သမီး မဂ်လာပွဲ‌ကိုတောင် လာတက်တယ်ဆိုတော့..
အခြေအနေ ကောင်းနေပြီ...
မောင်နော်...ကောင်းကောင်းဆက်ဆံရမယ်..."

"ဟွန့်...မဆက်ဆံချင်ပါဘူး...."

"မောင်နော်!!!!"

"ကောင်းကောင်းဆက်ဆံလိုက်ပါ့မယ်‌လို့....
မိန်းမကလည်းနော်...တကယ့် စိတ်ချည်းပဲ..."

"ဟွန့် ဒီလိုလုပ်ပါ..."

"ဖေဖေ..."

"သမီးလေး...ဖေဖေ မှား ခဲ့တာ တွေ အတွက်
တောင်းပန်ပါတယ်နော်..."

"ရပါတယ် ဖေဖေ..."

"ဒီက ချွေးမလေး‌လည်း...ကျွန်တော့်သမီးလေးကို
ဂရုစိုက်ပေးပါ...အရင်က မဆင်မခြင်ရိုင်းခဲ့မိတဲ့ အတွက် ကျွန်တော် နောင်တတွေလည်း ရနေပါပြီ..."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now