After U [8]

691 100 29
                                    

Unicode

ဂျီဆူးမနက်အစောနိုးနှင့်နေသည် ။
ပြီးတော့ သူအခန်းတံခါးဖွင့်တာနဲ့
သူ့အခန်းတံခါးရှေ့လာထိုင်စောင့်နေတယ့်
အညိုရောင်အကောင်လေးနဲ့
ဆော့ပေးနေမိသည် ။

ရူဘီကတော့ မနိုးသေးဘူးထင်ပါရဲ့ ။
အချိန်က ငါးနာရီပဲ ရှိသေးသည်ကိုး ။
ဂျီဆူးကသာ လေးနာရီထဲက နိုးနေခဲ့တာ
စေးကရက်တစ်လိပ်ပင် ကုန်သွားပြီ
ဖြစ်သည် ။

တော်သေးတယ်ပြောရမည်
မတော်တဆဖြစ်‌တယ့်နေ့က ဂျီဆူးရဲ့
အကျီအိတ်ကပ်ထဲမှာတစ်ချောင်းပဲ
လျော့နေတယ့်
စေးကရက်တစ်ဗူးပါလာခဲ့သည် ။

လွတ်နေတယ့်တစ်ချောင်းကလည်း
ပြဇာတ်ရုံရှေ့မှာသူသောက်ခဲ့တာ
ဖြစ်သည် ။

‌ဒီဗူးကုန်ရင် ဂျီဆူးဘယ်လိုများ
လုပ်ရပါ့မလဲ ။ မြို့တော်ဝန်အိမ်တော်က
သူ့အခန်းထဲမှာတော့ ဦးလေးမသိအောင်
ယူထားတယ့် ဦးလေးလက်ဆောင်ရထားတယ့်
တန်ဖိုးကြီးနိုင်ငံခြားထုတ်
စေးကရက်ဗူးအချို့ရှိသေးသည် ။

အခုက သူက ရူဘီ့အိမ်မှာလေ ။
အိမ်တော်ကိုပြန်သွားရင်
ဂျီဆူးပြန်ထွက်လို့ ရမှာမဟုတ်ဘူး ။

အခုတောင် ဂျီဆူး
အိမ်တော်ကို မပြန်တာ ကြာပြီ ။
ဦး‌ေလးတို့ ခေါင်းများ
မီးတောက်နေကြပြီလားမသိရပါ ။
မြို့တစ်ခုလုံးများ ပတ်ရှာနေပြီလားမသိ ။

ဒါပေမယ့် အိမ်တော်ကို
ပြန်ဖို့စိတ်ကူး ဂျီဆူးမှာမရှိသေးပေ ။
စိတ်ကောကိုယ်ကောက
ရူဘီရှိရာမှာသာ နေချင်သည်ဆိုတယ့်
ရောဂါအထူးစွဲကပ်နေသည် ။

လောလောဆယ်တော့
ရူဘီ့အခန်းရှေ့ ခွေးလေးနဲ့
အတူတူဆော့နေရင်း အခန်းတံခါးပွင့်
လာတာကြောင့် ဂျီဆူးကြည့်လိုက်မိတော့
ဆံနွယ်တွေကို စည်းနှောင်ထားလျက်
အနက်ရောင်ညအိပ်ဂါဝန်ရှည်နှင့် 
လှချင်တိုင်းကို လှနေသည့် ရူဘီကို
တွေးလိုက်ရသည် ။

မိတ်ကပ်များလိမ်းခြယ်ထားခြင်း
မရှိတယ့် ဒီအမျိုးသမီးငယ်ရဲ့
အိပ်ယာနိုးနိုးချင်းအလှဟာ
ဒီလောက်ထိအောင်ပဲ လှရက်လှချည်လား ။

ဂျီဆူးတစ်မေ့တစ်မော
ငေးနေမိတုန်းမှာပဲ ရူဘီဟာ သူနှင့်ခွေးလေး
ကစားနေတယ့် ကြမ်းပြင်ပေါ်ထိုင်ချ
လိုက်သည် ။ အဲ့အခါ  အညိုရောင်အကောင်
ပေါက်လေးဟာ အမြီးလေး
တနှံ့နှံ့နှင့် ရူဘီဆီ ပြေးသွားသည် ။

After U Where stories live. Discover now