Unicode
ဦလေးတို့က ဂျီဆူးကို
ဒီအတိုင်း ခရီးကနေ ပြန်လာတယ်
ထင်ကြတာမလို့ ဘာမှချုပ်ချယ်မှု မှ
မလုပ်ကြပေမယ့် ဗြောလ်ကတော့
တစ်ချိန်လုံးနီးပါး သူ့ဘေးနား
ရှိနေတတ်သည် ။ ဆူးလ်ဂီနဲ့လည်း
မတွေ့ရတာ ရူဘီဆီက ထွက်လာခဲ့တယ့်
နေ့ကတည်းက ဖြစ်သည် ။ဗြောလ်က သူအပြင်သွားရင်လည်း
ဘေးနားက အမြဲလိုက်နေတာမလို့
သူလည်း ဘယ်မှ မသွားတတ် ။
ဗြောလ်ဘေးမှာ မရှိတယ့်အချိန်ဆိုရင်လည်း
လူလွှတ်ထားတာမလို့ ဂျီဆူးမှာ
အိမ်ပြင်တောင် ထွက်ချင်စိတ်ပင်မရှိ ။အခုတော့ ဗြောလ်က အိမ်က
အရေးကြီးလှမ်းခေါ်သည်မို့
မနက်ကတည်းက ပြန်သွားသည် ။
သူ့အဖေရဲ့ကျန်းမာရေးကြောင့်လို့လည်း
အဒေါ်ဆီက ကြားမိသည် ။အခုတလော ဗြောလ်က
အိမ်မပြန်ရုံတမယ် ဒီအိမ်မှာပဲ
အမြဲရှိနေတာမလို့ အဒေါ်တို့ ၊ ဦးလေး
တို့နဲ့တောင် အရင်ထက် ပိုပြီး
ရင်းနှီးလာကြပြီလေ ။လောလောဆယ်
ဂျီဆူးကတော့ တစ်ယောက်တည်း
သွားစရာမရှိ လုပ်စရာမရှိ
ဦးလေးရဲ့ နိုင်ငံခြားဖြစ်
စီးကရက်ဗူးတစ်ခု
ယူပြီး ဖွာနေမိတယ် ။ရူဘီ့ကို စီးကရက် မသောက်တော့ပါဘူးလို့
ကတိပေးထားပေမယ့်
ဘယ်တက်နိုင်ပါ့မလဲ ။ ရူဘီ့ကို
တစ်ယောက်တည်းထားခဲ့ရတော့
စိတ်ဓာတ်ကကျ ၊ သူလုပ်နိုင်တာလည်း
မရှိ ။ သူတစ်ခုခုမဟုတ်တာ
လုပ်မိရင်လည်း ဗြောလ်က ဦးလေးတို့နဲ့
ပြန်တိုင်မှာလို့ သူ့ကို ပြောထားတယ် ။ကုလားထိုင်ပေါ်ထိုင်ရင်း
စီးကရက်ဖွာနေမိတုန်း အပြင်က
တံခါးခေါက်သံကြောင့် လက်ထဲက
စီးကရက်ကို မီးသတ်လိုက်တယ် ။
ပျင်းပျင်းရိရိနဲ့ အခန်းတံခါးကို
ဖွင့်လိုက်တော့ တွေ့ရတာက
အိမ်အကူကောင်မလေးတစ်ယောက် ။ဘာကိစ္စလဲဆိုတယ့် သဘောနဲ့
မှေးငေါ့ပြတော့ ကောင်မလေးက
အောက်ထပ်ကို လက်ညိုးထိုးပြရင်း" မြို့တော်ဝန်ကတော်က
ခဏလာအုံးဆိုပြီး ခေါ်ခိုင်းလိုက်လို့ပါ..."