After U [1]

2.9K 163 24
                                    

မြို့လယ်ခေါင်ရှိ ပြဇာတ်ရုံတွင် လူအများနှင့်
အထူးသဖြင့် အထက်တန်း ရာထူးရှိ လူတန်းစာများတွေ
လူဂုဏ်ထန် မြို့မျက်နှာဖုံး အများအပြားနဲ့ စည်ကားနေလေရဲ့ ။

ပြဇာတ်ရုံရှေ့လည်း အရာရှိ အရာခံတွေ ၊ မြို့မျက်နှာဖုံးတွေရဲ့
တောက်တောက်ပြောင်ပြောင် အနက်ရောင် ကားကြီးတွေဟာ
အစည်အရီနှင့် ရှိသည် ...။

ပွဲတော်တစ်ခုအလား စည်ကားနေတယ့်
ပြဇာတ်ရုံဝန်းအတွင်းဟာ ဆိုးလ်မြို့တော်ဝန်
ကင်မ် ချောင်းဟွန်း ရဲ့ မွေးနေ့သာ...။

မြို့တော်ဝန်ဟာ သူ့ရဲ့ မွေးနေ့ပွဲအတွက်
ပြဇာတ်ပွဲကျင်းပလေတယ် ။ ခန်းနားလှသော စင်ပေါ်မှ
ပြဇာတ်အဖွဲ့ရဲ့ ကပြဖျော်ဖြေမှုတွေ
ကို အရှေ့ဆုံးအတန်းမှ ကြည့်ရှုနေသူဟာ မွေးနေ့ရှင်ဖြစ်သော
ကင်မ်ချောင်းဟွန်း နှင့် မြို့တော်ဝန်ကတော် ရှင်းမ် ဆန်းဂျင် ။

ပြီးတော့ မြို့တော်ဝန်ရဲ့ တူမ  ဖြစ်သူ
ကင်မ်ဂျီဆူး...။

ရှပ်အကျီ အဖြူရောင်ကို စတိုင်ကျဘောင်းဘီ အညို
ရောင်ထဲ ထည့်ဝတ်ထားပြီး ၊ အပေါ်ကနေလည်း ဝတ်စကုပ် အညို
ရောင် လက်တို ထပ်ဝတ်ထားတယ့် ဂျီဆူး ရဲ့
ပုံစံဟာ ပြဇာတ်ရုံထဲမှ တခြားသော
လူဂုဏ်ထန် မိသားစုက သမီးမိန်းကလေးတွေနှင့်
ကွာခြားပေလိမ့်မည် ။

ဂျီဆူး ဟာ Newsboy ဦးထုပ်ကို မျက်လုံးတွေ
ဖုံးအုပ်သည်အထိ စောင်းထားပြီး မှေးနေလျက်ဖြင့်
စင်ပေါ်မှ ပြဇာတ်အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေကို စိတ်မဝင်စားဟန်
ပြုထားတယ် ။
ဟာသပြဇာတ်တွေကလိုက် ၊ အချစ်ပြဇာတ်တွေကလိုက် ၊
အကတွေ ကလိုက် နှင့် ပြဇာတ်ပွဲကို
အများသူကာ ကတော့ သဘောတကျကြည့်နေကြ
သည် ။ ဦးလေးဖြစ်သူ မြို့တော်ဝန်အပါအဝင် ။

သူက အပလို့ပဲ ဆိုရမလား ။
ပြဇာတ်ရုံကြီးထဲ ထိုင်ပြီး ပြဇာတ်မကြည့်တာဟာ
သူ့အပြင် ဘယ်သူရှိနိုင်ပါ့မလဲ ။

ဖျော်ဖြေနေတယ့် ဟာသပြဇာတ်တစ်ခု
ပြီးသွားတော့ စင်ပေါ်မှ လိုက်ကာစ ရဲရဲဟာ
ပိတ်ကာသွားတယ်...။
နောက်ဖျော်ဖြေမှု တစ်ခု မစခင်အထိ...။

After U Where stories live. Discover now