"ရတယ်..သမီးပဲ ပန်းကန်တွေ
သိမ်းလိုက်ပါ့မယ်တီချယ်...""ဘယ်ဟုတ်မလဲ...
မင်းက ဧည့်သည်ပဲဟာ....
အရှေ့မှာပဲ အေးဆေးသွားနေပါ....."ဧည့်သည်တဲ့လား....
ဒီရင်ကို မီးစနဲ့ ထိုးထည့်လိုက်သလိုပါပဲ...."ဟုတ်ကဲ့ပါ...."
"ဘုတ်...."
အနောက်ကျောလေးကိုကြည့်မိရင်း...
လဲကျသွားတဲ့ လဝန်းကြောင့် သက်မှာ..ပြာပြာသလဲ
ပြေးလာမိတယ်..."ခွမ်း....ခွမ်း..."
"မောင်....မေမေ..မေမေရေ...ဒီမှာကလေးငယ်
ဘာဖြစ်လဲ မသိဘူး လာပါအုံး....""ဝေ..ကိုဝင်းရေ....ဒီခဏလာပါအုံး...."
မေမေ့ခေါ်သံကြောင့်...ဘေးအိမ်က
ဒေါင်ကောင်းကောင်း အိမ်နားနီးချင်း ကိုဝင်းရောက်လာတယ်..."ဒီကလေးကို ဆေးရုံပို့ရအောင်...
ဝိုင်း သယ်ပေးပါကွယ်..အန်တီတို့အိမ်မှာလည်း မိန်းမသားပဲရှိတာမို့....""ဟုတ်...လာ..လာ..သွားကြမယ်..."
"မေမေ နေခဲ့နော် ..သမီးပဲ လိုက်သွားလိုက်မယ်..."
"အေးအေး...ဂရုစိုက်အုံး သက်..."
__________
"အား...ကျွတ်...ကျွတ်..."
"မောင်...သတိရပြီလား...
ဆရာမရေ...ဒီမှာ ကလေးသတိရပြီ....
ဒေါက်တာ ခေါ်ပေးပါအုံး....""ဟုတ်ကဲ့...."
"အား...ခေါင်း အရမ်းကိုက်လိုက်တာ..."
"လဝန်း...အဆင်ပြေရဲ့လား..."
"အဆင်ပြေပါတယ်. ဟော...ဒေါက်တာ အမကြီး..."
"ဟုတ်ပါ့....ဘယ်လိုလဲကွယ်...နေကောင်းအောင်
နေတာ မဟုတ်ဘူး....""ဒီလိုပါပဲ....ဒါနဲ့သွေးအိတ်တွေက..."
"ညီမငယ်က...သွေးအားအရမ်း နည်းနေလို့လေ...
သွေးသွင်းထားတာ...""ဟအင်း...ဟအင်း...သွေးသွင်းလို့ မဖြစ်ဘူး...
မဖြစ်ဘူး....အာ့..."ကြောက်ကန်ကန်ရင်း..သွေးသွင်းထားတဲ့ အပ်ကို
ဆွဲဖြုတ်လိုက်တယ်...."တီချယ်...တီချယ်ပြန်မုန်းသွားပြီလားဟင်...
ဟအင်း...သမီး သွေးတွေ ပြန်မရှိအောင် လုပ်မှာ...
တီချယ်..မမုန်းနဲ့နော်...မမုန်းနဲ့..."
![](https://img.wattpad.com/cover/322000157-288-k223158.jpg)
ESTÁS LEYENDO
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
De Todoဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....