Part-8

9.5K 599 79
                                    

"တီချယ်ရေ...တီချယ်..."

"ဝေ...စောစောစီးစီး..ဘာလာလုပ်တာတုန်း..."

"ဟီး...ပြောစရာရှိလို့... အိမ်ရှေ့ထွက်ခဲ့ပါအုံး..."

"လာပြီ...လာပြီ..."

"ဗြွက်..."

"ဟာ...မပြောမဆိုနဲ့...
ဒီမှာ ကျွန်မ အခုပဲ ရေမိုးချိုးပြီး...
လှလှ ပပ ပြင်ထားတာရှင့်...
တော်တော်ဆိုးတဲ့ ကလေးမ...မပြေးနဲ့...
ရေပုံးကြီးနဲ့ကို ပက်အုံးမှာ...."

"တီချယ်ဒေါ်ဒေါ်ကို မကြောက်လို့ နှမ်းနက်မြေပဲယို
အုန်းယို ဇီးယို...အုန်းယို..ဇီးယို..."

"မပြေးနဲ့ နော်...ညည်း...
ဒီမှာ...ကျုပ်အရမ်း မောနေပြီ...အာ့..."

"ဟာ...တီချယ်...တီချယ်...
ဘာဖြစ်တာလဲ...."

"ဟားးဟားး.... ဘာမှ မဖြစ်ဘူး...
မိပြီကွ...မိပြီ....ငြိမ်ငြိမ်နေနော်....ရေ နှစ်ပုံးလောင်းမယ်..."

"လူလည်ကြီး...ဟွန့်...သူများက စိတ်ပူတတ်မှန်း
သိလို့...သက်သက်မဲ့ ဒရမ်မာတွေ ခင်းပြတာ...
လောင်း..လောင်း..."

"လောင်းပြီ ရှင်..."

"အိုးမိုင်ဂေါ့...အေးလိုက်တာ တီချယ်ရဲ့..."

"ဟား..ဟား..."

တီချယ်ဟာ...သမီး အပေါ် အမြဲ လူလည်ကျတယ်...
ဒါကို သိသိချည်းနဲ့...အလည်ခံတဲ့..သမီးကလည်း...
တီချယ်နဲ့ ပတ်သက်ရင်...အမြဲတမ်း ငအူလေး...
လုပ်ပေးမှာပါ...
အချစ်လူလည်ရဲ့ ငအူလေးပေါ့ တီချယ်ရယ်....

"တီချယ်...တီချယ်..
ဒါနဲ့ ဒီနှစ်သက်ြန်က တီချယ့်ကို ရေအရင်ပတ်တာ...
သမီးဟုတ်..."

"မဟုတ်ပါဘူး...."

"အော်...မဟုတ်ဘူးလား..."

"အယ်...ရုပ်ကြီးက ဘာဖြစ်သွားတာ..."

"ဝမ်းနည်းသွားတာလေ...
သမီးက တီချယ့်ကို ရေအရင်ပတ်တဲ့လူ
ဖြစ်ချင်တဲ့ဟာကို..."

"အိုး...ရုပ်လေးက သနားစရာလေးကွယ်..."

"တီချယ်နော်...မစနဲ့...
လူက တကယ် ဝမ်းနည်းနေတာပါဆို...ဟင့်..."

"စ တာပါ...မငိုနဲ့...သမီး အရင် ရေလောင်းတာ...
တီချယ့်ကို ထူးထူးဆန်းဆန်း အစောကြီး ရေလာလောင်းတဲ့ ကလေးမလေးရယ်...."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now