Unicodeပတ်ဝန်းကျင်က အေးချမ်းတိတ်ဆိတ်သော်
ငှားလည်း ရူဘီနှင့် တစ်အိမ်ထဲ
ရှိနေတယ်ဆိုသော အသိက ဂျီဆူးကို
ရင်ခုန်စေသည် ။အမြဲတမ်း လိုက်ရှာနေခဲ့ရတယ့် ၊
ကြောင်လေးတစ်ကောင်လို
ဖမ်းရခက်လွန်းလှတယ့် ရူဘီဆိုတယ့်
ဂျီဆူး ချစ်မိနေတယ့် အမျိုးသမီးငယ်ရဲ့
အိမ်ကို ရောက်နေတာက
ယုံချင်စရာကောင်းပါ့မလား ။ပထမအကြိမ် ရူဘီ့ကို
စတွေ့ကတည်းက မနက်အိပ်ယာထကအစ
သန်းခေါင်ယံအိပ်ရာဝင်အဆုံး
ဂျီဆူးရဲ့ အတွေးထဲမှာ ရူဘီနှင့်စပြီး
ရူဘီနှင့်ပဲ ဆုံးသည် ။ယခုလို တစ်မိုး အောက်အတူတူ
ရှိနေခွင့်ရနေသည့်အေခြအနေမျိုးတောင်မှ
ဂျီဆူးစိတ်အာရုံရဲ့ဘုရင်မဟာ
ရူဘီပဲဖြစ်သည်။တစ်အိမ်ထဲအတူရှိနေသော်လည်း
ရူဘီကို ဖမ်းဖို့က ခက်လှသည် ။ အခုပဲ
ကြည့် ရူဘီက ဂျီဆူးနိုးလာကတည်းက
ထမင်းစား စားပွဲမှာ စာတစ်စောင်ချန်၍
ထားသွားသည် ။ရူဘီ့ရဲ့ မျက်နှာလေးကို
မမြင်ရလို့ အလိုမကျမိပေမယ့်လည်း
စာရွက်စလေးပေါ်က ရူဘီ့ရဲ့
လက်ရေးလေးကို ကြည့်ရင်း ပြုံးနေမိသူ
ဟာလည်း ဂျီဆူးပါပဲ ။' ကျွန်မ အလုပ်ကိစ္စရှိလို့ အပြင်သွားတယ် ။
အိမ်မှာလွတ်လွတ်လပ်လပ်နေပါ ၊ အပြင်တော့
လျှောက်မသွားနဲ့ "စာက ဒီလောက်ပါပဲ ။ အခု ဂျီဆူးဒီစာကို
ဖတ်နေမိတာ အကြိမ်တစ်ရာများ
ကျော်သွားပြီလားမသိ ။ မနက်ခင်းထဲက
တစိမ့်စိမ့်ကြည့်ရင်းဖတ်နေတာ အခု
နေ့လည်ပင် ရောက်နေပြီ
ဖြစ်သည် ။ရူဘီ့ရဲ့အရိပ်အယောင်တော့
ဂျီဆူးမတွေ့ရသေးပါ ။' လွမ်းလိုက်တာ...ရူဘီရယ် '
~
ဒေါက်ဖိနပ်အသံကျယ်ကျယ်ဖြင့်
အဝေးကို လျှောက်သွားသော
သူဌေးမဖြစ်သူအား ဒီယိုလ်အနောက်မှ
တစ်ချက်ကြည့်ရင်း သူ့ရဲ့ရှေ့က
အလုပ်သမားခေါင်းဆောင် အဒေါ်ကြီးအား
ကြည့်လိုက်သည် ။ ပြီးတော့ ဘေးမှာ
ရပ်ကာ မျက်ရည်များဝဲနေသော
အလုပ်သမားအမျိုးသမီးငယ်တစ်ဦး ။