<Zawgyi/>
ဂျီဆူး အမျိုးသမီးငယ်တစ်ယောက်ကို
ချစ်တာဟာ ဘေးနားက လူတွေကိုပါ
ဒုက္ခပေးနေမိတာတယ် ။ အခုလည်း ဆူးလ်ဂီဟာ အမောတလော ဖြင့် သူ့ရှေ့ပြေးလာနေတယ် ။မြို့ထဲမှာနေရင်း နေရာအစုံကို ခြေလှည့်နေတတ်တယ့် ဆူးလ်ဂီဟာ ရူဘီအကြောင်းကို ပိုစုံစမ်းပေးနိုင်မလား ဆိုတယ့် စိတ်နဲ့ ဆူးလ်ဂီ အကူအညီတောင်းခဲ့တယ် ။
အပေးအယူအနေနဲ့ကတော့ ဦးလေးရဲ့
အနောက်တိုင်း တန်ဖိုးကြီး ဝိုင်တစ်ပုလင်းပေါ့ ။ ဆူးလ်ဂီက ဝိုင်သိပ်ကြိုက်တယ့်လူလေ ။ ဒါကြောင့် ဝိုင်နဲ့သာ မျှားခေါ်ရင် ဆူးလ်ဂီဆိုတယ့် ပေတ်ပတ် သူငယ်ချင်းဟာ ရူဘီကိုတောင်
ခိုးလာပေးဖို့ ကြံရင်ကြံမယ့်လူစားမျိုး...။" ရူဘီဂျိန်းအကြောင်းက စုံစမ်းရလွယ်သလိုနဲ့
မလွယ်ဘူး ဂျီဆူးရေ...၊ ဖြစ်နိုင်ရင် နင့်ဦးလေးမြို့တော်ဝန်ရဲ့ တပည့်တွေကိုသာ လွတ်ပြီး
စုံစမ်းခိုင်းစေချင်တယ်..."" ဆိုတော့ နင်ဘာမှ မသိခဲ့ဖူးလား
ဆူးလ်ဂီ..."ပြောရင်း လက်ထဲက ဝိုင်ပုလင်းကို
နောက်ကျောဘက်ကွယ်လိုက်တော့ ဆူးလ်ဂီဟာ ရယ်ကျဲကျဲဖြင့်..." အဲ့လိုဖြစ်ပါ့မလား...နည်းနည်းကျဉ်းကျဉ်းတော့ သိခဲ့တယ် ။ ကိုယ်ရေးကိုယ်တာတွေတော့
မသိရဘူး ဂျီဆူးရေ...အဲ့မိန်းမက နင့်အဒေါ်ပြောသလိုပဲ
သိပ်ကို လျို့ဝှက်တယ့် မိန်းမပါဟာ..."" သိသလောက်သာပြော ဆူးလ်ဂီ...။
ငါက ရူဘီ အကြောင်းလေး ကြားရရုံနဲ့
ကျေနပ်ပါတယ်..."ဆူးလ်ဂီဆီက စိတ်ကုန်တယ်ဆိုသော
အကြည့်ကို အရင်ဆုံးရတယ် ။ ဂျီဆူးကတော့ ဆူးလ်ဂီ ပါးစပ်က ထွက်လာတော့မယ့်
ရူဘီရဲ့ အကြောင်းကိုသာ မျှော်လင့်နေတယ်....။" ရူဘီဂျိန်းက ပြဇာတ်တွေ မကတာ
အတော်ကြာပြီလို့ ပြောတယ်...သူ့ရဲ့ မွေးစား
မိဘတွေ ဆုံးသွားပြီးကတည်းက ပြဇာတ်တွေ မကတော့တာတယ့်...။ အဲ့ထဲက စပြီး ပြဇာတ်တွေ မကတော့ဘဲ သူ့မွေးစားမိဘတွေရဲ့ ပြဇာတ်ရုံလုပ်ငန်းက နဲ့ ပြဇာတ်အဖွဲ့ကိုပဲ သူဌေးမအနေနဲ့ ဦးစားခဲ့တာတယ့်...။ ဒါပေမယ့် ထူးထူးဆန်းဆန်း နင့်ဦးလေး မြို့တော်ဝန် ရဲ့ မွေးနေ့မှာ တစ်ကိုယ်တော် ဖျော်ဖြေမှု လုပ်ခဲ့တယ်..."