ဒီနေ့တော့ အရင်လို မဟုတ်တော့ဘူး...
မနက်4နာရီကို alarm ပေးထားတော့တယ်....AT 4:00 A.M....
"တီ...တီ...တီ...တီ..."
၄နာရီဆို အရမ်းစောသေးတယ်...
၄နာရီခွဲဆိုပြီး ပြန်ပြောင်းလိုက်တယ်....
နာရီဝက်လောက် အိပ်လိုက်တယ်...."တီ...တီ...တီ...တီ..."
ဒုတိယ တစ်ကြိမ် ထမြည်ပြန်ရော....
နာရီကြည့်လိုက်တော့...၄နာရီ ၄၅မိနစ်တဲ့....ဘုရားရေ....ငယ် အိပ်တောင် မအိပ်ရသေးဘူး...
အချိန်ကလည်း မြန်လိုက်တာ....
မျက်နှာသစ် အကျီလဲပြီး....ကျူရှင်ကိုအမြန်ပြေးလာတော့တယ်....
တော်သေးတာပေါ့...၅နာရီ ကွက်တိမှာရောက်လို့....တီချယ်က ကျောင်းစိမ်းနဲ့ ဆို သိပ်လိုက်တယ်ပြောရမလား.....
ကျောင်းစိမ်းနဲ့ လိုက်တာတင်မဟုတ်ပါဘူး...
ရိုးရိုး ပါတိတ်ဝမ်းဆက်တွေနဲ့လည်း လိုက်တယ်...."ဝေ့...ဘာရပ်ကြည့်နေတာလဲ...ဝင်ခဲ့လေ"
"ဟုတ်...ဟုတ်ကဲ့တီချယ်"
"6တန်းတွေ ဒီဘက် စတိတ်စင်နားပြောင်းလာထိုင်လိုက်ပါလား"
နေရာပြောင်းလိုက်မှ တီချယ်နဲ့ ပိုနီးသွားတယ်....
တီချယ်က စတိတ်စင်ပေါ်မှာ...
စာပွဲစောင်းတစ်လုံးနဲ့ ခုံအပြာလေးပေါ်မှာထိုင်တယ်..
ငယ်တို့က စတိတ်စင်ဘေးဆိုတော့...
တီချယ့်ရဲ့ ဘေးဘက်အောက်နားလေးမှာပေါ့....ဟိုနှစ်ယောက်ကတော့ လည်တယ်ပဲပြောရမလား..
သူတို့ဆော်ခံ ထိမှာကြောက်လို့...
တီချယ်နဲ့ ဝေးတဲ့ ထောင့်ဘက်ကို နေရာအရင်
ဦးသွားတယ်...."လဝန်း..."
"ဗျာ..."
"လာပြန်ပြီ..ဗျာ"
"အဲ...ဟို...ရှင်...လို့ထူးမလို့ပါတီချယ်"
"ဘယ်မလဲ...သနပ်ခါး"
အိုး...ဟုတ်သား...လောလောနဲ့ ထွက်လာတာ...အကျီလဲပြီး သနပ်ခါးလူးဖို့မေ့ခဲ့တယ်....
မနေ့က တီချယ်သေချာမှာသွားတဲ့ဟာကို....
ငယ်လည်း မေ့တတ်လိုက်တာ...."ဟို...လိမ်းး...လိမ်းဖို့မေ့သွားလို့တီချယ်...
ညနေကျရင် လိမ်းခဲ့ပါ့မယ်"
![](https://img.wattpad.com/cover/322000157-288-k223158.jpg)
YOU ARE READING
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
Randomဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....