After U [12]

811 82 23
                                    

Unicode


မြို့တော်ဆိုးလ်ရဲ့ ဆိပ်ကမ်းသို့
ရောက်ပြီး တိုကျိုသို့သွားမည့်
သဘော်ပေါ် မတက်မီ ပြဇာတ်အဖွဲ့တွေရဲ့
ပစ္စည်းတွေချနေတုန်း ဒီယိုလ်က
ဘေးနားကနေ ကြီးကြပ်ပေးတုန်း
သူဌေးမဟာ ကားနားသို့ရောက်လာခဲ့သည် ။

ကင်မ်ဂျီဆူးဟာတော့
ခပ်လှမ်းလှမ်းတစ်နေရာကနေ
ဒီယိုလ်တို့ကို လှမ်းကြည့်နေတာ
မြင်ရသည် ။

သူဌေးမဟာ ဒီယိုလ် အနားရောက်လာပြီးမှ
အနောက်က ကင်မ်ဂျီဆူးကို
လှည့်၍ ပြုံးပြတယ် ။ ပြီးမှ ဒီယိုလ်ဘက်
လှည့်လာပြီး

" ဒီပွဲကို ဆိုးလ်မြို့တော်ဝန်မတက်တာ
သေချာတယ်နော် ဒီယိုလ် ? "

ဒီယိုလ် ခေါင်းငြိမ့်ပြလိုက်သည်။ 

" သေချာပါတယ် သူဌေးမ ။ အိမ်တော်ကို
အနောက်တိုင်းက ဗိုလ်မှူးတွေ လာရောက်
လည်ပတ်ဖို့ ရောက်နေကြတာမို့ မြို့တော်ဝန်
တိုကျိုကို လာနိုင်မှာမဟုတ်ပါဘူး "

သူဌေးမက သူ့စကားကို
အသိအမှတ်ပြုရုံ ခေါင်းအသာညိမ့်ပြီး
နေရာက ထွက်သွားသည် ။ ပြီးတော့
ခပ်လှမ်းလှမ်းနေရာမှာ ရှိနေတယ့်
ကင်မ်ဂျီဆူးဆီသွားပြီး ပွေ့ဖက်လိုက်တာကို
မြင်တယ့် အခါ ဒီယိုလ်
သူ့ကိုယ်သူပင် သတိမထားမိလိုက်ဘဲ
ပြုံးမိသွားသည် ။

သူဌေးမဟာလည်း
ဒီလိုပျော်ရွှင်မှုမျိူးနဲ့ထိုက်တန်ပါတယ်လို့
ဒီယိုလ် တွေးမိတယ် ။

ဒီယိုလ်ဟာ သူဌေးမကို
ငယ်ငယ်လေးထဲက ဘေးနား‌ကနေ
စောက်ရှောက်ခဲ့ရတယ့် လူပါ ။

သူဌေးမ ဘယ်လိုအရာတွေ
ကျော်ဖြတ်ခဲ့ရသလဲ ၊ ဘယ်လိုနေထိုင်ခဲ့ရသလဲ
ဆိုတာ ဒီယိုလ်သိသည် ။ တစ်ချိန်လုံး
ဒီယိုလ်ဟာ သူဌေးမရဲ့ ဘေးနားမှာ
ရှိနေခဲ့တာလေ ။

သူဌေးမနဲ့ ဒီယိုလ်ရဲ့
တွေ့ဆုံမှုဟာ ဒီယိုလ်ရဲ့စိတ်ထဲမှာ
တစ်ခါမှ မေ့မဖျောက်နိုင်ခဲ့တယ့်
အခိုက်အတန့်တစ်ခုပင် ဖြစ်သည်။ 

1959 ခုနှစ် ။

သစ်သားတုတ်ချောင်းတွေ
ကိုယ်စီဆွဲထားတယ့် ကောင်လေးတွေရဲ့
အလယ်ဟာ သွေး‌အလိမ်းလိမ်းနဲ့ ဖြစ်နေတယ့်
ညစ်ပေနေတယ့် ကောင်လေးတစ်ဦး ။

After U Where stories live. Discover now