After U [2]

958 114 19
                                    

<Zawgyi/>

ပြဇာတ်ပွဲပြီးလို့ ဂျီဆူး ထိုအမျိုးသမီးငယ်ကို
လိုက်ရှာခဲ့မိပေမယ့် ဘယ်နေရာမှာ မှ မတွေ့ခဲ့ပါ ။
ပြဇာတ်ရုံတစ်ခုလုံး နှံသွားပေမယ့် အမျိုးသမီးငယ်ရဲ့
အရိပ်အယောင်လေးတောင်
မတွေ့ရ ။

ပြေးလွှားနေခဲ့ရပေမယ့် အမျိုးသမီးငယ်ကို တွေ့ရဖို့

စိတ်ဇောအဟုန်က ပိုတောက်နေတော့ မောမှန်းလည်းမသိ ။

ရုံတစ်ခုလုံး ပတ်ရှာပြီး မတွေ့ခါမှ
သူလက်လျော့ပြီး ဦးလေးတို့ ရှိရာ စင်ရှေ့မှ
ထိုင်ခုံတွေဆီ ပြန်လာခဲ့တယ် ။

လက်လျော့တယ်ဆိုတာ ထိုအမျိုးသမီးငယ်ကို
တွေ့ရဖို့ကို လက်လျော့တာ မဟုတ်ပါဘူး ။
ဒီပြဇာတ်ရုံထဲ အမျိုးသမီးငယ်ကို ရှာတာ
လက်လျော့ခြင်းသာ ။

ညို့ဓာတ်တွေ ပြင်းစွာသော မျက်ဝန်းတွေနှင့် ၊
ပြုံးရယ်ခြင်းမရှိ တင်းမာတယ့် မျက်နှာထားနှင့်
အမျိုးသမီးငယ်ကို သူတွေ့ကို တွေ့ရမည် ။ 
သူဒီလောက်တော့ စွမ်းဆောင်နိုင်မှာပါ ။

ပြဇာတ်ရုံမှ ပြန်ကြတော့ ဦးလေးတို့ကားဟာ
အရင်ထွက်သွားတယ် ။ သူကတော့ ပြဇာတ်ခြံဝန်းရှေ့က ထိုင်ခုံတန်းလျားမှာ ထိုင်ရင်း ဝန်းထဲက ထွက်လာတယ့် ကားတွေ ၊
လူတွေကို မျက်တောင် မခတ် ငေးနေခဲ့သည် ။

ရူဘီ ဂျိန်း ဆိုသော အမျိုးသမီးငယ် ။
ဦးလေးဖြစ်သူကို မလှည့်တပတ်နှင့် မေးမြန်းခဲ့တာ
အမျိုးသမီးငယ်ရဲ့ နမည်လေးကိုတော့
သိခဲ့ရတယ် ။

နှုတ်က တစ်ဖွဖွ ခေါ်ချင်မိလောက်အထိ
နမည်လေးကပါ စွဲလမ်းနေစေသည် ။

ရူဘီ...ရူဘီ

စိတ်ထဲက ရေရွက်မိလေတယ် ။ လိပ်ပြာလေးတစ်ကောင်နှယ်
လှပပြီး ညို့အားရှိလှတယ့် ရူဘီ ။ 

သူ့ကို စောင့်နေတယ့် အိမ်တော်က
ကားမောင်းသူဟာတော့
လမ်းဘေးရပ်ထားတယ့် ကားရှေ့ တောင်လျှောက်
မြောက်လျှောက် ။
မြို့တော်ဝန်ရဲ့တူမ ဆိုတော့
Jisoo ဘာလုပ်လုပ် အထွတ်တက်ရဲမှာလဲ မဟုတ်ပါ ။

အချိန်ဟာတော့ နေရောင်ပင်မရှိ ။ သူထိုင်နေရာ
ထိုင်ခုံတန်းလျားတွင် မီးသီးမရှိတော့ ခပ်မှောင်မှောင် ။

After U Where stories live. Discover now