တီချယ် ဒီနေ့ကျောင်းလာကြိုတည်းက...
စကား တစ်ခွန်းမှမပြော...
ငယ့်အတွက် တော့...
ဒီအခြေအနေဟာ...နေရ အခက်ဆုံးပါပဲ....
စာသင်တော့လည်း...ငယ့်ကို
တစ်စက်ကလေးမျှမကြည့်...
အရင်လိုလည်း မဟုတ်...
နည်းနည်းလေးဖြစ်တာနဲ့ ဒေါသက
ငယ်ထိပ်ရောက်နေတယ်...
ဒီနေ့...အရမ်းကို လိမ္မာပါတယ်ဆိုတဲ့
ကျော်ကိုဇေတောင်...ရိုက်ခံထိသေးတယ်...
ငယ်တော့ခပ်လန့်လန့်ပဲ...
အတန်းငယ်တွေ ပြန်ပြီး...
အတန်းကြီးတွေ နည်းနည်းပဲရှိတော့တဲ့ အချိန်မှပဲ..
ပို အနေခက်လာတယ်...
အရင်ကဆို တီချယ်က ဒီလိုချိန်တွေဆို
ဟာသလေးတွေ ပြောတတ်သား...
ဟူး...အခုတော့...ခြောက်ကပ်လို့
တီချယ့်ဘက်က စကား မဆိုတော့...ငယ့်ဘက်ကပဲ အရင်စရတော့တယ်...
ငယ်တို့ ၇တန်းတွေကို စာရှင်းပြီးတဲ့ချိန်ပေါ့...
တီချယ်က စာရှင်းရင် အနားလာရှင်းပြတာ..
အခုလည်း ငယ့်ဘေးမှာ ထိုင်ပြီး အရယ် အပြုံးမရှိဘဲ
ခပ်စိမ်းစိမ်း အကြည့်တွေနဲ့ ငယ့်ကို ကြည့်နေပြန်တယ်..."တီ....ချယ်..."
"ဘာလဲပြော"
"ဟို...ဒီ...ဒီနေ့...နေ..နေမကောင်းလို့လားဟင်"
"အဲ့တာ မင်းအလုပ်မဟုတ်ပါဘူး...
စာပဲလုပ်...မင်းနဲ့ တီချယ်က ဘာမှ မဆိုင်ဘူး..."ဘာကြောင့်လဲ...
ဘာလို့ အဲ့လို စိမ်းစိမ်းကားကားကြီး
ဖြစ်သွားရတာလဲ...
ငယ်တော့...မခံစားနိုင်တော့ဘူး...
မျက်ရည်တောင်ကျချင်မိတယ်..."တီချယ်...အဲ့လိုကြီး မပြောပါနဲ့...
တီချယ်ကသမီးနဲ့ဆိုင်တယ်လေ...""ဘာဆိုင်တာလဲ...ဟမ်း!!!ဒါလား ဆိုင်တာ..."
ငယ့် လွယ်အိတ်ထဲက ပိုက် ပုလွေကို ဆွဲထုတ်ပြီး
အော်တော့တယ်....
ငယ်လည်း သူခိုးလူမိ ဖြစ်တော့တာပေါ့...
ငယ်...ဒီလိုနေ့မျိုးရောက်လာမယ်လို့ကြိုတွေးပြီးသားပါ...
ဒါကြောင့်လည်း...လိပ်ပြာလွင့်မတတ်ဖြစ်နေတဲ့စိတ်တွေကို အတတ်နိုင်ဆုံး ထိန်းနေရတယ်..."ဖြောက်...."
"အာ့..."
ငယ့်လက်မောင်းပေါ်ကျလာတဲ့
တီချယ်ရဲ့ရိုက်ချက်ကြောင့်...
ငယ့်ပုလွေလေး နှစ်ပိုင်းကျိုးသွားပြီ....
ငယ့်လက်မောင်းမှာလည်း...
ပိုက်ရဲ့ကျိုးစလေးတွေဆူးလို့...
သွေးလေးတွေ ထွက်စပြုပြီ...
YOU ARE READING
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
Randomဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....