Unicode
ဆိုးလ်မြို့တော်၏ တစ်နေရာတွင်
ဖြစ်သည် ။အရင်က ဂျီဆူးထိုင်လေ့ရှိသော
နေရာတွင် ဆူးလ်ဂီက ထိုင်နေသည် ။" ပြောစရာရှိတာပြော ၊ ငါနဲ့
နေ့လည်စာစားချင်ရုံသက်သက်နဲ့တော့
ဗြောလ်ဆိုတယ့် မိန်းမမျိုးက
ငါ့ဆီ ဆက်သွယ်လာမှာ မဟုတ်ဘူးလို့
ထင်တယ် "သူမကို သိပ်စိတ်ရှည်ပုံမရတယ့်
ဆူးလ်ဂီကို မျက်စောင်းတစ်ချက်
ထိုးလိုက်သည် ။ဆူးလ်ဂီနှင့်ဗြောလ်က
ရင်းနှီးတယ်ရယ်လို့တော့ မဟုတ်ပါဘူး ။
ဒါပေမယ့် ဂျီဆူးရဲ့ကောင်းမှုနဲ့တော့
သိကြပါတယ် ။ တစ်ခါတစ်လေ
ဗြောလ်နဲ့ဂျီဆူးနဲ့ရှိနေတုန်း ဂျီဆူးခေါ်လို့
ဆူးလ်ဂီရောက်လာတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ်
ဂျီဆူးကိုလိုက်ဖမ်းရင်း ဆူးလ်ဂီနဲ့ဂျီဆူး
ရှိနေတယ့် နေရာကို ရောက်သွားခဲ့တာပဲ
ဖြစ်ဖြစ်နဲ့ မြင်နေခဲ့ကြရတာလေ ။" ဂျီဆူး တရုတ်ပြည် သွားတယ် "
" နင်ပြောပြပြီးသားလေ "
ဗြောလ်သက်ပြင်းတစ်ချက်ချလိုက်သည် ။
" ဂျီဆူးတကယ်ပဲ အဲ့လိုအစီအစဉ်
မရှိဘဲ ခရီးပတ်သွားလိမ့်မယ်လို့ နင်ထင်လား "ဗြောလ်တော့ အဲ့လိုမထင်ဘူး ။ ဂျီဆူးက
အကြောက်အလန့်မရှိ တဇွတ်ထိုးနိုင်ပြီး
ဆိုးချင်တိုင်းဆိုးနေတယ့် လူဆိုပေမယ့်
ဒီလို ရေမြေရပ်ခြားခရီးကို ငေါက်ခနဲ
ဘယ်သူမှမတိုင်ပင်ဘဲ တစ်ယောက်တည်း
ထမသွားလောက်ဘူးလို့တော့ထင်တယ် ။
သွားမယ်ဆိုရင်တောင် အဒေါ်ကိုပဲဖြစ်ဖြစ်
ပြောပြီး ပိုက်ဆံတောင်းမှာပဲ မဟုတ်လား ။" မထင်နိုင်စရာအကြောင်းပြချက်
ရှိလို့လား "" ငါကတော့ မထင်ဘူး ။ ကိုးရီးယားနိုင်ငံထဲက
တစ်နေရာကို ရောက်နေတယ်ဆိုရင်တောင်
ငါယုံနိုင်ပေမယ့် ပြည်ပနိုင်ငံကို
ရောက်နေတယ်ဆိုတာကိုတော့ ငါမယုံဘူး ။
ပြီးတော့ ငါ ဂျီဆူးကိုသိတယ် ၊ သူငါ့ကို
အသိမပေးဘဲ အဲ့လို လုပ်မှာ
မဟုတ်ဘူး "ဆူးလ်ဂီကရယ်ချတာမို့
ဗြောလ်မျက်မှောင်ကြုံ့သွားသည် ။
ဒီလိုလူမျိူးကို ဂျီဆူးကိစ္စကြောင့်သာ
မဟုတ်ရင် တွေ့မှာမဟုတ်ဘူး ။
