"တီချယ်...မောင့်ရဲ့အိပ်ပုတ်ကြီးလေးရေ...
ထတော့လေ...ဒီနေ့ ဖြူစင်က သူပြန်ရောက်တုန်း မနက်စာသွားကျွေးချင်လို့တဲ့....အိမ်ရှေ့မှာ ရောက်နေပြီ တီချယ်ရဲ့....ထတော့နော်...."ငယ်..ပြောတာကို တီချယ် တုတ်တုတ် မလှုပ်....
"တီချယ်...တီချယ်..."
"ဖြူရေ....ဒီထဲ ဝင်လာပါအုံး...
ဖွားဖွားရေ....လာပါအုံး....""ဘာဖြစ်တာလဲ....နင့်ဖွားလေး ဘုန်းကြီးကျောင်း ဆွမ်းချိုင့်သွားပို့တယ်...."
"ဟဲ့...လုပ်..လုပ်ပါအုံး...
တီချယ်...တီချယ် ကိုယ်တွေ အရမ်းပူပြီး...
နှိုးမရတော့ဘူး....""သတိမေ့နေတာ ဖြစ်မယ်...
ငါတို့ဆေးရုံ အမြန်သွားရအောင်....""ငါ ပွေ့ချီလိုက်မယ်..."
"နင် တစ်ယောက်တည်း နိုင်လို့လား..."
"ရတယ်...ငါ ဒီလောက်တော့ တီချယ့်အတွက်...
လုပ်နိုင်ပါတယ်...နင်သာ တံခါးတွေ သေချာပိတ်ပြီး..
သော့ကို ဟိုဘက်အိမ်အပ်ခဲ့... အကျိုးအကြောင်းလည်း သေချာပြောပြလိုက်...ဖွားလေးကို ပြန်ပြောလို့ရအောင်....ငါ ကားပေါ်ကစောင့်နေမယ်...
မြန်မြန်....""အေး...အေး...."
အရင်က တီချယ် အစောဆုံး နိုးနေကြ....
ဒီနေ့တော့ ငယ်နိုးတာတောင် တီချယ်က မနိုးသေးဘူး...
ဒါပေမဲ့ ငယ်လည်း မနှိုးရက်ဘူး...
တီချယ်အိပ်ပါစေ..ဆိုပြီး...ပေးအိပ်ထားတာ...
ခုတော့ အဖျားတက်ပြီး သတိမေ့မြောနေတာတဲ့....
နီးစပ်ရာ...ဆေးရုံကိုပဲ အမြန်မောင်းပြီး...
ပြခဲ့တယ်.....
တီချယ့်ရဲ့ လက်လေးတွေမှာ...အပ်ပေါက်ရာတွေနဲ့...
ဆေးသွင်းထားရတယ်...."လဝန်း...ဒီမှာ ဆရာဝန်က လူနာရှင် ခေါ်ခိုင်းလိုက်လို့...ဒီစာရွက်ယူပြီး နင်သွားလိုက်...
ငါ နင့် တီချယ်ကို စောင့်ထားပေးမယ်....""အင်း...."
ဆရာဝန် ရုံးခန်းဆီ အသွား....
"ငယ်လေး...ဘာလာလုပ်တာလဲ..."
"တီချယ် ဆေးရုံတက်ရလို့ လာပို့ပေးတာ....."
"နင်တော်တော် မွေးရကျိုးနပ်တဲ့ သမီး....နင့်အမေတစ်ယောက်လုံး ဆေးရုံတက်တာကျတော့....တပတ်လုံးနေမှ ၃ရက်ပြည့်အောင်မလာပဲနဲ့များ.."
![](https://img.wattpad.com/cover/322000157-288-k223158.jpg)
STAI LEGGENDO
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
Casualeဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....